Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, November 18, 2017

လက်နက်ကိုယ်စီကိုင်၍ စုဝေးနေကြသော အလွန် စက်ဆုပ် ရွံရှာဖွယ်ရာကောင်းသည့် လူမိုက်တစ်စု ဖြစ်ပြီဟုမှတ်

တပ်မတော်သားတိုင်း စိတ်နှလုံးတွင် သံမှိုရိုက်သကဲ့သို့ စွဲမြဲနေရမည့် ယုံကြည်ချက် ။

မိမိတို့၏ မည်သည့်အကျင့် ၊ မည်သည့်အပြုအမူမျိုးကိုမဆို ပြည်သူလူထု၏ ဆန္ဒနှင့်ကိုက်ညီလျှင် မှန်၏ ။ မကိုက်ညီလျှင် မှား၏ ၊

ပြည်သူလူထုနှင့်ဆက်ဆံရာတွင် ပြည်သူလူထု၏ မျက်နှာ ကြည်သာ ရွှင်ပျနေလျှင်သင်တို့၏ ကျင့်ဝတ် မပျက်ပြား ဟူ၍မှတ် ။

ပြည်သူလူထုနှင့် ဆက်ဆံရာတွင် ရွံ့တွန့်တွန့်ဖြစ်နေပါလျှင် ၊ မပြုံးမရွှင်သောမျက်နှာမျိုးကို ဆောင်နေလျှင် သင်တို့၏ ကျင့်ဝတ်များ ပျက်ပြားစပြုပြီ ဟူ၍မှတ်။ ပြည်သူတို့မပြုံးခြင်းကား မမဲ့ရဲ၍ ဟုမှတ်။

ပြည်သူတို့၏ မျက်နှာ မဲ့မဲ့ရွဲ့ရွဲ့ဖြစ်လာလျှင် သင်တို့၏ ကျင့်ဝတ်တရားများ ဖောက်ပြားပြီး စစ်တပ် မဟုတ်တော့ဘဲ လက်နက်ကိုယ်စီကိုင်၍ စုဝေးနေကြသော အလွန် စက်ဆုပ် ရွံရှာဖွယ်ရာကောင်းသည့် လူမိုက်တစ်စု ဖြစ်ပြီဟုမှတ် ။

ဤအခြေအနေသို့ ဆိုက်ရောက်သည့် တပ်တိုင်း၊ အနှေးနှင့်အမြန် ပျက်ပြုန်းရမည်ကို သံသယ မရှိလေနှင့် ။

ဗိုလ်ချုပ်ကြီးနေဝင်း
ကာကွယ်ရေးဦးစီးချုပ်

No comments:

Post a Comment