Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, January 2, 2018

ဒါတ်ခ်ျ ကိုက်ခြင်း ဒါတ်ခ်ျ ရောဂါ (Dutch Disease)


သိတဲ့တိုင့်း  ဒါတ်ခ်ျ ရောဂါ (Dutch Disease) လို့  ကနေ့  ခေါ်ဝေါ်ကြတဲ့ဟာက ၁၉၇၀ ပြည့်လွန်နှစ်တွေတုန်းက နယ်သာလန် နိုင်ငံ ကြုံ ရတဲ့အဖြစ်ကို ရည်ညွှန်းတာပါ ။ သဘာဝဓာတ်ငွေ့ ထုတ်ရောင်းခြင်းဟာ တိုင်းပြည့်ရဲ့ အဓိက ဝင်ငွေဖြစ်လာတော့ အခြားသော ကုန်ထုတ်လုပ်ငန်းတွေ ၊ စိုက်ပျိုးရေးကဏ္ဍ အစရှိတာတွေ စွမ်းရည်မဲ့ ၊ ပြိုင်ဆိုင်မှုမဲ့ပြီး နုံနဲ့ လာတယ် ။ ဒါတ်ခ်ျ ငွေ တန်ဖိုးတက်ပြီးရင်းတက်နေတာကြောင့် အခြားသော ပြည်ပထုတ်ကုန် (export ) ကဏ္ဍကို အန္တရာယ်ကျေ၇ာက်စေခဲ့တယ် ။ ဂတ်စ်များများထုတ်ရောင်းလေ ၊ ဂတ်စ်မဟုတ်တဲ့ တခြားသော ပြည်ပထုတ်ကုန် (export)တွေကို များများထိခိုက်လေ ဖြစ်ခဲ့ရတယ် ။ ၉၀ နောက်ပိုင်းမှာ တိုင်းပြည်တော်တော်များများကို ဒါတ်ခ်ျ ကိုက်တာ တွေ့ ရတယ် ။
စစ်အေးလွန်ကာလမှာ အရှေ့ အနောက် (ဆရာမွေး ၊ တပည့်မွေး )ကဏ္ဍ တခန်းရပ်ပြီး အစိုးရတွေရော၊ သူပုန်တွေရော သဘာဝအရင်းအမြစ်တွေကို ပိုမိုမီိှခိုလာကြတယ် ။ ၁၉၉၀ နဲ့  ၂၀၀၀ ကြား ဖြစ်ပွားတဲ့ ပြည်တွင်းစစ် ၁၉ ခုမှာ ၁၃ ခုဟာ သဘာဝအရင်းအမြစ်တွေနဲ့  တိုက်ရိုက် ပါတ်သက်နေတာမျိုးဖြစ်တယ် ။ ပြည်တွင်းစစ် အဖြစ်များဆုံး အာဖရိက နဲ့  အရှေ့ အလယ်ပိုင်းတိုင်းပြည်တွေမှာ စစ်ပွဲတွေကို သဘာဝအရင်းအမြစ် လုပွဲလို့ တောင် ခေါ်နိုင်ပါတယ် ။
ကြုံလို့ ပြောရရင် အဲဒီကာလမှာ မာနယ်ပလော အပါအဝင် ကေအန်ယူ အခြေခံစခန်းတွေု ကို မြန်မာစစ်အစိုးရက မရမက ရှင်းထုတ်ပြီး တနှစ် ဒေါ်လာ သန်း ၂၅၀ ရမယ့် ရတနာ ဓါတ်ငွေ့ ပိုက်လိုင်းကို ထိုင်းဆီကို သွယ်တန်းခဲ့တယ် ။ ဘေးထွက်ဆိုးကျိုးအနေနဲ့  ဒုက္ခသည်စခန်းတွေ ထိုင်းနယ်ထဲမှာ ပေါ်လာတယ် ။ ကျောက်စိမ်းနဲ့  ဓာတ်ငွေ့  အဓိကထွက်တဲ့ ရခိုင်နဲ့ ကချင်ဘက်မှာ လောလော လတ်လတ် ဒုက္ခသည်တွေကို ၂၀၁၀ နောက်ပိုင်းမှာ သိန်းနဲ့ ချီပြီး တွေ့ ရမှာဖြစ်တယ် ။ မြေပုံတခုက သဘာဝသယံဇာတထွက်ရှိရာဒေသတွေကိုပြပြီ နောက်တခုမှာ ဒုက္ခသည်စခန်းတည်နေရာတွေကို ပြထားတယ် ။
AM T


No comments:

Post a Comment