Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, December 26, 2017

မုံရွာမြို့နယ်၌ ဆိုင်ကယ်နှင့် ရထားတိုက်မိ ဆိုင်ကယ်မောင်းသူ သေဆုံး


စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ နယ်၌ မုံရွာဘူတာနှင့် အလုံဘူတာကြားရှိ တရားမဝင် သံလမ်းကူးမှာ ဒီဇင်ဘာလ ၂၅ ရက်နေ့ နေ့ လည် ၂ နာရီ ၃၀ မိနစ် အချိန်ခန့် က လမ်းဖြတ်ကူးသော ဆိုင်ကယ်အား ရထားမှ တိုက်မိသဖြင့် ဆိုင်ကယ်မောင်းသူ သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရပါသည်။

၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်နေ့ ၁၄၃၀ အချိန်၌  မုံရွာ-ခင်ဦး အမှတ်(၅၉)အဆန် လူစီးရထားသည် မုံရွာဘူတာနှင့် အလုံဘူတာကြား ရထားလမ်းမိုင်တိုင်(၄၅၇/၁၈-၁၉)ကြားရှိ တရား မဝင် သံလမ်းကူးအရောက်၌ ဒေါ်စိန်စိန်လှ၊ (၄၂)နှစ် မောင်းနှင်လာသည့် ဆိုင်ကယ်အား တိုက်မိခဲ့ သဖြင့် ဒေါ်စိန်စိန်လှတွင် မေးရိုးကျိုး၊ ယာမျက်ခုံး/ ဝဲချိုစောင်း/ လက်ပြင်များတွင် ပေါက်ပြဲဒဏ်ရာ များ (စိုးရိမ်ရ)ရရှိခဲ့သဖြင့် မုံရွာပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသစဉ် ၁၅၅၅ အချိန်တွင် သေဆုံးသွားခဲ့ ကြောင်းသိရသည်။

 ဒေါ်စိန်စိန်လှ(သေဆုံး)အား မုံရွာမြို့မရဲစခန်းမှ (ပ)၁၀၅၅/ ၂၀၁၇၊ ရထားပို့ဆောင်ရေး ဥပဒေပုဒ်မ ၈၅ ဖြင့် အမှုဖွင့်လှစ်၍ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

သစ်ထူးလွင်

No comments:

Post a Comment