Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, August 3, 2017

ရခိုင်မှာ လက်နက်ကိုင်အချို့ရဲ့ ပစ်ခတ်မှုကြောင့် လူ ၈ယောက်သေဆုံး

ပုံစာ - မောင်တောမြို့လုံခြုံရေးဆောင်ရွက်နေပုံမြင်ကွင်းတစ်ခု (photo -EPA)
ရခိုင်မှာ ဒီကနေ့ နံနက် ၈ နာရီကျော်က မူဆလင် လက်နက်ကိုင်တွေ သေနတ်နဲ့ ပစ်သတ်လိုက်တဲ့ အတွက် ကိုင်းကြီး နတလ မြိုတိုင်းရင်းသား ၈ ဦးသေဆုံးသွားတယ်လို့ သိရပါတယ်။

သေဆုံးသွားသူ ၈ယောက်ဟာ အမျိုးသမီး ၅ ဦးနဲ့ အမျိုးသား ၃ ဦးဖြစ်ပြီး ယာတဲကို သွားစဉ်မှာ သေနတ် နဲ့ ပစ်သတ်ခံ လိုက်ရတာလို့ ကိုင်းကြီးရွာသူကြီး ဦးစိန်လှမောင်ကပြောပါတယ်။ အမျိုးသမီးတွေထဲမှာ အသက် ၂၀ အရွယ်တွေလည်း ပါဝင်တယ်လို့ဆိုပါတယ်။

ရုပ်အလောင်းတွေကို စစ်သားတွေနဲ့ ရွာသားတွေ သွားရောက်သယ်ဆောင်နေပြီး မောင်တောဆေးရုံမှာ ထားရှိသွားမယ် လို့သိရပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese

No comments:

Post a Comment