CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Wednesday, August 16, 2017
မန္တလေးမြို့တွင် တောင်းရမ်းစားသောက်နေသူ (၆၀)ဦးနှင့် စေခိုင်းသူ(၃)ဦးကို ဖမ်းဆီးအရေးယူထား
မန္တလေးမြို့ကို မြို့တော်အင်္ဂါရပ်နှင့် ညီစေရန် လူစည်ကားသည့် နေရာများ၌ တောင်းရမ်းစားသောက်နေသူများ ကို ဖမ်းဆီးအရေးယူလျက်ရှိရာ သြဂုတ် ၁၅ ရက်ထိ တောင်းရမ်းသူ (၆၀)ဦးနှင့် စေခိုင်းသူ(၃)ဦးကို ဖမ်းဆီး အရေးယူထားကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ သန့်ရှင်းရေးဌာနမှ သိရှိရသည်။
"မန္တလေးမြို့ရဲ့ လူစည်ကားတဲ့နေရာတွေမှာ ကလေးသူငယ်တွေ တောင်းရမ်းစားသောက်နေတာတွေ အများ ကြီးတွေ့ရတယ်။ ဒါတွေကလည်း နောက်ကွယ်ကနေ စေခိုင်းတဲ့သူတွေရှိလို့ အခုလိုများလာတာပါ။ မနှစ်ကဆို ဒီလောက်မများဘူး။ ဒီနှစ်က ပိုပြီးများလာတယ်။ ဒီလိုတောင်းရမ်းစားသောက်နေကြတဲ့သူတွေကလည်း စီးပွား ရေးတစ်ရပ်လိုလုပ်လာတာ တွေ့ရတယ်။ ဒီအတွက် အရေးယူဆောင်ရွက်မှုတွေလုပ်နေတာပါ။"ဟု မန္တလေးမြို့ တော်သန့်ရှင်းရေးဌာနမှ ဌာနမှူးဦးစိုးတင့်အောင်ကပြောသည်။
အဆိုပါ ဖမ်းဆီးအရေးယူခြင်းကို သြဂုတ် ၁၁ ရက်မှ စတင်ဆောင်ရွက်ခြင်းဖြစ်ပြီး မသန်စွမ်းနှင့် သက်ကြီးရွယ် အိုများကို ခိုင်းစေသည့် သူများသည် လူစည်ကားသည့် နေရာများသို့ ဆိုင်ကယ်များဖြင့် ပို့ကာ တောင်းရမ်း ခိုင်းနေခြင်းကြောင့် ၎င်းတို့ကိုလည်း လိုက်လံဖမ်းဆီးနေကြောင်း သိရသည်။
“လက်ရှိ မန္တလေးမြို့ရဲ့ လူစည်ကားတဲ့လမ်းဆုံတွေမှာ မီးပွိုင့်တွေရှိတယ်။ အသက်(၈)နှစ်၊ (၉)နှစ်၊ (၁၀)နှစ်က လေးတွေ တောင်းရမ်းစားသောက်နေတာတွေရှိတယ်။ ဒီကလေးတွေက အသက်မစေ့သေးတဲ့အတွက် သူတို့ကို နောက်ကွယ်က ခိုင်းတဲ့သူတွေ ရှိလောက်တယ်။ ကျုံးထောင့်လိုနေရာမျိုးဆိုရင် နိုင်ငံခြားသားတွေ အများဆုံး သွားတယ်။ အဲဒီအတွက် ဒီလိုလုပ်တာ နိုင်ငံအတွက်သိက္ခာကျစေသလို မြို့ကိုလည်း သိက္ခာကျစေတယ်။ အခု လိုလုပ်တာကောင်းပါတယ်။ ဒါပေမဲ့ နောက်ကွယ်က ကြိုးကိုင်တဲ့သူတွေကိုလည်း ဖမ်းဆီးအရေးယူဖို့ လိုအပ် တယ်။”ဟု မန္တလေးမြို့ခံ ဦးထွန်းထွန်းက ပြောသည်။
လက်ရှိ ဖမ်းဆီးရမိသူ (၆၀)ဦးတွင် အသက်(၁၈)နှစ်အောက်ကလေးသူငယ်(၄၀)ဦး ပါရှိပြီး ၎င်းတို့ကို မန္တလေးမြို့ရှိ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနသို့ ပို့ဆောင်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper/
မန္တလေးမြို့တွင် တောင်းရမ်းစားသောက်နေသူ (၆၀)ဦးနှင့် စေခိုင်းသူ(၃)ဦးကို ဖမ်းဆီးအရေးယူထား
Reviewed by MP4 YoU
on
August 16, 2017
Rating: 5
Reviewed by MP4 YoU
on
August 16, 2017
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment