CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Wednesday, December 27, 2017
YE 7စားသောက်ဆိုင်အတွင်း ဖြစ်ပွားသည့် လူသတ်မှုတရားခံများ ဖမ်းဆီးမိ
မိတ္ထီလာ ဒီဇင်ဘာ ၂၇
မိတ္ထီလာမြို့ ပြည်သာယာရပ်ကွက် ရန်ကုန်-မန္တလေးကားလမ်းဘေးရှိ YE 7 စားသောက်ဆိုင်အတွင်း သန်းနိုင်ဦး(ခ)မုန့်ဖတ်(၂၉)နှစ်အား ဒီဇင်ဘာလ ၂၆ ရက်နေ့ နံနက် ၁နာရီ ၃၀ မိနစ်အချိန်က အမည်မသိသူ (၂)ဦးမှ ဓားဖြင့် ဝင်ရောက်ထိုးပြီး ထွက်ပြေးတိမ်းရှောင်သွားသည့်အမှုမှ လူသတ်တရားခံများ ဖမ်းဆီးမိကြောင်း သိရပါသည်။
ဓားထိုးခံရသူမှာ ရရှိသော ဒဏ်ရာဖြင့် ပြည်သူ့ဆေးရုံတွင် ဆေးကုသခံယူစဉ် သေဆုံးသွားခဲ့သဖြင့် အမှုဖွင့် စစ်ဆေးခဲ့ပြီး ထွက်ပြေးတိမ်းရှောင်နေသူတရားခံများ အမြန်ဖမ်းဆီးရမိရေး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမိုးညွှန့်ထွန်း၏ ဦးဆောင်ကြီးကြပ်မှုဖြင့် အမှတ်(၃)နယ်မြေရဲစခန်းမှ ရဲအုပ်ဇော်လွင်နှင့် တပ်ဖွဲ့ဝင်တို့မှ တိမ်းရှောင်နေသူတရားခံနှစ်ဦးအား စုံစမ်းသတင်းရယူဖော်ထုတ်ခဲ့ရာ အခင်းဖြစ်ပွားပြီး (၁၀)နာရီခန့်အကြာ၌ ဖမ်းဆီးမိခြင်း ဖြစ်သည်။
အမှုမှ တိမ်ရှောင်နေသူတရားခံ ထွန်းလင်း (၂၃)နှစ် မွေးနယ်မြေ(၁၃)ရန်မျိုးအောင်ရပ်ကွက်အား ဖမ်းဆီးရမိပြီး ကျန်ရှိတရားခံဖြစ်သူစောဌေးဦး(၄၄)နှစ် နယ်မြေ(၁၂) ရန်မျိုးအောင်ရပ်ကွက် မိတ္ထီလာမြို့နေသူအား ထပ်မံဖမ်းဆီးရမိခဲ့ပြီး အမှုမှ တရားခံထွန်းလင်းနှင့်စောဌေးဦးတို့မှ အခင်းဖြစ်စဉ် ကိုင်ဆောင်သည့် အရိုးအသွား(၃၄)လက်မရှိ ငှက်ကြီးတောင် ဓား(၁)ချောင်း၊ အရိုးအသွား (၂၀)လက်မရှိသံဓားရိုးတပ် ငှက်ကြီးတောင်ဓား (၁)ချောင်းနှင့် (၉)လက်မ ခန့်ရှိသုံးဆစ်ချိုးသံတုတ်(၁)ချောင်းတို့ကို သက်သေခံပစ္စည်းများအဖြစ် သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။
ဖြစ်ပွားရသည့် အကြောင်းအရင်းမှာ သေဆုံးသူသန်းနိုင်ဦး(ခ)မုန့်ဖတ်အား တရားခံထွန်းလင်းနှင့် စောဌေးဦးတို့မှ ပထမအကြိမ်ရန်ဖြစ်စကား များကြပြီး နောက်တရားခံထွန်းလင်းနှင့်စောဌေးဦးတို့မှနေအိမ်သို့ပြန်၍ ဓားတစ်ယောက် တစ်ချောင်းစီး ယူဆောင်ကာ သေဆုံးသူအား ပြည်သာယာ ရပ်ကွက်အတွင်းလှည့်လည်ရှာဖွေစဉ် YE7စားသောက်ဆိုင်ရှေ့တွင် တွေ့ရှိခဲ့ရ၍ တရားခံထွန်းလင်းမှ ဓားဖြင့် လိုက်၍ ခုတ်စဉ် ဆိုင်အတွင်း ကောင်တာရှေ့အထိ ထွက်ပြေးသွားခဲ့ရာတရားခံစောဌေးဦးမှ နောက်မှဆိုင်အတွင်း လိုက်ဝင်လာပြီး ၎င်းတို့နှစ်ဦးအား ဖြန်ဖြေ ပေးသယောင်နှင့် သေဆုံးသူ၏ ဝဲဘက်ရင်အုံအား အသင့်ယူလာသော ငှက်ကြီးတောင်ဓားဖြင့် (၁)ချက်ထိုးသွင်းခဲ့ကြောင်းသိရသည်၊
သိန်းမြင့်ကျော်(မိတ္ထီလာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
YE 7စားသောက်ဆိုင်အတွင်း ဖြစ်ပွားသည့် လူသတ်မှုတရားခံများ ဖမ်းဆီးမိ
Reviewed by MP4 YoU
on
December 27, 2017
Rating: 5
Reviewed by MP4 YoU
on
December 27, 2017
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment