Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, January 1, 2018

အေၾကာညပ္ေရာဂါ သက္သာေပ်ာက္ကင္းေစဘို႔

 အေၾကာညပ္ေရာဂါသည္ ကိုယ္ခႏၶာ၏ ေအာက္ပိုင္း ခါး ေပါင္ ႏွင္႔ ေျခသလုံး တို႔တြင္ခံစားရေလ႔ရွိပါသည္။ အေၾကာညပ္ေရာဂါသည္ အလြန္ခံရခက္သည္။ ၂၄နာရီပါတ္လုံးခံစားေနရသည္ေတာ႔မဟုတ္ပါ အေၾကာက အညပ္ခံရလိုက္ ျပန္လြတ္သြားလိုက္ျဖစ္ဟန္ရွိပါသည္။ အေၾကာညပ္ေဝဒနာ ခံစားေနရခ်ိန္တြင္အေနခံခက္လွသျဖင္႔ စိတ္ဓာတ္ပင္က်ခ်င္လာတတ္သည္။

အေၾကာညပ္ေဝဒနာ မသက္မသာဒုကၡခံစားေနရရာက အေၾကာညပ္ျခင္းမွ ျပန္လြတ္သြားေသာအခါ ခံစားရေသာသုခသည္ အလြန္ပင္တန္ဘိုးရွိေၾကာင္း ခံစားသိရွိမိေတာ႔သည္။ (ဒါ႕ေၾကာင္႔ပင္ က်န္းမာျခင္းသည္လာဘ္တစ္ပါးဟုဆိုၾကရပါသည္)

ယခုဆက္လက္၍ က်ြန္ေတာ္ကိုယ္တိုင္ခံစားခဲ႔ရေသာ အေၾကာညပ္ေဝဒနာ သက္သာေပ်ာက္ကင္းခဲ႔ရပုံကို ကုသိုလ္ျပဳပါမည္။ တစ္ခုေတာ႔ေျပာလိုသည္ လြယ္လြန္းၿပီး ေငြမကုန္ရသျဖင္႔ တန္ဘိုးမရွိထင္ကာ တန္ဘိုးမသိျဖစ္မွာေတာ႔ စိုးရိမ္မိသည္။

လက္ေတြ႕ေပ်ာက္ကင္းခဲ႔ေသာေလ႔ကၽင္႔နည္း –

လိုအပ္ေသာပစၥည္းမွာ တစ္ကိုက္( ၂ ေတာင္)ခန္႔ရိွေသာ ႀကိဳးတစ္ေခ်ာင္းမ်ွသာျဖစ္ပါသည္ ပီနံႀကိဳး(ပလပ္စတစ္ႀကိဳး)ျဖင္႔လည္း ရပါသည္။

၁။ – ။ ၄င္းႀကိဳးကို ပုံတြင္ျပထားသည့္အတိုင္း အျဖားနွစ္ဖက္ဆက္ခ်ည္၍ ႀကိဳးကြင္းလုပ္လိုက္ပါ –

၂။ – ။ ေမႊ႕ယာအထူအခင္းမပါေသာ ခုတင္ေပၚတြင္ ပက္လက္အိတ္ပါ –

၃။ – ။ ေျခနွက္ဖက္ကို ပုံတြင္ျပထားသည့္အတိုင္းကားထားပါ(ေျခဖဝါးအဖ်ားပိုင္းသည္ အျပင္ဘက္ကိုလဲ၍ေနတတ္ပါသည္) –




၄။ – ။ ထိုသို႔မျဖစ္ေစရန္ ပုံတြင္ျပထားသည့္အတိုင္း ေျခဖ်ားပိုင္းနွစ္ဖက္ကို ႀကိဳးကြင္းျဖင္႔သိုင္းထားရပါသည္(ေျခရင္းဘက္မွၾကည္႔လ်ွင္ ပုံျပပါအပါအတိုင္း ေျခဖဝါးနွစ္ဖက္ မတ္မတ္ေထာင္ေနပါေစ)

၅။ – ။ ေဘးဘက္မွၾကည့္လ်ွင္လည္း ပုံျပပါအတိုင္း ေျခဖဝါးနွစ္ဖက္ မတ္မတ္ေထာင္ေနပါေစ။

၆။ – ။ ထိုသို႔ေနရသည္မွာ အေလ႔အက်င္႔မရေသးက အနည္းငယ္အခံခက္ပါသည္(ႀကိဳးစား၍ေလ႔က်င္႔ပါ)

၇။ – ။ ထိုအေနအထားအတိုင္း ၂ နာရီခန္႔ေနလိုက္ပါက ညပ္ေနေသာ ခါးေၾကာ ေပါင္ေၾကာမ်ား အညပ္လြတ္ခါ အေၾကာညပ္ေဝဒနာ သက္သာလာသည္ကို လက္ေတြ႕ခံစားရပါသည္။

၈။ – ။ ထိုအေနအထားအတိုင္း အိတ္ေပ်ာ္သြားၿပီး ၂ နာရီထက္ ပိုၾကာလ်ွင္ ပိုေကာင္းပါသည္(အိတ္ယာမွနိုးလ်ွင္ ခႏၶာကိုယ္ အေပၚပိုင္းမွစ၍ ေဘးဘက္သို႔ ေစာင္းငဲ႔ကာ လႈပ္ရွားလိုက္လ်ွင္
ေတာင္႔တင္းေနေသာ ေျခနွစ္ဖက္လည္း အဆင္ေျပသြားပါသည္

၉။ – ။ ဤကဲ႔သို႔ တစ္ႀကိမ္တစ္ခါ ေအာင္ျမင္ေအာင္ လုပ္ၾကည့္ၿပီးလ်ွင္ ဤေလ႔က်င္႔ခန္း၏ တန္ဘိုးသိရပါလိမ္႔မည္။


၁၀။ – ။ အခါအားေလ်ွာ္စြာ ဆက္လက္ေလ႔က်င္႔ပါက အေၾကာညပ္ေဝဒနာ လုံးဝေပ်ာက္ကင္းနိုင္ပါသည္။

မွတ္ခ်က္-


ဤနည္းကို ခါးညပ္ေဝဒနာ ကိုယ္တိုင္ခံစားခဲ႔ရစဥ္က က်ြန္ေတာ္၏တပည့္(လုပ္ငန္းမန္ေနဂ်ာ)ကိုဖိုးေဇာ္ ေခၚ ကိုေအာင္ေဇာ္မင္း ကေပးပါသည္။

ကိုဖိုးေဇာ္ ကို ေဒါက္တာသန္းစိုးနိုင္(ယခုအထိလူပ်ိဳႀကီး)က ေပးသည္ဟု ေျပာျပသိရွိရပါသည္။

သူတို႔ေျပာစကား မွ ကိုယ္တိုင္လက္ေတြ႕ေလ႔က်င္႔ ေပ်ာက္ကင္းခဲ႔ပါသျဖင္႔ ႀကိဳးစား၍ ေရးသားကုသိုလ္ျပဳပါသည္။

ကိုယ္စိတ္နွစ္ျဖာက်န္းမာခ်မ္းသာၾကပါေစ –

ZG
Credit: ဦးတင္ဝင္း

UNicode



အကြောညပ်ရောဂါသည် ကိုယ်ခန္ဓာ၏ အောက်ပိုင်း ခါး ပေါင် နှင့် ခြေသလုံး တို့တွင်ခံစားရလေ့ရှိပါသည်။ အကြောညပ်ရောဂါသည် အလွန်ခံရခက်သည်။ ၂၄နာရီပါတ်လုံးခံစားနေရသည်တော့မဟုတ်ပါ အကြောက အညပ်ခံရလိုက် ပြန်လွတ်သွားလိုက်ဖြစ်ဟန်ရှိပါသည်။ အကြောညပ်ဝေဒနာ ခံစားနေရချိန်တွင်အနေခံခက်လှသဖြင့် စိတ်ဓာတ်ပင်ကျချင်လာတတ်သည်။

အကြောညပ်ဝေဒနာ မသက်မသာဒုက္ခခံစားနေရရာက အကြောညပ်ခြင်းမှ ပြန်လွတ်သွားသောအခါ ခံစားရသောသုခသည် အလွန်ပင်တန်ဘိုးရှိကြောင်း ခံစားသိရှိမိတော့သည်။ (ဒါ့ကြောင့်ပင် ကျန်းမာခြင်းသည်လာဘ်တစ်ပါးဟုဆိုကြရပါသည်)
ယခုဆက်လက်၍ ကျွန်တော်ကိုယ်တိုင်ခံစားခဲ့ရသော အကြောညပ်ဝေဒနာ သက်သာပျောက်ကင်းခဲ့ရပုံကို ကုသိုလ်ပြုပါမည်။ တစ်ခုတော့ပြောလိုသည် လွယ်လွန်းပြီး ငွေမကုန်ရသဖြင့် တန်ဘိုးမရှိထင်ကာ တန်ဘိုးမသိဖြစ်မှာတော့ စိုးရိမ်မိသည်။

လက်တွေ့ပျောက်ကင်းခဲ့သောလေ့ကျင့်နည်း –
လိုအပ်သောပစ္စည်းမှာ တစ်ကိုက်( ၂ တောင်)ခန့်ရှိသော ကြိုးတစ်ချောင်းမျှသာဖြစ်ပါသည် ပီနံကြိုး(ပလပ်စတစ်ကြိုး)ဖြင့်လည်း ရပါသည်။
၁။ – ။ ၄င်းကြိုးကို ပုံတွင်ပြထားသည့်အတိုင်း အဖြားနှစ်ဖက်ဆက်ချည်၍ ကြိုးကွင်းလုပ်လိုက်ပါ –
၂။ – ။ မွှေ့ယာအထူအခင်းမပါသော ခုတင်ပေါ်တွင် ပက်လက်အိတ်ပါ –
၃။ – ။ ခြေနှက်ဖက်ကို ပုံတွင်ပြထားသည့်အတိုင်းကားထားပါ(ခြေဖဝါးအဖျားပိုင်းသည် အပြင်ဘက်ကိုလဲ၍နေတတ်ပါသည်) –
၄။ – ။ ထိုသို့မဖြစ်စေရန် ပုံတွင်ပြထားသည့်အတိုင်း ခြေဖျားပိုင်းနှစ်ဖက်ကို ကြိုးကွင်းဖြင့်သိုင်းထားရပါသည်(ခြေရင်းဘက်မှကြည့်လျှင် ပုံပြပါအပါအတိုင်း ခြေဖဝါးနှစ်ဖက် မတ်မတ်ထောင်နေပါစေ)
၅။ – ။ ဘေးဘက်မှကြည့်လျှင်လည်း ပုံပြပါအတိုင်း ခြေဖဝါးနှစ်ဖက် မတ်မတ်ထောင်နေပါစေ။
၆။ – ။ ထိုသို့နေရသည်မှာ အလေ့အကျင့်မရသေးက အနည်းငယ်အခံခက်ပါသည်(ကြိုးစား၍လေ့ကျင့်ပါ)
၇။ – ။ ထိုအနေအထားအတိုင်း ၂ နာရီခန့်နေလိုက်ပါက ညပ်နေသော ခါးကြော ပေါင်ကြောများ အညပ်လွတ်ခါ အကြောညပ်ဝေဒနာ သက်သာလာသည်ကို လက်တွေ့ခံစားရပါသည်။

၈။ – ။ ထိုအနေအထားအတိုင်း အိတ်ပျော်သွားပြီး ၂ နာရီထက် ပိုကြာလျှင် ပိုကောင်းပါသည်(အိတ်ယာမှနိုးလျှင် ခန္ဓာကိုယ် အပေါ်ပိုင်းမှစ၍ ဘေးဘက်သို့ စောင်းငဲ့ကာ လှုပ်ရှားလိုက်လျှင်
တောင့်တင်းနေသော ခြေနှစ်ဖက်လည်း အဆင်ပြေသွားပါသည်
၉။ – ။ ဤကဲ့သို့ တစ်ကြိမ်တစ်ခါ အောင်မြင်အောင် လုပ်ကြည့်ပြီးလျှင် ဤလေ့ကျင့်ခန်း၏ တန်ဘိုးသိရပါလိမ့်မည်။

၁၀။ – ။ အခါအားလျှော်စွာ ဆက်လက်လေ့ကျင့်ပါက အကြောညပ်ဝေဒနာ လုံးဝပျောက်ကင်းနိုင်ပါသည်။
မှတ်ချက်-

ဤနည်းကို ခါးညပ်ဝေဒနာ ကိုယ်တိုင်ခံစားခဲ့ရစဉ်က ကျွန်တော်၏တပည့်(လုပ်ငန်းမန်နေဂျာ)ကိုဖိုးဇော် ခေါ် ကိုအောင်ဇော်မင်း ကပေးပါသည်။
ကိုဖိုးဇော် ကို ဒေါက်တာသန်းစိုးနိုင်(ယခုအထိလူပျိုကြီး)က ပေးသည်ဟု ပြောပြသိရှိရပါသည်။
သူတို့ပြောစကား မှ ကိုယ်တိုင်လက်တွေ့လေ့ကျင့် ပျောက်ကင်းခဲ့ပါသဖြင့် ကြိုးစား၍ ရေးသားကုသိုလ်ပြုပါသည်။
ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ –
ZG
Credit: ဦးတင်ဝင်း
UNicode

Category: အေထြေထြက်န္းမာေရးဗဟုသုတ
← ေႏြရာသီမွာ မရွိမျဖစ္လုိအပ္တဲ့ ဆံေကသာ ကာကြယ္ထိန္းသိမ္းနည္း -
ဖရဲသီးကေပးတဲ႔က်န္းမာေရး →
Categories

    Uncategorized
    ကင္ဆာေရာဂါ ႏွင့္ဗဟုသုတမ်ား
    ကိုယ္ဝန္ ႏွင့္ ဗဟုသုတမ်ား
    ခရီးသြား
    ခါးနာေရာဂါ
    စိတ္က်န္းမာေရးႏွင့္ဗဟုသုတမ်ား
    စီးပြါးေရး
    ဆံသားျပႆနာ
    ဆီးခ်ိဳေရာဂါ ႏွင့္ ဗဟုသုတမ်ား
    ဆီးေရာဂါ
    တဦးခ်င္းဆိုင္ရာ
    ဓမၼ
    နည္းပညာ
    နား ႏွာေခါင္း လည္ေခ်ာင္း
    ပညာေပးစာတိုေပစမ်ား
    ပညာေရး
    ပန္းနာရင္က်ပ္ေရာဂါ ႏွင့္ ဗဟုသုတမ်ား
    ဗဟုသုတ
    ဗိုက္ခ်ပ္နည္း
    ဘာသာေရး
    မ်က္စိက်န္းမာေရး
    ရုပ္ရွင္
    လူမႉ႕အဖြဲ.အစည္း
    ဝိတ္ခ်နည္းမ်ား
    သစ္သီးမ်ား၏ေကာင္းက်ိဳးမ်ား
    သတင္းထူးေလးမ်ား
    သမိုင္း
    သရဲ
    သားအိမ္ေရာဂါ
    သြားႏွင့္ ခံတြင္း
    ဟင္းသီးဟင္းရြက္မ်ား ၏ေကာင္းက်ိဳးမ်ား
    ဟာသ
    အစာအိမ္ေရာဂါ
    အစားအေသာက္
    အဆစ္အျမစ္ေရာင္ေရာဂါႏွင့္ ဗဟုသုတမ်ား
    အမ်ိဳးသမီးေရာဂါ
    အမ်ိဳးသားတို႕က်န္းမာေရး
    အလုပ္အကိုင္
    အလွအပ
    အသည္းႏွင့္ဗဟုသုတ
    အေထြေထြက်န္းမာေရးဗဟုသုတ
    အေရျပား
    အေအးမိတုပ္ေကြး
    အျခားဖတ္စရာမ်ား
    အျခားအရာမ်ား
    အ႐ိုးေရာဂါ ႏွင့္ ဗဟုသုတမ်ား
    ဦးေႏွာက္ႏွင့္ဗဟုသုတ
    ေက်ာက္ကပ္ေရာဂါ ႏွင့္ ဗဟုသုတမ်ား
    ေက်ာ္ၾကားသူမ်ား
    ေဆးဖက္ဝင္အပင္မ်ား
    ေဗဒင္
    ေလျဖတ္ျခင္းႏွင့္ဗဟုသုတမ်ား
    ေသြးတိုးေရာဂါ ႏွင့္ဗဟုသုတ
    ေသြးအားနည္းေရာဂါ
    ႏွလုံးေရာဂါ/ ကာကြယ္နည္းမ်ား

Copyright © 2018 · All Rights Reserved ·

No comments:

Post a Comment