Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, October 3, 2017

Las Vegas က Mandalay Bay လူသတ်သမားဟာ အသက် ၆၄ နှစ် - မီလီယံဒေါ်လာ သူဌေးကြီးဖြစ်တယ်


Las Vegas က Mandalay Bay ဟိုတယ်မှာတည်းခိုနေတဲ့ လူသတ်သမားဟာ ဟိုတယ် ၃၂ ထပ်က အခမ်းကို ကြာသာပတေးနေ့ကတည်းက ငှားထားတာဖြစ်တယ်။ လူသတ်သမားဟာ အသက် ၆၄ နှစ် - မီလီယံဒေါ်လာ သူဌေးကြီးဖြစ်တယ်။ သူ့မှာ Girl Friend ရှိတယ်။ အမေရိကားမှာ အိမ်တွေအများကြီးပိုင်တယ်။ လူသတ်သမားကြီးဟာ Las Vegas က pension အငြိမ်းစားကြီးဖြစ်ပြီး နေတာလည်း pension စားရပ်ကွက်ထဲက အိမ်မှာနေသူဖြစ်တယ်။

ဟိုတယ်ငှားနေပြီး လောင်းကစားကြေးကြီးကစားတတ်တဲ့ သေနတ်သမားဟာ မောင်းပြန်ရိုင်ဖယ် ၂၃ လက်နဲ့ country music ကြည့်နေတဲ့ လူ ၂ သောင်း၂ ထောင့် ကျော်လူအုပ်ထဲ ကျည်ဆံတွေဒလစပ်မိုးရွာသလိုပစ်ခတ်ခဲ့တာမှာ လူ ၅၉ ယောက်သေတယ် ၅၂၇ ယောက်ဒဏ်ရာရသွားတယ်။ အပစ်ခံရတဲ့လူတွေဟာ အစပထမမှာ ဗြောက်အိုးဖောက်တယ်ပဲထင်နေကြတယ်တဲ့။ နောက်စက္ကန့်အတွင်းမှာပဲ လူတွေသွေးအလိမ်းလိမ်းနဲ့သေကြဒဏ်ရာတွေရကြမှ သေနတ်နဲ့ပစ်နေတယ်ဆိုတာသိသွားခဲ့ကြတယ်တဲ့။ သေနတ်သမားရဲ့ အဖေဟာ ဘဏ်ဓါးပြအကြိမ်ကြိမ်တိုက်သူ လို့ အစိုးရ (FBI) က သံသယရှိတယ် စစ်ဆေးခံရပြီး တရားရုံးကလွှတ်ပေးခဲ့ရတာများတယ်တဲ့။ တကြိမ်မှာတော့ ဘဏ်ဓါးပြမှုနဲ့ ဖမ်းမိပြီးထာင်ကျခဲ့ဖူးတယ် ထောင်ဖေါက်ထွက်ပြေးတယ် ၉ နှစ်အပြင်မှာပုန်းနေခဲ့ဖူးတယ်။ သူ့အဖေကိုနောက်ဆုံးမှာ ရဲတွေပြန်မိခဲ့ဖူးတယ်။

လူသတ်သမားအိမ်မှာလည်း သေနတ်က ၁၉ လက်ထပ်သိမ်းမိတယ်တဲ့။ အမေရိကား လက်စ်ဘေးဂပ်စ်မှာ ရိုင်ဖယ်တွေကို တရားဝင်ဝယ်ကိုင်နိုင်ပေမယ့် အော်တိုမက်တစ်တွေခွင့်ပြုမထားဘူးတဲ့။ ဒါပေမယ့် သေနတ်သမားက အွန်လိုင်းကနေ ရိုင်ဖယ်တွေကို အော်တိုမက်တစ်ဖြစ်အောင်လုပ်လို့ရတဲ့အပိုပစ္စည်းမှာပြီး အော်တိုမက်တစ်ပစ်လို့ရအောင် လုပ်လို့ရလို့ gun experts တွေ ဦးနှောက်စားနေတယ်။လူသတ်သမား မှာ လျှို့ဝှက်လက်နှက်ဘဏ်တိုက်ရှိပြီး လက်နက် ၄၂ လက်စုဆောင်းထားသေးသတဲ့။ လူသတ်သမားအမည်ဟာ Stephen Paddock ဖြစ်ပြီး ဘာ့ကြောင့်ခုလိုလူများစွာကို ပစ်ခတ်သတ်ဖြတ်ရသလဲ ရဲတွေလည်းမသိကြရသေးဘဲ ဆက်လက်စုံစမ်းနေကြဆဲဖြစ်ကြောင်းပါတဲ့ဗျာ။
Zaw Win

No comments:

Post a Comment