Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, January 12, 2018

မိတ္ထီလာမြို့တွင် ခင်ပွန်းနှင့်စကားများပြီး ကြိုးဆွဲချသေဆုံးမှုဖြစ်ပွား


မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် ဆင်မီးကျေးရွာမှာ ဇန်နဝါရီ(၁၁)ရက် နေ့လယ်က ကလေး(၃)ယောက်မိခင်တစ်ဦးဟာ ခင်ပွန်းနဲ့ စကားများပြီး ကြိုးဆွဲချ သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ရဲစခန်းမှုခင်းမှတ်တမ်းအရ သိရပါတယ်။

ကလေးသုံးယောက်မိခင်ဟာ အဲဒီနေ့ နေ့လယ်(၁၂)နာရီခွဲခန့်မှာ ခင်ပွန်းဖြစ်သူနဲ့စကားများပြီး နေအိမ်နောက်ခန်းအတွင်းကိုတစ်ဦးတည်းဝင်သွားခဲ့ပြီးနေ့လယ်(၃)နာရီခန့်မှာ အခန်းအတွင်းက" ဒုန်း" ဆိုတဲ့အသံကြားလို့ ဝင်ကြည့်ရာမှာ ထုပ်တန်းမှာကြိုးချည်ပြီး လည်ပင်းကို ကြိုးကွင်းစွပ်လျက် သေဆုံးနေတာ ဖြစ်ပါတယ်။

 အဲဒီအမှုကို ဓမ္မတာအတိုင်းသေဆုံးတာဟုတ်/မဟုတ် စစ်ဆေးဆောင်ရွက်နေပြီးမိတ္ထီလာမြို့အမှတ်(၃)နယ်မြေရဲစခန်းကသေမှုသေခင်းအမှတ်စဉ်(၁/၂၀၁၈)အရဆောင်ရွက်နေတယ်လို့သိရပါတယ်။ ဒီသတင်းကို ဘိုဘို(မလှိုင်)က ပေးပို့တာပါ။

Central News Bureau
https://www.facebook.com/skynetcnb

No comments:

Post a Comment