Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, February 9, 2018

ကလေးငယ်တစ်ဦး ကျေးရွာရှိ အုတ်ရေတွင်းထဲ ပြုတ်ကျခဲ့ရာမှ ရေနစ်သေဆုံး

 ကလေး ပြုတ်ကျတဲ့ ရေတွင်း ။ ဓါတ်ပုံ - ချစ်မော်
၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်နေ့ ည ၁၁ နာရီ ၅၀ မိနစ်အချိန် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ဝမ်းသာကျေးရွာတွင် ကလေးငယ်တစ်ဦး ရေတွင်းထဲပြုတ်ကျရာမှ ရေနစ်သေဆုံး သွားကြောင်း သိရပါသည်။

ရေနစ် သေဆုံးသွားတဲ့ ကလေး။ ဓါတ်ပုံ - ချစ်မော်
ဟံဇားနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူမှာ အဆိုပါကျေးရွာနေ မဝင်းပပလှိုင်(ခ)မသိုင်းသိုင်း(၁၀)နှစ် ဖြစ်ပြီး ကျေးရွာအနောက်ဘက် အုတ်ခုံအမြင့်(၂)ပေ၊ အကျယ်(၅)ပေ၊ ရေအနက်(၁၀)ပေခန့်ရှိ အုတ်ရေတွင်းထဲသို့ ပြုတ်ကျခဲ့ရာမှ ဒဏ်ရာများရရှိကာ ရေနစ်သေဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

 ဟံဇားနယ်မြေရဲစခန်း၌ သေမှုသေခင်းအမှတ်စဉ်(၁/၂၀၁၈)ဖြင့် ရေးဖွင့်စစ်ဆေးလျက်ရှိ ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

သစ်ထူးလွင်

No comments:

Post a Comment