Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, October 19, 2017

အလံတရာ ဆရာတော်ဘုရား ဝင်စားသည်ဟုဆိုကာ အမျိုးသမီးငယ် များထံမှ ကာမရယူနေသူကို အရေးယူ ဆောင်ရွက်မည်ဟုဆို


အလံတရာ ဆရာတော်ဘုရား ဝင်စားသည်ဟုဆိုကာ အမျိုးသမီးငယ် များထံမှ ကာမရယူနေသူကို အရေးယူ ဆောင်ရွက်မည်ဟုဆို

Posted: October 19, 2017
မွန်ပြည်နယ် သထုံမြို့နယ် အလံတစ်ရာ နယ်မြေတွင် အလံတရာ ဆရာတော်ဘုရား ဝင်စားသည်ဟုဆိုကာ ဒေသခံပြည်သူတို့၏ ရိုးသားမှုနှင့် ယုံကြည်မှုကို အလွဲသုံးစားပြုပြီး လူမှုရေးအရ ချိုးဖောက်၍ အမျိုးသမီးငယ်များထံမှ ကာမရယူနေသူကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက အမြန်ဆုံး အမှုဖွင့်အရေးယူ ဆောင်ရွက်မည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက အောက်တိုဘာ ၁၉ ရက်တွင် မီဒီယာများသို့ ပြောသည်။ 


“အလံတစ်ရာဆရာတော်ကြီး ၀င်စားတယ်ဆိုတဲ့ ကိုရင်လေးတစ်ပါး အဲ့ဒီအလံတစ်ရာဒေသကို ရောက်လာခဲ့တယ် သတင်းကြားပါတယ်။ အဲ့ဒီကိုရင်လေးက ဆရာတော်ဘုရားကြီး သီတင်းသုံးခဲ့တဲ့ နေရာတွေ အသုံးအဆောင် ပစ္စည်းတွေကအစ မှန်အောင် ပြန်ပြောပြနိုင်တယ်ဆိုပြီးမှ အဲ့ဒီကိုရင်ကို ရွာသားတွေက ဆရာတော်ကြီး ၀င်စားတာပဲ ဆိုပြီးတော့ အများစုက အကြွင်းမဲ့ယုံကြည် ကြပါတယ်။ ယုံကြည်ရင်းကနေမှ အဲ့ဒီယုံကြည်မှုကို ရိုးသားမှုကို လူမှုရေး ချိုးဖောက်အမြတ်ယူတာ ဖြစ်တယ်လို့ ဒါ ခန့်မှန်းလို့ရပါတယ်။ ဒါကို အမြန်ဆုံး အမှုဖွင့် ဆောင်ရွက်မယ်” ဟု သူရဦးအောင်ကိုက ပြောသည်။
 
အလံတစ်ရာ နယ်မြေတွင် ဘာသာရေးကို အကြောင်းပြ၍ ၁၄- ၁၅ နှစ်သမီးများကို ပန်းဦးလွှတ်မှု ပြုလုပ်နေသည်ကို တရားဥပဒေအရ အရေးယူ ဆောင်ရွက်ရန် ပအိုဝ်းတိုင်းရင်းသားရေးရာ ၀န်ကြီးနှင့် ညှိနှိုင်းလုပ်ဆောင်ရာ အခက်အခဲများ ကြုံတွေ့၍ ယင်းကိစ္စ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးတွက် အဖွဲ့စည်းပေါင်းစုံမှ ၀ိုင်းဝန်းကူညီ ကြပါရန် ဒေါ်ခိုင်ခိုင်လဲ့ သထုံမြို့နယ်အမှတ်-၁ မဲဆန္ဒနယ်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်က ကျား/ မ ရေးရာ အခြေပြု အကြမ်းဖက်မှု သတင်းအချက်အလက်ဆိုင်ရာ ပူးပေါင်းညှိနှိုင်းမှု အစည်းအဝေး၌ အမှာစကား ပြောကြားရာ တွင်လည်း ထည့်သွင်းပြောကြားသည်။
 
The Ladies News

No comments:

Post a Comment