Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, November 15, 2017

လှိုင်မြို့နယ်( ၉ )ရပ်ကွက် လှိုင်သီရိအိမ်ရာတွင် ဖြစ်ပွားခဲ့သော သုံးလောင်းပြိုင်နောက်ဆက်တွဲ


လှိုင်မြို့နယ်( ၉ )ရပ်ကွက် လှိုင်သီရိအိမ်ရာတွင် ဖြစ်ပွားခဲ့သော သုံးလောင်းပြိုင်နောက်ဆက်တွဲ

အလောင်းတွေကတော့ ၁၁နှစ်အရွယ် မိန်းကလေး တလောင်း အိမ်ရှင်အမျိုးသမီးနဲ့ အိမ်ဖော်တစ်ဦး၏ အလောင်းဟု ကနဦးသိထားရပါတယ်။ အလောင်းတွေမှာ ဒဏ်ရာတွေတွေ့ရတဲ့အတွက်လူသတ်မှုလို့တော့ ယူဆ ကြောင်း ပတ်ဝန်းကျင် လူများထံမှ သိရပါတယ်။ ဖြစ်တာကတော့ လှိုင်မြို့နယ် ( ၉) ရပ်ကွက်ရှိ လှိုင်သီရိအိမ်ရာ တိုက် (၃) ခြောက်လွှာ အခန်း ၅၀၃ မှာဖြစ်ခဲ့တာပါ။

တိုက်ခန်းတွင် အပုပ်နံ့များ ထွက်ပေါ်လာရာမှတစ်ဆင့် ပတ်ဝန်းကျင်တွင်နေသူများမှရဲတပ်ဖွဲ့ထံ အကြောင်းကြား ခဲ့ရာမှ သိရပြီး ရဲတပ်ဖွဲ့က လာရောက်စစ်ဆေးရာတွင် အသက် ၁၁ နှစ်အရွယ်မိန်းကလေးတစ်ဦ အလောင်း အပါအ၀င် အမျိုးသမီးသုံးဦးတို့၏ အလောင်းများကို တွေ့ရှိခဲ့။

တိုက်ခန်းဝမှာ ကလေးငယ်နှင့် အမျိုးသမီးတစ်ဦး၏ အလောင်းကို တွေ့ရှိခဲ့ပြီး အိပ်ခန်းတွင် အမျိုးသမီးတစ်ဦးအလောင်းကို ထပ်မံတွေ့ရှိခဲ့ခြင်းဖြစ်ပါသည်။ သေဆုံးသူတွေဟာ တိုက်ခန်းမှာနေတာ ၅ နှစ်လောက်ရှိပြီး ဆိုပါတယ်။

သေဆုံးသူမိသားစုမှ သမီးတယောက် ရှိသေးပြီး အဲဒီ ကောင်မလေးကတော့ အဆောင်မှာနေပြီး ကျောင်းတက်နေသည်ဟု သိရပြီး သူ့အမျိုးသားကတော့ ဆော့ဝဲအင်ဂျင်နီယာတစ်ဦးလို့သိရပြီး ထောင်ကျနေသည်ဟုလည်း ပတ်ဝန်းကျင် နေသူအချို့မှ ပြောပြပါတယ်။

Credit – Zin Moe









No comments:

Post a Comment