Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, October 13, 2017

ဆပ်စရာအကြွေး၁၄သိန်းကြောင့် သူငယ်ချင်းကိုသတ်တဲ့သူ မိပြီ


ဆပ်စရာအကြွေး၁၄သိန်းကြောင့် သူငယ်ချင်းကိုသတ်တဲ့သူ မိပြီ
ယမန်နေ့ညက တွေ့ရှိခဲ့သော သေဆုံးနေသူမှာ ရှမ်းပြည်နယ်လွှတိတော်ရုံးမှ အကြီးတန်းစာရေး ကိုစိုးမင်းအောင် ဟု သိရှိရပြီး သက်ဆိုင်ရာမှ စစ်ဆေးဖော်ထုတ်ချက်အရ ၎င်းအား သတ်ခဲ့သူဟု ယူဆရသူ တစ်ဦးအား စစ်ဆေးဖော်ထုတ်နိုင်ခဲ့သည်။
အောက်တိုဘာလ ၁၁ရက်နေ့က လူပျောက်တိုင်ကြားသူများအားစစ် ဆေးမေးမြန်းချက်အရ သေဆုံးသူနှင့် မပျောက်ဆုးံမီနေ့ညနေ၃နာရီခန် ကအတူသွားလာခဲ့သူ တစ်ရုံးတည်းနေ အငယ်တန်းစာရေး ကိုညီညီထွန်းအားစုံစမ်းသိရှိရသည်ဟုသိရသည်။
စစ်ဆေးချက်များအရ ကိုညီညီထွန်းသည် သေဆုံးသူထံတွင်ပေးဆပ်ရန် ကြွေး ၁၄သိန်း ရှိကြောင်းသိရသည့်အပြင် ကိုညီညီထွန်းသည် ထိုနေ့က သေဆုံးသူအားအခင်းဖြစ်ပွားရာနေရာသို့ချိန်းဆိုပြီးပြစ်မှုကျူးလွန်ခဲ့ကြောင်းထွက်ဆိုခဲ့သည်။
ပြစ်မှုကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် သက်သေခံဓါးနှင့် သေဆုံးသူ၏လက်ကိုင်ဖုန်းတို့အား ကျောင်းကြီးစုရပ်ကွက်ရှိ ဂနိုင်ကန်အတွင်း ပစ်ချခဲ့သည်ဟု ထွက်ဆိုခဲ့သဖြင့် သက်သေခံပစ္စည်းများရှာဖွေသိမ်းဆည်းရန်နှင့် တရားစွဲဆို နိုင်ရန်ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။
သံလွင်​​သွေးချင်း



No comments:

Post a Comment