Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, October 18, 2017

မိခင်အမည်မှန်ကိုလိမ်လည်ထားတဲ့တဲ့ ဖြိုးကိုကိုတင့်ဆန်း



မိခင်အမည်မှန်ကိုလိမ်လည်ထားတဲ့တဲ့ ဖြိုးကိုကိုတင့်ဆန်း



တရုတ် ကွန်မြူ နစ် ပါတီ ထိပ်တန်းခေါင်းဆောင်တွေနဲ့ ဦးတင့် ဆန်း မိသားစု ဟာစီးပွားရေးပါတနာ တွေဖြစ်တယ်။ ACE ဆောက်လုပ်ရေး Company ဟာ နေပြည်တော် တည်ဆောက်ရေး ကြီးမှာ သူရရွှေမန်း မိသားစုရဲ့ Ayer Shwe Wah Construction Company နဲ့ အတူ ပါဝင်ခဲ့ တာဖြစ်တယ်။ သူရရွှေမန်းသားတိုးနိုင်မန်းနဲ့ ဦးတင့် ဆန်းရဲ့ 
သားဖြိုးကိုကိုတင့်ဆန်းဟာ စီးပွားရေးပါတနာ တင်သာမကဘဲ အရမ်း
ကိုရင်းနှီးတဲ့ မိတ်ဆွေ တွေဖြစ်ပါတယ်။ လက်ရှိ ACE Company မှာလက်နက်တွေမိတာကို အထူးအဆန်းလုပ်နေကြတယ်။ သူရရွှေမန်း
မိသားစုရဲ့  Ayer Shwe Wah Company မှာဆိုယင် မန်နေဂျာ တော်တော်များများနဲ့ ဒါရိုက်တာတွေမှာ လက်နက် တွေကိုယ် စီ ရှိကြတာပါ။ အားလုံးဟာလဲ တပ်က ဗိုလ် ပြုတ်နားတွေပါဘဲ။ သီဟ
သူရတင်အောင်မြင်ဦးရဲ့ သား တေဇာစောဦး ရဲ့ Company မှာဆိုလဲ
ရာထူးကြီးပိုင်းတွေဟာ လက်နက်တွေကိုင်ဆောင်ကြပါတယ်။ ရွှေမန်း
သားတိုးမန်းဆိုယင် သွားလေရာမှာ သေနတ် ၁ လက်လောက် အမြဲပါ
ပါတယ်။ လေဆိပ်က စစ်ထောက်လှမ်းရေးလည်း မစစ်ပါဘူး ။ဒီအတိုင်း
လွတ်ပေးပါတယ်။ ဒါတွေ ဘာကြောင့် ရေးနေရသလဲဆိုယင် ဘာဖြစ် လို့ ဦးတင့် ဆန်းသားအုပ်စု တခု ထဲဘဲ လက်နက်မိရသ လဲဆိုတာပါ။ မူးယစ်ဆေးဝါးဆိုလဲ ACE က မန်နေဂျာ ကလုပ်သလို ဘဲ ရွှေမန်း ခမည်း ခမက် ဘိန်းခင်ရွှေ ရဲ့ ဇေကမ္ဘာ company မှာဆိုယင်လဲ ဒါရိုက်
တာဖြစ်သူ ရွှေမန်းမိန်းမရဲ့ တူ တရုတ်လူမျိုးရဲ လင်းကျော် ဆိုသူက လုပ်
ကိုင်နေပါတယ်။ ယခင် ဇေကမ္ဘာ ၀င်းထဲမှာမိတဲ့ မူးယစ်ဆေး တွေဟာ
ဒီတရုတ်ဟာပါ။
ရွှေမန်းသားတိုးနိုင်မန်းနဲ့ တင့် ဆန်းသားဖြိုးကိုကိုတင့်ဆန်းဟာ မကြာမခဏ တွေ ဆုံကြပြီး တော အရပ်ဒေသတွေမှာ အပျော်တမ်း
သတ်နတ် လက်တည် စမ်း ပစ်တမ်း ပြု လုပ်နေကြပါ။ ဖြိုးကိုကို တင့် 
ဆန်း တည်ထောင်မယ် National Security ဆိုတာ စစ်အုပ်စုဝင်အဘ
ကြီးတွေရဲ့ သားတွေ စုပေါင်းတည်ထောင်မယ့် အဖွဲ့ တခုပါ။ မြန်မာ
ပြည်ရဲ့ ထိပ်တန်း စစ်အဘ တွေရဲ့  သားတွေ ဖြစ်ပါတယ်။ ဟိုအယင်တခါ သေနတ် နဲ့ သောင်းကျန်းသွားတဲ့ ကျော် ဘ ရဲ့ သားလည်းပါ ၀င်ပါတယ်။ လက်ရှိ မြန်မာ ပြည်မှာရှိတဲ့ စစ်အဘ တွေ
ရဲ့ နောက်ကွယ်မှာ တည်ထောင်ထားတဲ့ အဖွဲ့ အစည်းတွေအားလုံးဟာ တရုတ်ထောက်လှမ်းရေး ကွန်ယက်နဲံချိတ်ဆက်ထားကြပြီးသားပါ။ ဦးကိုနီလုပ်ကြံမှုမှာနောက်ကွယ်က နေပါဝင်ခဲ့တဲ့ လက်ရှိ ပျောက်ဆုံး
နေတဲ့ အောင်ဝင်းခိုင်ဆိုတာ သူရေ၇ွှမန်းမိသားစုပိုင် Elite Express မှာသာမက ဦးတင့်ဆန်းပိုင် ACE မှာပါ ရှယ်ယာတွေပါဝင်ထားသူပါ။
နောက် နေ၀င်းမြေးတွေဖြစ်တဲ့ အေးနေ၀င်းနဲ့ ကျော်နေ၀င်း ဟာ ဖြိုးကိုကို တင့် ဆန်းနဲ့ အထူးခင်မင် တဲ့ မိတ်ဆွေတွေပါ။ အေးနေ
ဝင်းနဲ့ ဖြိုးကိုကိုတင့်ဆန်းဆိုယင် မိန်းမ လိုက်စားဖော် လိုက်စားဖက်တွေ
ပါ်။ သို့ သော် လက်ရှိ အဘ တွေရဲ့ ကလပ်စည်းထဲမှာဖြိုးကိုကိုတင့် ဆန်း
အုပ်စုဟာ အာဏာသေးပါတယ်။ ကြည့်ရတာ သဘောထားတွေ ၊ လုပ်ဆောင်ချက်တွေမှာကွဲပြားမှုတွေဖြစ်လာရာကနေ ထိုးကျွေးခံလိုက်
ရတဲ့သဘောပါ။ သာမန်ဆို မိစရာအကြောင်းမရှိ ပါဘူး။ ပြည်ထဲရေး
ဝန်ကြီးဆိုတာ ဦးတင့်ဆန်းကိုအခု ထိ အလေးပြု နေရတုန်းပါ။ ဒီထက်ကြီးတဲ့ အုပ်စု ခေါင်းဆောင်တွေက ထိုးကျွေးခြင်းကို ဖြိုးကိုကို
တင့်ဆန်းတို့ အုပ်စု ခံလိုက်ရတာပါ။ တကယ့်ဆရြာ့ကီးတသိုက်က ဘာ
မှ မဖြစ်သေးပါဘူး။ ဖြိုးကိုကို တင့် ဆန်းကို စစ်ဆေးလိုက်ယင် အောင်
ဝင်းခိုင်ဘယ်မှာလဲဆိုတာ ရယ် ၊ဦးကိုနီကို လုပ်ကြံတဲ့ နောက်ကွယ်က
လက်မည်းကြီးကို သိဖို့ အခြေနေများနေပါတယ်။
မြန်မာ စစ်တပ် ရယူထားတဲ့ အာဏာရဌာနတွေ ဖြစ်တဲ့ နယ်လုံ နဲ့ပြည်ထဲရေး ရဲ့ အရည်အချင်း နဲ့ လုပ်ရပ်ဟာတဖြည်းဖြည်းနဲ့ ဆိုးဝါး
နေတယ်ဆိုတာ ယခု ပြသနာက အဖြေပေးနေပါတယ်။ တပ်ချူ ပ်မင်း
အောင်လှိုင် ဟာ ယခင်စစ်အဘ ကြီးတွေကို မလွန်ဆန်ရဲ ဘူးဆိုတာ
ယခု ပြသနာ က ဖော်ပြနေပါတယ်။ ဖြိုးကိုကို တင့် ဆန်းဟြာ့ကံ့ခိုင်ရေး
ပါတီကို လည်း သိန်းပေါင်းများစွာ ရန်ပုံငွေထည့် ဝင်နေတဲ့ြ့ကံ့ဖွတ်ပါ
တီဝင်တယောက်လဲဖြစ်ပါတယ်။ ဒါက အရမ်းကိုကြီးမားတဲ့ နိုင်ငံရေး
လုပ်ကြံမှု တခု ကိုကြံစည်နေတဲ့ ဂွင်းဆက်တခုပါ။ြ့ကံ့ခိုင်ရေးပါတီ
မှာရှိတဲ့ဖြိုးကိုကို တင့်ဆန်းရဲ့ ပါတနာတွေကိုပါ ခေါ်ယူစစ်ဆေးဖို့ လိုအပ်
နေပါတယ်။ ၀တ်စုံတွေ၊လက်နက်တွေ ၊ မှန်ပြောင်းတွေ၊ ကားတွေ၊ ဒရုန်းတွေ စတဲ့ အထူးတပ်ဖွဲ့ ပုံစံ စုစည်းမှုကိုကြည့်ချင်းအားဖြင့်တ
ယောက်တည်းကို လုပ်ကြံဖို့ မဟုတ်နိုင်ပါ။ အစည်းအဝေးြ့ကီးတခု ကို
လုပ်ကြံချင် တဲ့ပုံစံပါ။ ဥပမာ- ၂၁ ရာစု ပင်လုံ ညီလာခံမျိုးကို ရည်ညွှန်း
နိုင်ပါတယ်။ ဖြိုးကိုကို တင့် ဆန်းတို့ ထံမှ မိထားတဲ့ အထူးတပ်ဖွဲ့ ဝတ်
စုံဟာမြန်မာ နိုင်ငံရဲတပ်ဖွဲ့ ရဲ့ အထူးတပ်ဖွဲ့ ဝတ်စုံနဲ့အတူတူ ပါ။ ကြည့် ရတာ လူချင်း ပုံတူ အစားထိုးပြီး လူအုပ်စု တခု ကို လုပ်ကြံဖို့ 
ပုံစံပါဘဲ။ တရသ ခေါင်းဆောင်တွေ သတိရှိကြပါ။ ဒါက ဒီမိုအုပ်စုတခု
တည်းကို ရည် ညွန်းနေတာမဟုတ်ဘဲ တရသ လက်နက်ကိုင် ခေါင်း
ဆောင်တွေကိုပါ ရည်ညွှန်းနေတာ လဲဖြစ်ပါတယ်။ မြန်မာပြည်ရဲ့ 
ထောက်လှမ်းရေးကွန်ယက်ဟာ အရမ်းကို ညံ့ဖျင်းနေပြီးဆိုတာ တပ်ချူပ်မင်းအောင်လှိုင် သိဖို့ လိုအပ်နေပါတယ်။ စစ်တပ်ခေါင်းဆောင်
ပိုင်းကိုတော့လုံခြုံရေးအပြည့် ပေးထားပါတယ်။ တပ်ဆင်ထားတဲ့လက်နက်တွေနဲ့ အသုံးပြုတဲ့ စစ်သုံးကရိယာတွေက အရပ်ဖက်ခေါင်းဆောင်တွေ ရဲ့ ကိုယ်ရံတော် အထူးတပ်တွေမှာသူံး
နေတာတွေထက် အများကြီးသာနေပါတယ်။ စစ်တပ် က ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်တဲ့ လုံခြုံရေးကိုပါးစပ်လေးနဲ့
သတိပေးတာကိုတာဝန်ကြေနေပြီလို့ ထင်နေပါတယ်။ လုံးဝ
မှားပါတယ်။ တိုင်းပြည်မှာ ဖြစ်ပျက်သမျှ လုံခြုံရေး၊ကာကွယ်ရေးနဲ့
ပတ်သက်တဲ့ ချို့ ယွင်းမှုတွေအားလုံးဟာ စစ်တပ် လက်အောက်မှာ
ရှိ တဲ့ ပြည်ထဲရေး၊ကာကွယ်ရေးနဲ့နယ်လုံ ၀န်ကြီးဌာနတို့ ရဲ့ တာ
ဝန်ဖြစ်တာကြောင့် တပ်ချူ ပ်မင်းအောင်လှိုင်မှာတာဝန်အရှိဆုံးသာ
ဖြစ်ပါတယ်။ ဦးတင့်ဆန်းသားဖြိုးကိုကို တင့် ဆန်းဟာကြံ့ခိုင်ရေးပါ
တီမှာသူရရွှေမန်းရဲ့ လက်ရင်းတပည့် တဦးလည်းဖြစ်ခဲ့သူပါ။
သူရ ကံကောင်း ...

No comments:

Post a Comment