Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, January 22, 2018

မြန်မာစကားမဟုတ်သောသူမ


မောင်​ခင်​မင်​ (ဓနုဖြူ)

ဤ​ခေါင်းစဉ်​ကို ကြည့်​ပြီး ဘဝင်​မကျသူများက
"ဘာဖြစ်​လို့ "သူမ"က မြန်​မာစကားမဟုတ်​ရမှာလဲ၊
မြန်​မာစကားမို့လို့ စာ​တွေစကား​တွေထဲမှာ "သူမ"
တွေကို မကြာခဏ ဖက်​​နေကြား​နေရတာ​ပေါ့"ဟု
ပြောချင်​ကြမည်​ ထင်​ပါသည်​။ကျွန်​​တော်​ နည်းနည်း
ရှင်းပြပါရ​စေ။
ပြန်​စဉ်းစားကြည့်​ပါ။စာဖက်​သူတို့ ယခု
အသက်​အရွယ်​အထိ ​နေ့တိုင်းပုံမှန်​​ပြော​နေ​သော
စကား​တွေထဲမှာ "သူမ"ဆို​သောစကားကို ဘယ်​နှခါများ ထည့်​​ပြောခဲ့ကြပါသလဲ။(သဘာဝအတိုင်း
ပုံမှန်​​ပြော​သောစကားကို ဆိုလိုပါသည်​။တမင်​​ပြော
သောစကားကို မဆိုလိုပါ။)သာဓကပြပါမည်​။
ခင်​ခင်​ဆို​သော မိန်းက​လေးအ​ကြောင်း ​ပြောကြသည်
ဆိုပါစို့ ။
"ခင်​ခင်​က သူ့မိသားစုမှာ သမီးအကြီးဆုံး​လေ၊
သူ့မိသားစုကို သူပဲလုပ်​​ကျွေး​နေတာ၊သူ့ခဗျာ ခုလို
ရုတ်​တရက်​ ဆုံးသွား​တော့ သနားစရာပါပဲကွယ်​"
"ဟုတ်​တယ်​ ဟို​နေ့က သူ့​မောင်​​လေးကို ​ကျောင်း
လိုက်​ပို့တာ ​တွေ့လိုက်​​သေးတယ်​။သူ့မိဘ​တွေက​တော့
ရင်​ကွဲမှာပဲ"
ဤစကားများကို သဘာဝအတိုင်း ပုံမှန်​​ပြော​သော စကားများအဖြစ်​ နားလည်​ကြပါသည်​။
ဤသို့မ​ပြောဘဲ......
"ဟုတ်​တယ်​ ဟို​နေ့ကပဲ သူမ​မောင်​​လေးကို ​ကျောင်း
လိုက်​ပို့တာ ​တွေ့လိုက်​​သေးတယ်​။သူမမိဘ​တွေက
တော့ ရင်​ကွဲမှာပဲ "ဟု ​ပြောသည်​ဆိုပါစို့။ဘယ်​လို
ဖြစ်​သွားမည်​နည်း။ကြားရသူအဖို့ ရယ်​စရာဖြစ်​သွား
မှာ ​သေချာပါသည်​။တစ်​ခါမှ ပုံမှန်​ထည့်​​ပြော​လေ့မရှိ
သော "သူမ"​တွေ တမင်​ထည့်​​ပြော​သော​ကြောင့်​ဖြစ်
ကြောင်း ထင်​ရှားပါသည်​။ဤသို့​သော မြန်​မာစကား
မျိုး အပြင်​မှာ ဘယ်​သူမှ ​ပြောမည်​မဟုတ်​ပါ။
သို့​သော်​.........
ဤသို့​သော စကားမျိုးကို တီဗွီထုတ်​လွှင့်​ချက်
တွေမှာ မကြာခဏ ကြား​နေရပါသည်​။မော်​ဒယ်
မိန်းက​လေးတစ်​​ယောက်​အ​ကြောင်း ၊နိုင်​ငံခြား
ရုပ်​ရှင်​မင်းသမီးတစ်​​ယောက်​အ​ကြောင်း ​ပြောပြီဆို
လျှင်​ "သူမဟာ......။သူမရဲ့ ဝါသနာက​တော့......၊
သူမကို ချီးကျူးကြတာက"စသည်​ဖြင့်​ "သူမ"​တွေ
အဆက်​မပြတ်​ ပါလာတက်​သည်​။သတင်း​ကြေညာ
ချက်​​တွေမှာ အမျိုးသမီး​ခေါင်​​ဆောင်​​တွေအ​ကြောင်း
ပြောလျှင်​ ​ရေးလျှင်​လည်း "သူမ"​တွေ ပါပါလာတက်
သည်​။
ကျွန်​​တော်​တို့ မြန်​မာစကားမှာ ​ယောက်ျားကို
ဖြစ်​​စေ၊မိန်းမကို ဖြစ်​​စေ "သူ"ဟူ၍သာ မြန်​မာစကား
စ​ပေါ်ကတည်းက အစဉ်​တစိုက်​ ရည်​ညွှန်းခဲ့ပါသည်​။
မြန်​မာစာအ​ရေးအသား ​ပေါ်ပြီး​တော့လည်း ​ရှေးစာ​ပေ
အစဉ်​အဆက်​ ဤသို့ပင်​ သုံးခဲ့ကြပါသည်​။သာဓက
ပြပါဦးမည်​။ကုန်း​ဘောင်​​ခေတ်​စာဆို ဦးတိုးက
"ရာမယကန်​"တွင်​ မိန်းက​လေးတစ်​​ယောက်​၏ အမူအရာ ကို ဤသို့ဖွဲ့ထားပါသည်​။"အပျိုပျံသင်​၊
ရွှေရင်​သိမ်းသစ်​ကယ်​၊သူ့ချစ်​သူ သူ့​မောင်​ပါးမှာ၊
စကားရပ်​ဖွဲ၊ချစ်​စဖွယ်​နွဲ့တဲ့လို့"ဟူ၍ ဖြစ်​သည်​။အပျံ
သင်​စမိန်းက​လေးကို "သူ"ဟုပင်​ ရည်​ညွှန်းပါသည်​။
"သူမချစ်​သည့်​၊သူ့​မောင်​ပါးမှာ"ဟု မဖွဲ့ခဲ့ပါ။
ဆယ်​တန်း​ကျောင်းသားများနှင့်​ ရင်းနှီး​သော
ဦးပုည၏ ဆဒ္ဒန်​ဆင်​မင်းဝတ္ထုတွင်​ ​သောနုတ္တရမုဆိုးက
ဆင်​မင်းကို ​လျှောက်​ထား​သောစကားကို ကြည့်​ပါဦး။
စူဠသုဘဒ္ဒါက"ဆဒ္ဒန်​ဘုန်း​မော်​၊ဆင်​မင်း​ကျော်​၏၊
စွယ်​​တော်​ကို မရလျှင်​၊စိတ်​ချ​ပေ​ရော့ ​သူ​သေပါ​တော့
မည်​ဟု ​ရွှေးနန်း​ကြော့ရှင်​၊သူ့ချစ်​လင်​၏ ရင်​ခွင်​ကြားမှာ
ခေါင်းထား၍အ​သော့ ၊ငိုပါ​တော့သည်​ ဘုရား"တဲ့။
စူဠသုဘဒ္ဒါမိဖုရားကို "သူ"ဟုပင်​ ရည်​ညွှန်းပါသည်​။
ပြီး​တော့ "သူ့မယား ငိုတည့်​လျှင်​၊ဟိုလူကြီးက ပျာယီး
ပျားယာ"ဟူ၍ ဆက်​ဖွဲ့သည်​။ထိုသူက​တော့ ဗာရာဏသီ
မင်းကြီးကိုဆိုလိုပါသည်​။မု​ဆိုးက ဆဒ္ဒန်​ဆင်​မင်း၏
အစွယ်​ကို သွားဖြက်​ပါ​တော့မည်​ဟု ​လျှောက်​ထား
တော့ မိဖုရားကြီး သ​ဘောကျသွားပြီး "​ကျေးဇူးရှင်​မ
သူကိုယ်​တိုင်​ လမ်းပြ၍ ညွှန်​လိုက်​​ကြောင်း"ဖွဲ့သည်​။
ထိုသူက​တော့ စူဠသုဘဒ္ဒါပါ။ယောက်ျား​ရော မိန်းမပါ
"သူဟုပင်​ ရည်​ကျွန်​​ကြောင်း သက်​​သေများ ဖြစ်​ပါ
သည်​။
သို့ဆိုလျှင်​ "သူမက ဘယ်​လို​ပေါ်လာပါသလဲ။
သမိုင်း​ကြောင်းရှိပါသည်​။ကိုလိုနီ​ခေတ်​က ထင်​ရှား​သော ​ဂျေစီနက်​စဖီး(J.C.Nesfield)၏ အင်္ဂလိပ်​သဒ္ဒါ
ကျမ်းကို မြန်​မာဘာသာပြန်​​သော ပညာရှင်​ဆရာကြီးက နာမ်​စားအခန်း​တွင်​ heကို သူဟု မြန်​မာပြန်​ပါသည်
Sheကိုလည်း "သူ"ဟုပင်​ မြန်​မာပြန်​ပါသည်​။သို့​သော်
Sheမှာ မိန်းမကို ရည်​ညွှန်း​ကြောင်း သိသာ​စေရန်
"သူ(မ)"ဟု ​နောက်​က ကွင်းနှင့်​ပြခဲ့သည်​။ထိုသ​ဘောကို
သတိမမူမိသူများက "သူမ"ဟု သုံးရာ၌ ထိုအသုံး​ပေါ်
ပေါက်​လာခြင်းဖြစ်​ပါသည်​။
မြန်​မာစကား၏ သဘာဝအရကြည့်​လျှင်
နာမ်​စားများသုံးရတွင်​ ​ပြောသူကို ရည်​ညွှန်းလျှင်
"သူ"ဟူ၍ သုံး​ကြောင်း​တွေ့ရသည်​။အရင်းခံကြဆုံး
နာမ်းစားများ ဖြစ်​သည်​။မြန်​မာစာ အစကတည်းက
တွေ့ရ​သော နာမ်​စားများဖြစ်​သည်​။"ကျွန်​​တော်​၊ကျွန်​မ
တပည်​​တော်​"စသည့်​ နာမ်းစားများသည်​ ​နောက်​မှ​ပေါ်
လာ​သော နာမ်​စားများဖြစ်​သည်​။"ငါ၊နင်​၊သူ"ဟူ​သော
အရင်းခံနာမ်​စားအားလုံး ​ယောက်ျား​ရော မိန်းမပါ
ရည်​ညွှန်း​ပါလျက်​ "သူ"ကျမှ ​ယောက်ျား​၊မိန်းမခွဲပြီး
"သူမ"ဟု သုံးစရာ ဘာအ​ကြောင်းမှ မရှိပါ။"ခင်​ခင်​က
သူ့မိသားစုမှာ အကြီးဆုံး"ဟု "သူ"သုံး၍​ပြောရုံနှင့်
ခင်​ခင်​သည်​ ​ယောက်ျားကြီး ဖြစ်​မသွားပါ။မိန်းမမှန်း
သိပြီးသား ဖြစ်​ပါသည်​။
မြန်​မာဘာသာစကားကို စနစ်​နကျ​လေ့လာ​သော အ​မေရိကန်​သာသနာပြုဆရာ ဂျပ်​ဆင်​(ဆရာ
ယုဒသန်​)၏ မြန်​မာသဒ္ဒါတွင်​ "he"ကိုလည်း "သူ"၊
Sheကိုလည်း "သူ"ဟုပင်​ ​ဖော်​ပြထားပါသည်​။
နိုင်​ငံခြားသား ပညာရှင်​ကပင်​ sheကို "သူ"ဟု မှန်​မှန်
ကန်​ကန်​ ​ဖော်​ပြပါလျက်​ ကျွန်​​တော်​တို့ မြန်​မာ​တွေက
"သူမ သူမ"နှင့်​ တမ,တည်းမ​နေခြင်းမှာ သင့်​မသင့်
စဉ်းစားကြည့်​နိုင်​ပါသည်​။
သူမကို မြန်​မာစကားမဟုတ်​ဟု ကျွန်​​တော်​ဆိုခဲ့
ပါသည်​။မြန်​မာစကားမှန်​လျှင်​ မြန်​မာသက်​ပုံကျမ်း၊
မြန်​မာအဘိဓာန်​ကျမ်း၊မြန်​မာသဒ္ဒါကျမ်း​တွေမှာ
"သူမ"ပါကို ပါရပါမည်​။မြန်​မာစကား စစ်​စစ်​မဟုတ်
စေကာမူ ဘာသာခြားမှ ​မွေးစားယူ​သော စကားလုံးများကိုလည်း မြန်​မာ့အဘိဓာန်​မှာ ထည့်​ပါသည်​။
ဒါန၊သီလ၊​ကော်​ဖီ၊ကွန်​ပျူတာတို့အထိ ပါပါသည်​။
"သူမ"​တော့ မပါပါ။သို့ဆိုလျှင်​ သူမသည်​ လက်​ခံ
အသုံးပြု​သော ​မွေးစားစကားလည်း မဟုတ်​သည်​မှာ
သေချာပါသည်​။မြန်​မာစကား၏ သဘာဝနှင့်​ဆန်​ကျင်
နေ​သော ခွဲခြားသုံးဖို့ မလိုအပ်​​သော စကားသာ
ဖြစ်​ပါသည်​။
၁၉၆၀ဝန်းကျင်​က ဆရာကြီးဦးရန်​​အောင်​နှင့်
အခြားစာ​ရေးဆရာတစ်​ဦးတို့ ​ငွေတာရီမဂ္ဂဇင်းတွင်
"သူမပြဿနာ"ကို အချီအချ​ဆွေး​နွေးကြသည်​။
"သူမ"ကိုကြိုက်​​သော ထိုစာ​ရေးဆရာက မိမိကိုယ်​မိမိ
တီထွင်​ဆန်းသစ်​မှုကို လက်​ခံသူအဖြစ်​ ​ကြေညာပြီး
ဦးရန်​​အောင်​ကို တရား​သေးဝါဒ ​ရှေးရိုးသမားအဖြစ်
ရည်​ညွှန်​သည်​။"သူမ"မကြိုက်​သူများတွင်​ "​ကျောင်း
ဆရာတစ်​ပိုင်း စာ​ရေးဆရာများ"အထူးသဖြင့်​ ပါဝင်
ကြောင်း ထိုစာ​ရေးဆရာက ဆိုလိုက်​​သေးသည်​။
ဆရာကြီးဦးရန်​​အောင်​က မိန်းမမှန်းသိ​အောင်​"သူမ"ဟု
ခွဲ​ပြောစတမ်းသာဆိုလျှင်​ ​ယောက်ျားမှန်းသိ​အောင်
"သူထီး"ဟု ခွဲ​ပြောရမလို ဖြစ်​​နေ​ကြောင်း၊"ငါထီး-ငါမ
သူထီး-သူမ"ဟုလည်း ခွဲ​ပြောရမလိုဖြစ်​​နေ​ကြောင်း
ဟာသ​နှော​ပြီး ထိထိမိမိ ​ရေးထားသည်​ကို ​တွေ့ရပါ
သည်​။
တစ်​ကယ်​ဖြစ်​​သော ဖြစ်​ရပ်​တစ်​ခါနှင့်
အဆုံးသက်​ပါရ​စေ။စာတမ်းဖက်​ပွဲတစ်​ခုတွင်
သဘာပတိပါ​မောက္ခကြီးတစ်​​ယောက်​က
"လွင်​​မော်​စိုး "ဆို​သော စာတမ်းရှင်​နာမည်​ကိုကြည့်​ပြီး
အမျိုးသမီးဟုထင်​ကာ "သူမရဲ့ စာတမ်းက"ဟု
မိတ်​ဆက်​​ပေးပြီး စာတမ်းဖက်​ဖို့ ဖိတ်​​ခေါ်လိုက်​​သော
အခါ ထိုစာတမ်းရှင်​သည်​ "သူမ"မဟုတ်​​သော
"သူထီး"ကြီး ဖြစ်​​နေသည့်​အတွက်​ ပရိသက်​ပြုံးစရာ
ဖြစ်​သွားရသည့်​ အ​ကြောင်းပါ။

မောင်​ခင်​မင်​(ဓနုဖြူ)
မြန်​မာစာ မြန်​မာစကားဝိုင်း

No comments:

Post a Comment