Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, January 4, 2018

ဟာသ သရုပ္ေဆာင္ ရဲေထြးေအာင္ (ခ)ေအာင္ရဲေထြးအား သတ္သည့္အမႈမွ ျပစ္မႈက်ဴးလြန္သူမ်ားအား ဖမ္းဆီးရမိ


ဟာသ သရုပ္ေဆာင္ ရဲေထြးေအာင္ (ခ)ေအာင္ရဲေထြးအား သတ္သည့္ အမႈမွ ျပစ္မႈက်ဴးလြန္သူမ်ားအား ဖမ္းဆီးရမိ ရန္ကုန္၊ ဇန္နဝါရီ ၄ ရက္ လူမႈကြန္ယက္စာမ်က္နာတြင္ ဟာသ သရုပ္ေဆာင္အျဖစ္ လူသိမ်ား လာသူ ရဲေထြးေအာင္(ခ)ေအာင္ရဲေထြးမွာ ဇန္နဝါရီလ ၁ ရက္ေန႔က The One Entertainment ဝင္း၌ ျပဳလုပ္သည့္ ပါတီပြဲတြင္ ခုိက္ရန္ျဖစ္ ပြားခဲ့ရာ ဒဏ္ရာမ်ားရရွိသျဖင့္ ရန္ကုန္ျပည္သူ႔ေဆးရုံႀကီးတြင္ တက္ေရာက္ ကုသခဲ့ရာမွ ေသဆုံးသြား၍ ျပစ္မႈ က်ဴးလြန္သူမ်ားကုိ ဖမ္းဆီးရမိေရး ရန္ကုန္တုိင္းေဒသႀကီးရဲတပ္ဖြဲ႔က ေဆာင္ရြက္ခဲ့ရာ ျပစ္မႈက်ဴးလြန္သူမ်ား အား ဖမ္းဆီးရမိေၾကာင္း သိရသည္။

 ျဖစ္စဥ္မွာ ဇန္နဝါရီလ ၁ ရက္ေန႔ နံနက္ ၆ နာရီ ၃၀ အခ်ိန္တြင္ ရဲေထြးေအာင္ (ခ) ေအာင္ရဲေထြးမွာ ဦးေခါင္းတြင္ ဒဏ္ရာမ်ားရရွိကာ ရန္ကုန္ျပည္သူ႔ေဆးရုံႀကီးတြင္ အတြင္းလူနာျဖစ္ တက္ေရာက္ကုသေန ေၾကာင္း ၊ သူငယ္ခ်င္းျဖစ္သူ မပြင့္ေကခုိင္ (ခ) ပုိးပုိး၏ ေျပာျပခ်က္အရ နံနက္ ၄ နာရီအခ်ိန္က ၎ႏွင့္အတူ သဃၤန္းကၽြန္းၿမိဳ႕နယ္၊ သုဝဏၰရွိ The One Entertainment ဝင္းသုိ႔ေရာက္ရွိစဥ္ ယခင္က ရဲေထြးေအာင္(ခ) ေအာင္ရဲေထြးႏွင့္ ခုိက္ရနျ္ဖစ္ခဲ့ဖူးေသာ အမည္မသိအမ်ိဳးသားႏွင့္အေပါင္း အပါမ်ားက ဝုိင္းဝန္းထုိးႀကိတ္ခဲ့ၾက 
သျဖင့္ ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္းသိရၿပီး အစ္ကုိျဖစ္သူ ဦးသန္႔ဇင္ဦးက တရားလုိျပဳလုပ္တုိင္တန္းခဲ့ရာ သုဝဏၰ နယ္ေျမရဲစခန္း (ပ) ၅/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္ ၃၂၅/၁၁၄ ျဖင့္ အမႈဖြင့္ ေဆာင္ရြက္ခဲ့ရာမွ ဇန္နဝါရီလ ၂ ရက္ေန႔ ၂ နာရီ ၃၅ အခ်ိန္တြင္ ရဲေထြးေအာင္ (ခ) ေအာင္ရဲေထြးမွာ ေသဆုံးသြားသျဖင့္ ရာဇသတ္ႀကီး 
ပုဒ္မ ၃၀၂/၁၁၄ ျဖင့္ ေျပာင္းလဲစစ္ေဆးေဆာင္ရြက္ခဲ့ပါသည္။ 

အမႈမွ ျပစ္မႈက်ဴးလြန္သူမ်ားအား ဖမ္းဆီးရမိေရး ရန္ကုန္တုိင္းေဒသႀကီး ရဲတပ္ဖြဲ႔မွ ရဲတပ္ဖြဲ႔ဝင္မ်ားက စုံစမ္း ေဆာင္ရြက္ခဲ့ရာ ျပစ္မႈက်ဴးလြန္သူမ်ားမွာ သန္းထြဋ္ေအာင္(ခ)သားႀကီးပါဝင္ေၾကာင္းသိရသျဖင့္ ဖမ္းဆီးရမိေရး ေဆာင္ရြက္စဥ္ ၎၏ မိဘမ်ားအား ဆက္သြယ္စည္းရုံးေဆာင္ရြက္ခဲ့ရာ ၃.၁.၂၀၁၈ ရက္ေန႔ ေန႔လယ္ ၁ နာရီ အခ်ိ္န္တြင္ သန္းထြဋ္ေအာင္(ခ) သားႀကီး (၂၆)နွစ္၏ ဖခင္ျဖစ္သူမွ သုဝဏၰနယ္ေျမရဲစခန္းသို႔ လာေရာက္ ပုိ႔အပ္သျဖင့္ အမႈျဖင့္ဖမ္းဆီးခဲ့ပါသည္။

 ျပစ္မႈက်ဴးလြန္သူ သန္းထြဋ္ေအာင္(ခ)သားႀကီး၏ ထြက္ဆုိခ်က္အရ ျပစ္မႈက်ဴးလြန္ရာတြင္ ကမာရြတ္ၿမိဳ႕နယ္၊ လွည္းတန္းေန ျပည့္ၿဖိဳးေအာင္(ခ)ေအာင္ေလး ႏွင့္ သဃၤန္းကၽြန္းၿမိဳ႕နယ္ေန ေက်ာ္ေဇာ္ဟန္(ခ) ေက်ာ္ေဇာ္တုိ႔ အတူပါဝင္ခဲ့ေၾကာင္း ၊ ၎တုိ႔ (၃)ဦးမွာ ဇန္နဝါရီလ ၁ ရက္ေန႔နံနက္ ၃ နာရီအခ်ိန္ခန္႕က The One Entertainment ဝင္းတြင္ ျပဳလုပ္ေသာ The Space ပါတီပြဲသုိ႕ ေရာက္ရွိစဥ္ VVIP စင္ေပၚ၌ ကခုန္ေနသည့္ အမ်ိဳးသားမွာ ယခင္ကခုိက္ရန္ ျဖစ္ခဲ့ဖူးသူတစ္ဦးျဖစ္ေၾကာင္းသိရၿပီး ေဒါသျဖစ္ကာ စင္ေပၚသုိ႔တက္၍ ၎ တုိ႔သုံးဦးမွ ဝုိင္းဝန္းထုိးႀကိတ္ေျခေထာက္ျဖင့္ ကန္ေၾကာက္ခဲ့သျဖင့္ အဆုိပါအမ်ိဳးသားမွာ လဲက်သြားေၾကာင္း ထြက္ဆုိခဲ့ပါသည္။ ထြက္ဆုိခ်က္အရ ျပစ္မႈက်ဴးလြန္ရာတြင္ အတူပါဝင္သူ ျပည့္ၿဖိဳးေအာင္ (ခ)ေအာင္ေလး (၂၆) နွစ္၊ (၅)ရပ္ကြက္၊ ကမာရြတ္ၿမိဳ႕နယ္ေနသူအား မိခင္ျဖစ္သူမွ ၃.၁.၂၀၁၈ရက္ေန႔ ၂၀၃၅ အခ်ိန္တြင္လည္းေကာင္း၊ ေက်ာ္ေဇာဟန္(ခ)ေက်ာ္ေဇာ၊ (၂၈)ႏွစ္၊ ငမိုးရိပ္ကြက္၊ သဃၤန္းၿမိဳ႕နယ္ေနသူ အား ၎၏မိဘမ်ားမွ ၄.၁.၂၀၁၈ ရက္ေန႔ နံနက္ ၁၀နာရီခဲြအခ်ိန္တြင္ လာေရာက္ပို႔အပ္သျဖင့္ အမႈျဖင့္ဖမ္းဆီးၿပီး စစ္ေဆးလ်က္ရွိေၾကာင္း သတင္းရရွိသည္။
Yangon Police


(Unicode) ဟာသ သရုပ်ဆောင် ရဲထွေးအောင် (ခ)အောင်ရဲထွေးအား သတ်သည့် အမှုမှ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရန်ကုန်၊ ဇန်နဝါရီ ၄ ရက်လူမှုကွန်ယက်စာမျက်နာတွင် ဟာသ သရုပ်ဆောင်အဖြစ် လူသိများ လာသူ ရဲထွေးအောင်(ခ)အောင်ရဲထွေးမှာ ဇန်နဝါရီလ ၁ ရက်နေ့က The One Entertainment ဝင်း၌ ပြုလုပ်သည့် ပါတီပွဲတွင် ခိုက်ရန်ဖြစ် ပွားခဲ့ရာ ဒဏ်ရာများရရှိသဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက် ကုသခဲ့ရာမှ သေဆုံးသွား၍ ပြစ်မှု ကျူးလွန်သူများကို ဖမ်းဆီးရမိရေး ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်သူများ အား ဖမ်းဆီးရမိကြောင်း သိရသည်။ဖြစ်စဉ်မှာ ဇန်နဝါရီလ ၁ ရက်နေ့ နံနက် ၆ နာရီ ၃၀ အချိန်တွင် ရဲထွေးအောင် (ခ) အောင်ရဲထွေးမှာ ဦးခေါင်းတွင် ဒဏ်ရာများရရှိကာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာဖြစ် တက်ရောက်ကုသနေ ကြောင်း ၊ သူငယ်ချင်းဖြစ်သူ မပွင့်ကေခိုင် (ခ) ပိုးပိုး၏ ပြောပြချက်အရ နံနက် ၄ နာရီအချိန်က ၎င်းနှင့်အတူ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏရှိ The One Entertainment ဝင်းသို့ရောက်ရှိစဉ် ယခင်က ရဲထွေးအောင်(ခ) အောင်ရဲထွေးနှင့် ခိုက်ရနြ်ဖစ်ခဲ့ဖူးသော အမည်မသိအမျိုးသားနှင့်အပေါင်း အပါများက ဝိုင်းဝန်းထိုးကြိတ်ခဲ့ကြ သဖြင့် ဒဏ်ရာများရရှိခဲ့ကြောင်းသိရပြီး အစ်ကိုဖြစ်သူ ဦးသန့်ဇင်ဦးက တရားလိုပြုလုပ်တိုင်တန်းခဲ့ရာ သုဝဏ္ဏ နယ်မြေရဲစခန်း (ပ) ၅/၂၀၁၈၊ ရာဇသတ်ကြီးပုဒ် ၃၂၅/၁၁၄ ဖြင့် အမှုဖွင့် ဆောင်ရွက်ခဲ့ရာမှ ဇန်နဝါရီလ ၂ ရက်နေ့ ၂ နာရီ ၃၅ အချိန်တွင် ရဲထွေးအောင် (ခ) အောင်ရဲထွေးမှာ သေဆုံးသွားသဖြင့် ရာဇသတ်ကြီး ပုဒ်မ ၃၀၂/၁၁၄ ဖြင့် ပြောင်းလဲစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။အမှုမှ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေး ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များက စုံစမ်း ဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်သူများမှာ သန်းထွဋ်အောင်(ခ)သားကြီးပါဝင်ကြောင်းသိရသဖြင့် ဖမ်းဆီးရမိရေး ဆောင်ရွက်စဉ် ၎င်း၏ မိဘများအား ဆက်သွယ်စည်းရုံးဆောင်ရွက်ခဲ့ရာ ၃.၁.၂၀၁၈ ရက်နေ့ နေ့လယ် ၁ နာရီ အချိ်န်တွင် သန်းထွဋ်အောင်(ခ) သားကြီး (၂၆)နှစ်၏ ဖခင်ဖြစ်သူမှ သုဝဏ္ဏနယ်မြေရဲစခန်းသို့ လာရောက် ပို့အပ်သဖြင့် အမှုဖြင့်ဖမ်းဆီးခဲ့ပါသည်။ပြစ်မှုကျူးလွန်သူ သန်းထွဋ်အောင်(ခ)သားကြီး၏ ထွက်ဆိုချက်အရ ပြစ်မှုကျူးလွန်ရာတွင် ကမာရွတ်မြို့နယ်၊ လှည်းတန်းနေ ပြည့်ဖြိုးအောင်(ခ)အောင်လေး နှင့် သင်္ဃန်းကျွန်းမြို့နယ်နေ ကျော်ဇော်ဟန်(ခ) ကျော်ဇော်တို့ အတူပါဝင်ခဲ့ကြောင်း ၊ ၎င်းတို့ (၃)ဦးမှာ ဇန်နဝါရီလ ၁ ရက်နေ့နံနက် ၃ နာရီအချိန်ခန့်က The One Entertainment ဝင်းတွင် ပြုလုပ်သော The Space ပါတီပွဲသို့ ရောက်ရှိစဉ် VVIP စင်ပေါ်၌ ကခုန်နေသည့် အမျိုးသားမှာ ယခင်ကခိုက်ရန် ဖြစ်ခဲ့ဖူးသူတစ်ဦးဖြစ်ကြောင်းသိရပြီး ဒေါသဖြစ်ကာ စင်ပေါ်သို့တက်၍ ၎င်း တို့သုံးဦးမှ ဝိုင်းဝန်းထိုးကြိတ်ခြေထောက်ဖြင့် ကန်ကြောက်ခဲ့သဖြင့် အဆိုပါအမျိုးသားမှာ လဲကျသွားကြောင်း ထွက်ဆိုခဲ့ပါသည်။ထွက်ဆိုချက်အရ ပြစ်မှုကျူးလွန်ရာတွင် အတူပါဝင်သူ ပြည့်ဖြိုးအောင် (ခ)အောင်လေး (၂၆) နှစ်၊ (၅)ရပ်ကွက်၊ ကမာရွတ်မြို့နယ်နေသူအား မိခင်ဖြစ်သူမှ ၃.၁.၂၀၁၈ရက်နေ့ ၂၀၃၅ အချိန်တွင်လည်းကောင်း၊ ကျော်ဇောဟန်(ခ)ကျော်ဇော၊ (၂၈)နှစ်၊ ငမိုးရိပ်ကွက်၊ သင်္ဃန်းမြို့နယ်နေသူ အား ၎င်း၏မိဘများမှ ၄.၁.၂၀၁၈ ရက်နေ့ နံနက် ၁၀နာရီခွဲအချိန်တွင် လာရောက်ပို့အပ်သဖြင့် အမှုဖြင့်ဖမ်းဆီးပြီး စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
Yangon Police

No comments:

Post a Comment