Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, October 21, 2017

ခ်စ္သူကိုအဆက္အသြယ္ျဖတ္ခဲ့တာေၾကာင့္ အက္ဆစ္နဲ႔အပက္ခံခဲ့ ရတဲ့ေကာင္မေလး – လျပည့္၀ုိင္း


ခ်စ္သူကိုအဆက္အသြယ္ျဖတ္ခဲ့တာေၾကာင့္ အက္ဆစ္နဲ႔အပက္ခံခဲ့ ရတဲ့ေကာင္မေလး – လျပည့္၀ုိင္း

ဒီသတင္းကုိ အခုမွ Mrtv4 မွာ ၾကည့္မိရင္းေတြ႔မိတာေၾကာင့္ မသိေသးတဲ့သူမ်ားအတြက္ မွ်ေ၀လုိက္ပါတယ္။

ေကာင္မေလးနာမည္က လျပည့္၀ိုင္း ၊ သံျဖဴဇရပ္ မွာေနပါတယ္။ ျဖစ္ခဲ့တဲ့အခ်ိန္ကလည္း ဘြဲ႔ယူခါနီးအခ်ိန္ ၊ သားအဖ ႏွစ္ေယာက္စလုံး အက္ဆစ္နဲ႔ အပက္ခံခဲ့ၾကရတာပါ။

ျဖစ္ပုံက ေကာင္မေလးဟာ ခ်စ္သူထားခဲ့ၿပီး ၇လၾကာတဲ့အခ်ိန္မွာ ခ်စ္သူဟာ ေရွ႕ဆက္ဖုိ႔မျဖစ္ႏုိင္ေတာ့တဲ့အက်င့္ေတြရွိသူျဖစ္တာေၾကာင့္ ျဖတ္ခဲ့ပါတယ္။ ဒီမွာတင္ သူမရဲ႕ ခ်စ္သူက သူမကို ၿငဳိးခဲ့ပါတယ္။ သူမသိကၡာက်ေအာင္ နည္းမ်ဳိးစုံလုပ္ခဲ့တဲ့အျပင္ သူမဘ၀ကို ရွင္လွ်က္နဲ႔ေသေအာင္ သတ္မယ္လို႔ ႀကဳံး၀ါးခဲ့ပါေသးတယ္။ မိသားစုကလည္း ေကာင္မေလးကို အားေပးဂရုစုိက္တာေၾကာင့္ သူမရဲ႕မိသားစုပါ အၿငဳိးခံခဲ့ရပါတယ္။

အဲဒီေန႔က ၂၂ရက္ေန႔ ၅လပုိင္း ၂၀၁၆ခုႏွစ္ ၊ သူမအလုပ္သြားေတာ့ ဖခင္ျဖစ္သူက ဆုိင္ကယ္နဲ႔ လုိက္ပို႔တယ္။ အဲဒီအခ်ိန္မွာ ဆုိင္ကယ္တစ္စီးသူမနားကုိ ကပ္လာတယ္။  သူမကတာ့ အျခားသြားတဲ့လာတဲ့ ဆုိင္ကယ္တစ္စီးလုိ႔ ထင္ခဲ့တယ္။ ဒါေပမယ့္ ရင္ဘတ္ကို အရည္တစ္မ်ဳိးလာထိေတာ့မွ တစ္စုံတစ္ရာနဲ႔ အပက္ခံရတယ္လုိ႔ သိသြားၿပီး လွည့္ၾကည့္မိ လုိက္တယ္။ အဲဒီမွာတင္ မ်က္ႏွာကိုထပ္ပက္တယ္။ သူမတစ္ဖက္လွည့္လုိက္လုိ႔ မ်က္ႏွာတစ္ျခမ္းသာ ထိသြားတယ္။ ခ်စ္သူေဟာင္းက ပက္တယ္ဆုိတာ သိလုိက္တယ္။ ဖခင္ျဖစ္သူ လည္း ေၾကာျပင္ကိုထိသြားတယ္။ ပက္တဲ့ေကာင္ ထြက္ေျပးတယ္။ ဖခင္က သူမကို ထားၿပီးလုိက္ဖုိ႔ျပင္တယ္။ သူမ နာက်င္လြန္းလုိ႔ေအာ္ဟစ္ေနလုိ႔ ဖခင္ကျပန္လွည့္လာၿပီး ေဆးရုံကုိ သြားၾကတယ္။ ေဆးရုံေရာက္ေတာ့လည္း ဒီလုိအေတြ႔အႀကဳံမရွိတာေၾကာင့္ သူမ ပုိနာက်င္စြာခံစားရတယ္။ ဘ၀တစ္ခုလုံး ဆုံးသြားသလုိ ခံစားရတယ္။ ဂရုစုိက္လြန္းတဲ့ မိသားစုနဲ႔  အျခားအဖြဲ႔အစည္းေတြရဲ႕ ကူညီမႈေၾကာင့္သာ သူမ အခုလုိ ဆက္ေနႏုိင္ေသးတာလုိ႔ ဆုိပါတယ္။

လုပ္တဲ့ေကာင္ကေတာ့ အျပင္းအထန္နာက်င္ေစမႈ နဲ႔ ေထာင္ဒါဏ္ ၇ႏွစ္ က်သြားတယ္။ ၿမဳိ႕နယ္ရုံးက တရားသူႀကီးရဲ႕ အာဏာကုန္က ၇ႏွစ္ပဲ ျဖစ္လုိ႔ပါတဲ့။ မေက်နပ္တာေၾကာင့္ ခရုိင္တရားရုံးကိုတက္ခဲ့ေပမယ့္ ပယ္ခ်ခဲ့တာေၾကာင့္ တရားခံဟာ ေထာင္ဒါဏ္ ၇ႏွစ္ပဲ က်သြားပါတယ္။ ေတာ္ရုံေယာက်ၤားရင့္မာႀကီးေတြေတာင္ ေသခ်င္ေလာက္ေအာင္လုံး၀လဲက်သြားႏုိင္တဲ့ အေျခအေနျဖစ္ေပမယ့္ သူမကေတာ့ အားမေလွ်ာ့ပဲ တစ္ႏုိင္ငံလုံးၾကည့္တဲ့ Let’s Talk Show မွာ သူမရဲ႕အေၾကာင္းစုံကုိ ဖြင့္ျပႏုိင္တဲ့အထိ သတၱိရွိေနတာကေတာ့ အလြန္ခ်ီးက်ဴးဖုိ႔ေကာင္းပါတယ္။ အခုအခ်ိန္ထိေတာ့ သူမဟာ ေသရာပါ ဒါဏ္ရာမ်ားကို ေဆးကုသလွ်က္ ရွိေနတုန္းပါ။ သူမကေတာ့ ေနေကာင္းတာနဲ႔ သင္တန္းတာေတြဆက္တက္ၿပီး သူမဘ၀ကို အားမေလွ်ာ့တမ္း ဆက္ေလွ်ာက္မယ္လုိ႔ ေျပာသြားပါတယ္

——————————————-

ချစ်သူကိုအဆက်အသွယ်ဖြတ်ခဲ့တာကြောင့် အက်ဆစ်နဲ့အပက်ခံခဲ့ ရတဲ့ကောင်မလေး – လပြည့်ဝိုင်း (unicode)

ဒီသတင်းကို အခုမှ Mrtv4 မှာ ကြည့်မိရင်းတွေ့မိတာကြောင့် မသိသေးတဲ့သူများအတွက် မျှဝေလိုက်ပါတယ်။

ကောင်မလေးနာမည်က လပြည့်ဝိုင်း ၊ သံဖြူဇရပ် မှာနေပါတယ်။ ဖြစ်ခဲ့တဲ့အချိန်ကလည်း ဘွဲ့ယူခါနီးအချိန် ၊ သားအဖ နှစ်ယောက်စလုံး အက်ဆစ်နဲ့ အပက်ခံခဲ့ကြရတာပါ။

ဖြစ်ပုံက ကောင်မလေးဟာ ချစ်သူထားခဲ့ပြီး ရလကြာတဲ့အချိန်မှာ ချစ်သူဟာ ရှေ့ဆက်ဖို့မဖြစ်နိုင်တော့တဲ့အကျင့်တွေရှိသူဖြစ်တာကြောင့် ဖြတ်ခဲ့ပါတယ်။ ဒီမှာတင် သူမရဲ့ ချစ်သူက သူမကို ငြိုးခဲ့ပါတယ်။ သူမသိက္ခာကျအောင် နည်းမျိုးစုံလုပ်ခဲ့တဲ့အပြင် သူမဘဝကို ရှင်လျှက်နဲ့သေအောင် သတ်မယ်လို့ ကြုံးဝါးခဲ့ပါသေးတယ်။ မိသားစုကလည်း ကောင်မလေးကို အားပေးဂရုစိုက်တာကြောင့် သူမရဲ့မိသားစုပါ အငြိုးခံခဲ့ရပါတယ်။

အဲဒီနေ့က ၂၂ရက်နေ့ ၅လပိုင်း ၂၀၁၆ခုနှစ် ၊ သူမအလုပ်သွားတော့ ဖခင်ဖြစ်သူက ဆိုင်ကယ်နဲ့ လိုက်ပို့တယ်။ အဲဒီအချိန်မှာ ဆိုင်ကယ်တစ်စီးသူမနားကို ကပ်လာတယ်။  သူမကတာ့ အခြားသွားတဲ့လာတဲ့ ဆိုင်ကယ်တစ်စီးလို့ ထင်ခဲ့တယ်။ ဒါပေမယ့် ရင်ဘတ်ကို အရည်တစ်မျိုးလာထိတော့မှ တစ်စုံတစ်ရာနဲ့ အပက်ခံရတယ်လို့ သိသွားပြီး လှည့်ကြည့်မိ လိုက်တယ်။ အဲဒီမှာတင် မျက်နှာကိုထပ်ပက်တယ်။ သူမတစ်ဖက်လှည့်လိုက်လို့ မျက်နှာတစ်ခြမ်းသာ ထိသွားတယ်။ ချစ်သူဟောင်းက ပက်တယ်ဆိုတာ သိလိုက်တယ်။ ဖခင်ဖြစ်သူ လည်း ကြောပြင်ကိုထိသွားတယ်။ ပက်တဲ့ကောင် ထွက်ပြေးတယ်။ ဖခင်က သူမကို ထားပြီးလိုက်ဖို့ပြင်တယ်။ သူမ နာကျင်လွန်းလို့အော်ဟစ်နေလို့ ဖခင်ကပြန်လှည့်လာပြီး ဆေးရုံကို သွားကြတယ်။ ဆေးရုံရောက်တော့လည်း ဒီလိုအတွေ့အကြုံမရှိတာကြောင့် သူမ ပိုနာကျင်စွာခံစားရတယ်။ ဘဝတစ်ခုလုံး ဆုံးသွားသလို ခံစားရတယ်။ ဂရုစိုက်လွန်းတဲ့ မိသားစုနဲ့  အခြားအဖွဲ့အစည်းတွေရဲ့ ကူညီမှုကြောင့်သာ သူမ အခုလို ဆက်နေနိုင်သေးတာလို့ ဆိုပါတယ်။

လုပ်တဲ့ကောင်ကတော့ အပြင်းအထန်နာကျင်စေမှု နဲ့ ထောင်ဒါဏ် ရနှစ် ကျသွားတယ်။ မြို့နယ်ရုံးက တရားသူကြီးရဲ့ အာဏာကုန်က ရနှစ်ပဲ ဖြစ်လို့ပါတဲ့။ မကျေနပ်တာကြောင့် ခရိုင်တရားရုံးကိုတက်ခဲ့ပေမယ့် ပယ်ချခဲ့တာကြောင့် တရားခံဟာ ထောင်ဒါဏ် ရနှစ်ပဲ ကျသွားပါတယ်။ တော်ရုံယောကျင်္ားရင့်မာကြီးတွေတောင် သေချင်လောက်အောင်လုံးဝလဲကျသွားနိုင်တဲ့ အခြေအနေဖြစ်ပေမယ့် သူမကတော့ အားမလျှော့ပဲ တစ်နိုင်ငံလုံးကြည့်တဲ့ Let’s Talk Show မှာ သူမရဲ့အကြောင်းစုံကို ဖွင့်ပြနိုင်တဲ့အထိ သတ္တိရှိနေတာကတော့ အလွန်ချီးကျူးဖို့ကောင်းပါတယ်။ အခုအချိန်ထိတော့ သူမဟာ သေရာပါ ဒါဏ်ရာများကို ဆေးကုသလျှက် ရှိနေတုန်းပါ။ သူမကတော့ နေကောင်းတာနဲ့ သင်တန်းတာတွေဆက်တက်ပြီး သူမဘဝကို အားမလျှော့တမ်း ဆက်လျှောက်မယ်လို့ ပြောသွားပါတယ်

No comments:

Post a Comment