Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, October 5, 2017

ရသေ့တောင်မြို့နယ်မှာ လက်ပစ်ဗုံး စနက်တံကို မတော်တဆဆွဲမိရာမှ ပေါက်ကွဲမှုဖြစ်ကာ ဗိုလ်ကြီးတစ်ဦးအပါအဝင် ၃ ဦးသေဆုံးပြီး အရပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိ


ရသေ့တောင်မြို့နယ် ချွတ်ပြင်ကျေးရွာအတွင်း လုံခြုံရေးယူနေတဲ့ တပ်သားတစ်ဦးက လက်ပစ်ဗုံးစနက်တံကို မတော်တဆ ဆွဲမိရာမှ ဗုံးပေါက်ကွဲမှုတစ်ခု အောက်တိုဘာလ ၂ ရက်နေ့က ဖြစ်ပွားခဲ့တယ်လို့ ချွတ်ပြင်ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

 အဲဒီပေါက်ကွဲမှုကြောင့် ခလရ ၇၆ တပ်ရင်းမှ ဗိုလ်ကြီးတစ်ဦး၊ စနက်တံဆွဲမိတဲ့ တပ်သားတစ်ဦးနဲ့ အရပ်သားတစ်ဦး သေဆုံးသွားပြီး နောက်ထပ် အရပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိထားတယ်လို့ သိရပါတယ်။

သတင်း - ဝံသ (မောင်တော)
Development Media Group
https://www.facebook.com/dmgnewsagency

No comments:

Post a Comment