Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, October 31, 2017

ေရဦးက သမီးေလးကိုမုဒိန္းက်င့္တဲ့လူမဆန္တဲ့အေဖကေတာ့ ေထာင္တစ္သက္တစ္ကြ်န္းက်သြားပါၿပီ။



ေရဦးက သမီးေလးကိုမုဒိန္းက်င့္တဲ့လူမဆန္တဲ့အေဖကေတာ့ ေထာင္တစ္သက္တစ္ကြ်န္းက်သြားပါၿပီ။ကေလးမေလးက လကုန္ေလာက္ေမြးပါမယ္။ ေနအိမ္ကေတာ့ျမင္တဲ့အတိုင္းပါပဲ မိုးရြာေတာ့မိုးမလံု ကေလးမေလးအေမက က်ေနာ္တို ့နဲ႔မတိမ္းမယိမ္းပါ။
ကေလး၄ေယာက္အငယ္ဆံုးက၁ႏွစ္အရြယ္ေလးပါ။ကေလးမေလးကိုေမြးၿပီး ရင္ က်ေနာ္တို ့နဲ႔လိုက္ခဲ့ဆိုေတာ့ မလိုက္ခဲ့ခ်င္ဘူး အေမတို ့နဲ႔ပဲေနမွာတဲ့။ဖိနပ္ေတာင္စီးစရာေကာင္းေကာင္းမရွိရွာဘူး။
သမီးေက်ာင္းလဲမတက္ခ်င္ဘူးရွက္လို ့တဲ့ သူ႔အေမနဲ႔အတူ အမွိဳက္ေကာက္မယ္ေျပာေနတယ္:(သမီးရွက္ရေအာင္သမီးမွာဘာအျပစ္မွမရွိဘူးရွက္စရာမလိုဘူးဆိုေတာ့ ေက်ာက္လမ္းေတာင္မထြက္ရဲဘူးလူေတြကိုေၾကာက္လို႔တဲ့။
သူ႔အေမကေတာ့ကေလးမေလးကို က်ေနာ္တို ့ေကာင္းသလိုစီမံေပးပါေျပာရွာတယ္။ေတာ္ေတာ္႐ိုးရွာတယ္။ေမြးၿပီးအနာက်က္ရင္ကေလးမေလးကိုသြားေခၚပါမယ္။သူး ေရွ ့ေရးအတြက္ေက်ာင္းဆက္တက္ဖို ့စိတ္လံူျခံဳမွဳေပးဖို ့သိပ္လိုအပ္ေနပါတယ္။
ကေလးမေလးကငိုေတာ့ကိုယ္ပါမ်က္ရည္မက်ေအာင္ဘာမွမျဖစ္သလိုထိန္းၿပီးေနရတယ္။
ပိုၿပီးစိတ္မေကာင္းတာက သူတို ့ဆီ ဘယ္လႊတ္ေတာ္ကိုယ္စားလွယ္မွသြားအားမေပးတာပဲ။
စကားမစပ္ေရဦးအမတ္ေတြကိုmentionေခၚေပးၾကစမ္းပါ။
ပိုက္ဆံ၁သိန္း ဆန္တစ္အိတ္ေလာေလာဆယ္ေထာက္ပံ့ခဲ့ပါတယ္။ဟိုတေလာက က်မသူငယ္ခ်င္းမယ္လွိဳင္းကလဲဆန္တစ္အိတ္လွဴထားေသးတယ္။
ကေလးေလးကခြဲေမြးရမွာပါ။ အပ်ိဳေတာင္မျဖစ္လိုက္ဘဲ ကိုယ္ဝန္တန္းရသြားခဲ့တာ။ကေလးမေလးက က်ီးၾကည့္ေၾကာက့္ၾကည့္နဲ႔ေၾကာက္ေနပံုေလး။လူမဆန္တဲ့အေဖက မယားပါသမီးပါလို ့လိမ္ေသးတာတဲ့။ က်ေနာ့္အေနနဲ႔ သက္ငယ္မုဒိန္းမွဳေတြကိုေသဒဏ္ေပးေစခ်င္တယ္။
Source – FB






========
Unicode
ရေဦးက သမီးလေးကိုမုဒိန်းကျင့်တဲ့လူမဆန်တဲ့အဖေကတော့ ထောင်တစ်သက်တစ်ကျွန်းကျသွားပါပြီ။ကလေးမလေးက လကုန်လောက်မွေးပါမယ်။ နေအိမ်ကတော့မြင်တဲ့အတိုင်းပါပဲ မိုးရွာတော့မိုးမလုံ ကလေးမလေးအမေက ကျနော်တို ့နဲ့မတိမ်းမယိမ်းပါ။
ကလေး၄ယောက်အငယ်ဆုံးက၁နှစ်အရွယ်လေးပါ။ကလေးမလေးကိုမွေးပြီး ရင် ကျနော်တို ့နဲ့လိုက်ခဲ့ဆိုတော့ မလိုက်ခဲ့ချင်ဘူး အမေတို ့နဲ့ပဲနေမှာတဲ့။ဖိနပ်တောင်စီးစရာကောင်းကောင်းမရှိရှာဘူး။
သမီးကျောင်းလဲမတက်ချင်ဘူးရှက်လို ့တဲ့ သူ့အမေနဲ့အတူ အမှိုက်ကောက်မယ်ပြောနေတယ်:(သမီးရှက်ရအောင်သမီးမှာဘာအပြစ်မှမရှိဘူးရှက်စရာမလိုဘူးဆိုတော့ ကျောက်လမ်းတောင်မထွက်ရဲဘူးလူတွေကိုကြောက်လို့တဲ့။
သူ့အမေကတော့ကလေးမလေးကို ကျနော်တို ့ကောင်းသလိုစီမံပေးပါပြောရှာတယ်။တော်တော်ရိုးရှာတယ်။မွေးပြီးအနာကျက်ရင်ကလေးမလေးကိုသွားခေါ်ပါမယ်။သူး ရှေ ့ရေးအတွက်ကျောင်းဆက်တက်ဖို ့စိတ်လူံခြုံမှုပေးဖို ့သိပ်လိုအပ်နေပါတယ်။
ကလေးမလေးကငိုတော့ကိုယ်ပါမျက်ရည်မကျအောင်ဘာမှမဖြစ်သလိုထိန်းပြီးနေရတယ်။
ပိုပြီးစိတ်မကောင်းတာက သူတို ့ဆီ ဘယ်လွှတ်တော်ကိုယ်စားလှယ်မှသွားအားမပေးတာပဲ။
စကားမစပ်ရေဦးအမတ်တွေကိုmentionခေါ်ပေးကြစမ်းပါ။
ပိုက်ဆံ၁သိန်း ဆန်တစ်အိတ်လောလောဆယ်ထောက်ပံ့ခဲ့ပါတယ်။ဟိုတလောက ကျမသူငယ်ချင်းမယ်လှိုင်းကလဲဆန်တစ်အိတ်လှူထားသေးတယ်။
ကလေးလေးကခွဲမွေးရမှာပါ။ အပျိုတောင်မဖြစ်လိုက်ဘဲ ကိုယ်ဝန်တန်းရသွားခဲ့တာ။ကလေးမလေးက ကျီးကြည့်ကြောက့်ကြည့်နဲ့ကြောက်နေပုံလေး။လူမဆန်တဲ့အဖေက မယားပါသမီးပါလို ့လိမ်သေးတာတဲ့။ ကျနော့်အနေနဲ့ သက်ငယ်မုဒိန်းမှုတွေကိုသေဒဏ်ပေးစေချင်တယ်။
Source – FB

No comments:

Post a Comment