Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, October 24, 2017

Obamaရဲ့ရည်းစားစာ


ငယ်ချစ်ဦး

အသက် ၅၀ ကျော် ၆၀ နီးမှ ငယ်ငယ်က ရည်းစားစာကို ပြန်ဖတ်ရရင် ဘယ်လိုနေမလဲ

ခုတော့ ၅၆ နှစ်ရောက်မှ အိုဘားမားတစ်ယောက် ဒုက္ခရောက်နေရသဗျ။

ငယ်ကျိုးငယ်နာ ဖော်တဲ့အနေနဲ့ အိုဘားမားရဲ့ အချစ်ဦး (first girlfriend) က အိုဘားမား သူ့ကို ပေးခဲ့တဲ့ ရည်းစားစာ ၉ စောင်ကို ဂျော်ဂျီယာပြည်နယ်က Emroy တက္ကသိုလ်ကို လာလှူထားတယ်။ မကောင်းတဲ့ စိတ်နဲ့ မဟုတ်ပါဘူး။ မှတ်တမ်းတစ်ခုအနေနဲ့ပါ။

အဲဒီတော့မှ အလို … အမေရိကန်ပြည်သူတို့က ငါတို့သမ္မတကြီးလည်း ခေသူမဟုတ်ဆိုတာ သိကြရတယ်။

အိုဘားမားရဲ့ ငယ်ချစ်ဦးအမည်က အလက်ဇန်းဒရာ မက်နီးယားတဲ့ဗျ။ သူတို့ ကာလီဖိုးနီးယားမှာ တွေ့ခဲ့ကြတာ။ ၁၉၈၀ ဝန်းကျင်လောက်ကပေါ့။ ခုဖော်ထုတ်လိုက်တဲ့ ရည်းစားစာတွေကိုတော့ ၁၉၈၂ ကနေ ၁၉၈၄ ခုနှစ်အတွင်းက ရေးထားတာတွေလို့ဆိုတယ်။ မက်နီးယားက ၂၀၁၄ ခုနှစ်ကတည်းက တက္ကသိုလ်ကို လာလှူထားတာ။ ခုမှ အများပြည်သူ သိရအောင် ထုတ်ပြန်လိုက်တာပါ။

ရည်းစားစာတွေ ဖတ်ကြည့်မှ အိုဘားမားဟာ ခေသူမဟုတ်ဆိုတာ သိကြရသတဲ့။

“မင်းကို သတိရနေတာကို ယုံကြည်နေမယ်လို့ သိနေတယ်

မင်းနဲ့ငါ သက်ဆိုင်မှုတွေဟာ

လေထက်မက ကျယ်ပြန့်တယ်

မင်းကို ငါ ယုံကြည်မှုတွေဟာ

ပင်လယ်ထက်မက နက်ရှိုင်းတယ်

ငါ့အချစ်တွေဟာ အနန္တပါကွယ်”

အိုဘားမားနဲ့ မက်နီးယားတို့ဟာ ခု လက်ရှိပေါင်းသင်းနေတဲ့ မစ်ရှဲနဲ့ မတွေ့မီ ငါးနှစ်လောက်ကတည်းက ရည်းစားတွေဖြစ်နေကြတာပါ။ 

အင်း … အဲဒီစာတွေကို ဖတ်ပြီးတော့ မစ်ရှဲတစ်ယောက် ဘယ်လိုဖြစ်နေမယ်တော့ မသိဘူး။

ဒီအရွယ်ကြီးကျမှ စိတ်ကောက်ပြီး တစ်ပတ်လောက် စကားမပြောဘဲ မနေလောက်ပါဘူး။

တင်ညွန့်

၂၄.၁၀.၂၀၁၇
Credit Tin Nyunt

No comments:

Post a Comment