Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, December 18, 2017

ရဲက လက်ထိပ်ခတ်ခြင်းအကြောင်း

ရဲက လက်ထိပ်ခတ်ခြင်းအကြောင်း
*****************************

            ရဲတွေက လက်ထိပ်ခတ်ချင်တဲ့သူကို ခတ်တယ်၊ မခတ်ချင်တဲ့သူကိုကျတော့ မခတ်ဘူးလို့ လူမှု့ကွန်ယက် စာမျက်နှာတွေမှာ မကြာခဏ တွေ့နေရတော့ ရဲက လက်ထိပ်ခတ်ခြင်း အကြောင်းကို အများပြည်သူ သိရှိ ဗဟုသုတ ရရှိစေခြင်းငှါ ဒီ Post ကို ရေးသားရခြင်း ဖြစ်ပါတယ်။ 

ရဲက လက်ထိပ်ခတ် သူများ
&&&&&&&&&&&&&&&&

၁။       အာမခံ ပေးခွင့်ရသော ပြစ်မှုကို ကျူးလွန်၍ ရဲတပ်ဖွဲ့ဝင်က ဖမ်းဆီးခြင်း ခံရသောသူ တစ်ယောက်အား ထွက်ပြေးမည့်လက္ခဏာရှိလျှင် သို့မဟုတ် အကြမ်း ဖက်မည့် လက္ခဏာ ရှိလျှင် လက်ထိတ်ခတ်ရမည်။

၂။       အာမခံပေးခွင့် မရသောပြစ်မှုကို ကျူးလွန်၍ ဖမ်းဆီးခြင်း ခံရသူ၏ နောက်ကြောင်း ရာဇဝင် ဂုဏ်သိက္ခာ နှင့် အလုပ်အကိုင် တို့ကို ထောက်ထား၍ လွတ်မြောက် ထွက်ပြေးရန် သို့မဟုတ် ကြမ်းတမ်းစွာ ခုခံရန် အားထုတ်မည့် လက္ခဏာ ရှိလျှင် လက်ထိပ် ခတ်ရမည်။ 

၃။         အသက်အရွယ် ကိုသော်လည်းကောင်း၊ မိန့်မသားဖြစ်ခြင်း ကိုသော်လည်းကောင်း၊ မစွမ်း မသန်ဖြစ်ခြင်း ကိုသော်လည်းကောင်း ထောက်ထား သော်လည်း လက်ထိတ်မခတ်ဘဲ လုံခြုံစွာ ထားနိုင်ရန် အကြောင်း မရှိလျှင် ထိုသို့သောသူများကို လက်ထိပ် ခတ်ရမည်။ 

၎။        ကြမ်းတမ်း ခက်ထန်ကြောင်း သတင်းရှိ၍ စိုးရိမ်ရသော အချုပ်သားတစ်ဦးအား အစိုးရဆေးရုံတွင် ဆေးကုသ နေရစဉ် လက်ထိပ် ခတ်၍ ကုတင်တွင် သံကြိုးနှင့် ချည်နှောင် ထားရမည်။ 

၅။       တရားရုံးသို့ ထုတ်ယူသော အမှုစစ်ဆေးဆဲ ရှိနေသည့် တရားခံများသည် ကြမ်းတမ်းစွာ ပြုလိမ့်မည်။ သို့မဟုတ် ထွက်ပြေးရန် အားထုတ်လိမ့်မည်ဟု ယုံကြည်ရန် လုံလောက်သော အကြောင်းရှိလျှင် ၄င်းတို့အား ရုံးသွား ရုံးပြန် လက်ထိပ်ခတ်ရမည်။ 

၆။       မမှန် ဒင်္ဂါး ပြုလုပ်ခြင်းနှင့် စပ်လျဉ်းသည့် ပြစ်မှု ကျူးလွန်သူကို လက်ထိပ်ခတ် ရမည်။

၇။         လူသတ်မှု သို့မဟုတ် ပြစ်ဒဏ်ထိုက်သည့် လူသေမှုနှင့် စပ်လျဉ်းသည့် ပြစ်မှု ကျူးလွန်သူကို လက်ထိပ်ခတ် ရမည်။

၈။         လူသတ်မှု ကျူးလွန်ရန် အားထုတ်မှု သို့မဟုတ် ပြစ်ဒဏ် ထိုက်သည့် လူသေမှု ကျူးလွန်ရန် အားထုတ်မှုနှင့် စပ်လျဉ်းသည့် ပြစ်မှု ကျူးလွန်သူကို လက်ထိပ်ခတ် ရမည်။

၉။          လုယက်မှုနှင့် စပ်လျဉ်းသည့် ပြစ်မှု ကျူးလွန်သူကို လက်ထိပ်ခတ် ရမည်။

၁၀။       ဓါးပြမှုနှင့် စပ်လျဉ်းသည့် ပြစ်မှု ကျူးလွန်သူကို လက်ထိပ်ခတ် ရမည်။

၁၁။         အရေးကြီးသည့် အမှုဟုသတ်မှတ်ထားသော ပြစ်မှုနှင့် စပ်လျဉ်းသည့် ပြစ်မှု ကျူးလွန်သူကို လက်ထိပ်ခတ် ရမည်။

၁၂။           ဖောက်ထွင်းမှုနှင့် စပ်လျဉ်းသည့် ပြစ်မှု ကျူးလွန်သူကို လက်ထိပ်ခတ် ရမည်။

၁၃။         အမြဲ လုယက်တတ်သူ၊ ဖောက်ထွင်းတတ်သူ၊ ခိုးတတ်သူ၊ ခိုးရာပါပစ္စည်း လက်ခံတတ်သူဖြစ်၍ ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၅၅(ဂ)အရ ဖမ်းဆီးခြင်း ခံရသူ၏ ပြစ်မှုနှင့် စပ်လျဉ်းသည့် ပြစ်မှု ကျူးလွန်သူကို လက်ထိပ်ခတ် ရမည်။

၁၄။        စိုးရိမ်ရသော အချုပ်သားများအား လက်နှစ်ဘက် စလုံးကို လက်ထိတ်ခတ်ရမည်။ 

၁၅။       အထက်ပါ အချက်များအရ တရားဥပ​ဒေ အတိုင်း လက်ထိတ်ခတ်ရန် အကြောင်းရှိလျှင် ဖမ်းဆီး ပြီးလျှင်ပြီးချင်း လက်ထိတ်ခတ်ရမည်။ လက်ထိပ်ကို လုံခြုံသော အချုပ်ခန်းထဲကို မရောက်မီ မဖြုတ်ရ။ အချုပ်ခန်းမှ ထုတ်ယူလျှင် မထုတ်မီ လက်ထိတ်ခတ်ရမည်။ 

၁၆။          ပြစ်မှု ကျူးလွန်သူတို့၏ နောက်ကြောင်း ရာဇဝင်နှင့် ၄င်းတို့ ကျူးလွန်သည့် ပြစ်မှု အမျိုးအစားကို ထောက်ထား၍ ကြမ်းတမ်းဆိုးသွမ်းသည်ဟု ယုံကြည်ရ သော အချုပ်သား အားလုံးတို့ကို သံခြေချင်းနှင့် လက်ထိတ်ခတ်ရမည်။ 

၁၇။         အချုပ်သားများသည် တရားရုံး၌ အစစ်ဆေး ခံနေရသည့်အခါတွင်ဖြစ်စေ၊ သက်သေအဖြစ် အစစ်ဆေး ခံနေရသည့်အခါတွင်ဖြစ်စေ၊ မှုခင်းမှတ်တမ်း ရဲအရာရှိက လက်ထိတ်ခတ်ရန် ညွှန်ကြားလျှင် လက်ထိပ်ကို ခတ်ထားရမည်။ 

၁၈။       အသက်အရွယ် ကြီးခြင်း၊ အိုမင်းမစွမ်း ဖြစ်ခြင်း၊ မကျန်းမာခြင်းနှင့် မိန့်မသားများ ဖြစ်ခြင်းကြောင့် လုံခြုံစွာ ခေါ်ယူနိုင်မည်ဟု ထင်သူများမှတစ်ပါး မည်သည့် ပြစ်မှု ထင်ရှား စီရင်ခံရပြီးဖြစ်သော အကျဉ်းသားကို မဆို လက်ထိတ်မခတ်ဘဲ ဆောင်ကြည်းမသွားရ။ 

ရဲက လက်ထိပ် မခတ်သူများ
!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!

၁။     အာမခံ ပေးခွင့်ရသော ပြစ်မှုကို ကျူးလွန်၍ ရဲတပ်ဖွဲ့ဝင်က ဖမ်းဆီးခြင်း ခံရသောသူ တစ်ယောက်အား ထွက်ပြေးမည့်လက္ခဏာမရှိလျှင် သို့မဟုတ် အကြမ်းဖက်မည့် လက္ခဏာ မရှိလျှင် လက်ထိတ် မခတ်ရ။

၂။      အာမခံပေးခွင့် မရသောပြစ်မှုကို ကျူးလွန်၍ ဖမ်းဆီးခြင်း ခံရသူ၏ နောက်ကြောင်း ရာဇဝင် ဂုဏ်သိက္ခာ နှင့် အလုပ်အကိုင် တို့ကို ထောက်ထား၍ လွတ်မြောက် ထွက်ပြေးရန် သို့မဟုတ် ကြမ်းတမ်းစွာ ခုခံရန် အားထုတ်မည့် လက္ခဏာ မရှိလျှင် လက်ထိပ် မခတ်ရ။

၃။      အသက်အရွယ် ကိုသော်လည်းကောင်း၊ မိန့်မသားဖြစ်ခြင်း ကိုသော်လည်းကောင်း၊ မစွမ်းမသန်ဖြစ်ခြင်း ကိုသော်လည်းကောင်း ထောက်ထား၍ လက်ထိတ်မခတ်ဘဲ လုံခြုံစွာ ထားနိုင်ရန် အကြောင်း ရှိလျှင် ထိုသို့သောသူများကို လက်ထိပ် မခတ်ရ။ 

၎။      အချုပ်သားတစ်ဦးအား အစိုးရဆေးရုံတွင် ဆေးကုသ နေရစဉ် သက်ဆိုင်ရာ ဆရာဝန်က အချုပ်သား၏ ကျန်းမာရေး အခြေအနေကို ထောက်ရှု၍ လက်ထိပ်ခတ်ရန် မလိုဟု စာဖြင့် အကြောင်းကြားခဲ့လျှင် လက်ထိပ် မခတ်ရ။

၅။       တရားရုံးသို့ ထုတ်ယူသော အမှုစစ်ဆေးဆဲ ရှိနေသည့် တရားခံများသည် ကြမ်းတမ်းစွာ ပြုလိမ့်မည်။ သို့မဟုတ် ထွက်ပြေးရန် အားထုတ်လိမ့်မည်ဟု ယုံကြည်ရန် လုံလောက်သော အကြောင်းမရှိလျှင် ၄င်းတို့အား ရုံးသွား ရုံးပြန် လက်ထိပ်မခတ်ရ။ 

၆။      တရားမမှုဖြင့် အဖမ်းခံရသူအား လက်ထိတ်မခတ်ရ။ 

၇။       အချုပ်သားများသည် တရားရုံး၌ အစစ်ဆေး ခံနေရသည့်အခါတွင်ဖြစ်စေ၊ သက်သေအဖြစ် အစစ်ဆေး ခံနေရသည့်အခါတွင်ဖြစ်စေ၊ မှုခင်းမှတ်တမ်း ရဲအရာရှိက လက်ထိတ်ခတ်ရန် မညွှန်ကြားလျှင် လက်ထိပ်ကို ဖြုတ်ထားရမည်။ 

၈။        အသက် ၁၆ နှစ်အောက် သက်ငယ်ပြစ်မှု ကျူးလွန်သူများကို သက်ဆိုင်ရာ လူငယ်သင်တန်းကျောင်းသို့ ပို့သည့်အခါ လက်ထိတ်မခတ်ဘဲ ကြပ်မတ် ပို့ဆောင်ရမည်။ 

၉။      အမှုစွဲဆိုခြင်း ခံရ၍ တရားခံ အနေနှင့်ဖြစ်စေ၊ သက်သေ အနေနှင့်ဖြစ်စေ၊ အကျဉ်သားတစ်ယောက် ရုံးတွင် ရှိနေသည့်အခါ မှုခင်းမှတ်တမ်း ရဲအရာရှိက ဖြစ်စေ၊ ၄င်း မရှိလျှင် အမှုကို ဆောင်ရွက်သည့် အမှုစစ် အရာရှိကဖြစ်စေ၊ ၄င်းအကျဉ်းသားကို ကြီးကြပ်ရသည့် လုံခြုံရေး အဖွဲ့နှင့် တိုင်ပင်၍ ၄င်း အကျဉ်းသားသည် ရုန်းရင်းဆန်ခတ် ပြုလုပ်ရန်၊ ထွက်ပြေးရန် ကြံရွယ်မည်ဟု ယုံကြည်ရန် အကြောင်းမရှိလျှင် လက်ထိတ်ကို ဖြုတ်ထားရမည်။ 

             ဤ အချက်များသည် ရဲလက်စွဲပါ ပြဌာန်းချက်များကို စုစည်းဖော်ပြခြင်းဖြစ်ပြီး စာရေးသူ အာဘော်မပါဝင်ပါ။ 

             Via.. ကိုသက် မှုခင်းရှုထောင့်ကျောက်တံခါး

No comments:

Post a Comment