Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, January 9, 2018

တောင်ကြီးတွင် ချယ်ရီပန်းပင် အကိုင်းများ အကြောင်းအမျိုးမျိုးဖြင့် ခုတ်ထွင်ခံနေရ



တောင်ကြီး ၊ ဇန်န၀ါရီ-၈

တောင်ကြီးမြို့ ရှိ ချယ်ရီပန်းပွင့်တဲ့ ကာလဖြစ်တဲ့ ဇန်န၀ါရီ ၊ ဖေဖော်ဝါရီလ တွေမှာ ချယ်ရီပင် အကိုင်းများ အကြောင်းအမျိုးမျိုးနဲ့ ခုတ်ထွင်ခံနေရတယ်လို့ တောင်ကြီးဒေသခံ အချို့ကပြောပါတယ်။

တောင်ကြီးမြို့ ရွှေဘုန်းပွင့်တောင်အတက်လမ်း၊ ရွှေမုဒ်တော တောင်အတက်လမ်းရှိ ချယ်ရီပန်းပင်တွေကို ဘုရားပန်းတင်ရန်၊ ပြန်လည်ရောင်းချရန်နဲ့ အလှဓာတ်ပုံရိုက်ကူးဖို့စတဲ့အကြောင်းအမျိုးမျိုးနဲ့ ခုတ်ထွင်ခံနေရတာဖြစ်တယ်လို့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးစိတ်ဝင်စားသူ တောင်ကြီးဒေသခံ ဦးစိုင်းခမ်းလူ ကပြောပါတယ်။

" ချယ်ရီက ထွက်မယ်မကျန်သေးဘူး၊ အဖူး ၊အငုံပဲရှိသေးတယ် အကြောင်းအမျိုးမျိုးနဲ့ ခုတ်ထွင်ခံနေရတယ် ၊ ဒါမျိုးမဖြစ်သင့်ပါဘူး၊ ချယ်ရီပန်းဆိုတာ သစ်ပင်ပေါ်မှာသာ လှတဲ့ပန်းပါဗျ " လို့ ဦးစိုင်းခမ်းလူ ကပြောပါတယ်။

တောင်ကြီးအခြေစိုက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တစ်ခုဖြစ်တဲ့ ရှင်သန်ကမ္ဘာမြေ အစိမ်းရောင် ကွန်ယက်အဖွဲ့ ဥက္ကဌ ဒေါ်ချယ်ရီကျော်ကလည်း ဖေ့ဘွတ်လူမှု ကွန်ယက်စာမျက်နှာမှာ " တောင်းပန်ပါရစေ..မရက်စက်ပါနဲ့🌸🌸🌸
ခင်မင် လေးစားရပါသော တောင်ကြီးမြို့ကိုချစ်သော
တောင်ကြီးမြို့အလှကို ဖော်ထုတ်ချင်ကြသော သူများရှင့်.....ချယ်ရီပန်း၊အပင်များကိုထိန်းသိမ်းစောင့်ရှောက် ပေးကြဖို့ ရှင်သန်ကမ္ဘာမြေအစိမ်းရောင်ကွန်ယက်နှင့် သဘာဝထိန်းအဖွဲ့များမှ အနူးအညွတ်တောင်းပန်အပ်ပါတယ် " လို့ ဇန်န၀ါရီ ၈ ရက် ညပိုင်းက ရေးသားထားပါတယ်။

ချယ်ရီပန်းပင်တွေ ခုတ်ထွင်ခံနေရတာနဲ့ပတ်သတ်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေမှ ခုတ်ထွင်ခြင်းမရှိစေဖို့ တားမြစ်ပေးရန် လိုလားနေတယ်လို့လည်း တောင်ကြီးဒေသခံအချို့ကပြောပါတယ်။

သတင်း- နန်းဧကရီ ၊ ဓာတ်ပုံခရက်ဒစ်- စိုင်းတစ် - ဖေ့ဘွတ်

ရွှေတြိဂံဒေသသတင်းလွှာ

No comments:

Post a Comment