Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, October 24, 2017

ရေစိုနေသောလက်ဖြင့် မီးပလပ်ထိုးလိုက်ရာမှ ဓါတ်လိုက်သေဆုံး


 ညောင်လေးပင် အောက်တိုဘာ (၂၃)

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့ မြို့မ(၂)ရပ်ကွက် ဘုရားကြီးလမ်းတွင် အောက်တိုဘာ (၂၃)ရက်နံနက်(၁၀)နာရီခွဲ အချိန်ခန့်က မီးပလပ်ထိုးရာမှ ဓါတ်လိုက်သေဆုံးကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဝဏ္ဏအောင်(၂၅)နှစ်(ဘ)ဦးအောင်သူ သည် ကားရေဆေးခုံတွင် ကားရေဆေးနေရာမှ လျှပ်စစ်မီးချောင်းမီးထွန်းရန်အတွက် အိမ်နောက်ဖေးရှိ မီးပလပ်ခုံအား ရေစိုနေသောလက်ဖြင့် မီးပလပ်ထိုးလိုက်ရာမှ ဓါတ်လိုက်သေဆုံးခြင်း ဖြစ်ကြောင်းသိရသည်။

သို့ပါ၍ ညောင်လေးပင်မြို့မရဲစခန်းမှ သေမှု့သေခင်းအမှတ် ၁၈/၂၀၁၇ ဖြင့် အမှု့ဖွင့်၍ ဝဏ္ဏအောင်သေဆုံးခြင်းမှာ ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ် မဟုတ် စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

ကိုသူရ(ညောင်လေးပင်)
ဇော်ရှင်းနှင့်အဖွဲ့ 
https://www.facebook.com/zaw.shinn.779

No comments:

Post a Comment