Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, September 28, 2017

လူတစ်​ဦး (၈)လွှာမှ ပြုတ်​ကျ​သေဆုံး


မန္တ​လေးမြို့၊ ၂၆×၂၇လမ်းကြား၊ ၇၃×၇၄လမ်းကြား၊ စိတ္တရမဟီအိမ်​ရာတိုက်​ခန်း၊ (၈)လွှာရှိ နာ​ရေးတွင်​ သွား​ရောက်​ကူညီလုပ်​ကိုင်​​ပေး​နေသည့်​ ရပ်​ကွက်​နာ​ရေးကူညီမှုအဖွဲ့ဝင်​တစ်​ဦး စက်​တင်​ဘာလ ၂၇ရက်​​နေ့ နံနက်​၈နာရီ၅၀မိနစ်​ အချိန်​ခန့်​က ပြုတ်​ကျ​သေဆုံးမှု ဖြစ်ပွားသည်​။

ဖြစ်​စဉ်​မှာ နာ​ရေးတွင်​ကူညီလုပ်​ကိုင်​​ပေး​နေသည့်​ ရပ်​ကွက်​နာ​ရေးကူညီမှုအဖွဲ့ဝင်​ ​မောင်​---၊ အသက်​ ၁၉နှစ်​သည်​ အတက်​​ရောဂါဖြစ်​ပွားပြီး ဝရံတာ​ပေါ်မှကျော်​၍ ​အောက်​သို့ပြုတ်​ကျကာ အခင်းဖြစ်​​နေရာတွင်​ ​သေဆုံးခဲ့သည်​။

အခင်းဖြစ်​ပွားရာသို့ အမှတ်​(၈)မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးခင်​​မောင်​သိန်းနှင့်​ တပ်​ဖွဲ့ဝင်​များသည်​ သက်​​သေများနှင့်​အတူ ​ရောက်​ရှိစစ်​​ဆေးခဲ့ပြီး အ​လောင်းအား မန္တ​လေး​ဆေးရုံကြီးသို့ တင်​ပို့ကာ ​သေဆုံးမှုနှင့်​ပတ်​သက်​၍ ဓမ္မတာအတိုင်း​သေဆုံးခြင်းဟုတ်​မဟုတ်​ စုံစမ်းစစ်​​ဆေးနိုင်​ရန်​အတွက်​ ရဲစခန်း ​သေမှု​သေခင်းအမှတ်​စဉ်​(၁၉/၂၀၁၇)ဖြင့်​ အမှုဖွင့်​ထား
ရှိ​ကြောင်း သိရသည်​။

( Ah Lin Nge )
The Mandalay News Journal
https://www.facebook.com/TheMandalayNewsJournal

No comments:

Post a Comment