Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, September 27, 2017

အစ္စလာမ် အစွန်းရောက်ခေါင်းဆောင်ကို ရုံးထုတ်


ဂျာမနီနိုင်ငံက IS အစ္စလာမ္မစ် အကြမ်းဖက်အဖွဲ့ခေါင်းဆောင်လို့ သံသယရှိတဲ့ နာမည်ကျော် အမုန်းတရားဟောသူ Abu Walaa ကို နိုင်ငံမြောက်ပိုင်း Celle မြို့ တရားရုံးမှာ မနေ့က ရုံးထုတ်ပါတယ်။

လူငယ်တွေကို အစွန်းရောက်အောင်လုပ်မှုနဲ့ ဘာလင်မြို့က ခရစ္စမတ်ဈေးတန်းကို တိုက်ခိုက်သူနဲ့ ဆက်သွယ်တဲ့ ဂျီဟတ်ကွန်ရက်လုပ်မှု စွဲချက်တွေနဲ့ အသက် ၃၃ နှစ်ရွယ် အီရတ်လူမျိုး Abu Walaa ကို IS လူသစ် စုဆောင်းတဲ့ဂိုဏ်းက အခရာကျသူဆိုတဲ့ သံသယနဲ့ နိုဝင်ဘာလက ဖမ်းဆီးမိပါတယ်။

သူဟာ ဂျာမနီကို ၂၀၀၁ ခုနှစ်က ရောက်လာချိန်ကစလို့ ဂျာမနီနိုင်ငံက နာမည်အကြီးဆုံး ဂျီဟတ်တိုက်ခိုက်မှုတွေနဲ့ ဆက်စပ်သူဖြစ်တယ်လို့ ဆိုပါတယ်။ ဂျာမနီမြောက်ပိုင်းက အစ္စလာမ် ရှေးရိုးစွဲတွေစုနေတယ်ဆိုတဲ့ Hildrsheim မြို့မှာ အခြေချပြီးတဲ့နောက် အစွန်းရောက်တရားဟောသူလို့ သူ့ကိုယ်သူ တံဆိပ်တပ်ပါတယ်။ သူ့မှာ ဇနီးနှစ်ယောက်နဲ့ ကလေးတွေလည်းရှိပြီး နိုင်ငံတစ်ဝန်း ဂျီဟတ်ရေးရာ နှီးနှောဖလှယ်ပွဲတွေ လုပ်ပါတယ်။

သူနဲ့ အတူ IS ကို ထောက်ခံသူတွေလို့ စွပ်စွဲခံရသူ လေးဦးပါ မနေ့က ရုံးထုတ်လာတာပါ။

Photo: Abu Walaa Youtube
RFA Burmese
https://www.facebook.com/rfaburmese

No comments:

Post a Comment