Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, August 10, 2017

ဝက်လက်မြို့နယ်တွင် အွန်လိုင်းပေါ်ချစ်ကြိုက်၍ ချိန်းတွေ့ရာမှ အမျိုးသမီးတစ်ဦး ကားတင်ပြေးခံရ


ဝက်လက်မြို့နယ်တွင် အွန်လိုင်းပေါ်ချစ်ကြိုက်၍ ချိန်းတွေ့ရာမှ
အမျိုးသမီးတစ်ဦး ကားတင်ပြေးခံရ

သြဂုတ် ၉ ရက်
ဝက်လက်

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့နယ် ဟန်လင်းကျေးရွာ၌ နေထိုင်သော အမျိုးသမီးတစ်ဦးအား အွန်လိုင်းပေါ်မှာ တွေ့ရှိချစ်ကြိုက်နေကြရာမှ အပြင်တွင်တွေ့ဆုံ ချိန်းတွေ့စဉ် ကားတင်ပြေးခံရမှု တစ်မှု ဖြစ်ပွားခဲ့ကြောင်း ဝက်လက်မြို့မရဲစခန်းက သိရသည်။

ဖြစ်စဉ်မှာ ဝက်လက်မြို့နယ် ဟန်လင်းကျေးရွာ၌ နေထိုင်သော မ---၂၁နှစ်သည်။လွန်ခဲ့သော ရက်နှစ်ဆယ်ခန့်က
အသက် ၂၆ နှစ်အရွယ်ရှိ ဇွဲထက် ဆိုသူအမျိုးသား တစ်ဦးနှင့် အွန်လိုင်းပေါ်မှာတွေ့ဆုံချစ်ကြိုက်ခဲ့ကြရာက ၄င်းအမျိုးသားမှ ဟန်းလင်းကျေးရွာ အနောက်ဘက် ချင်ပေါင်ဘုန်းကြီးကျောင်း၌ တည်ရှိသော ဘုရားပေါ်သို့ လာရောက်ရန် ချိန်းဆိုသဖြင့် မ---မှ သွားရောက်တွေ့ဆုံရာ ဇွဲထက်နှင့်အတူ အသက် ၅၀ အရွယ် ကိုလှဝေ ဆိုသူအမျိုးသားတစ်ဦးပါလာပြီး
အဆိုပါအမျိုးသားစီးလာသော ဆိုင်ကယ်ပေါ်သို့
လိုက်ခဲ့ရန် ဇွဲထက်က ဓါးဖြင့်ထောက်၍ "လိုက်ရင်လိုက် မလိုက်ရင်သတ်ပစ်မည်"ဟု ခြိမ်းခြောက်ခေါ်ဆောင်သွား၍ ဆိုင်ပေါ်လိုက်ပါသွားရာမှ ၁၀ မိနစ်ခန့် အကြာ ဘင်တဲကုန်းနှင့် သခွတ္တောရွာကြား ကားလမ်းမပေါ်အရောက်တွင် အမည်မသိ အမျိုးသားသုံးဦးမှ ကားဖြူတစ်စီးနှင့် အသင့်စောင့်နေကာ ကားပေါ်ခြိမ်းခြောက်တင်ဆောင်ကာ ကားမှန်အမဲများအလုံပိတ်လျက် ခေါ်ဆောင်သွားသဖြင့် မည်သည့်အရပ်ဒေသသို့ ရောက်နေကြောင်းကို အဆိုပါအမျိုးသမီးမှ မသိရပဲ အနည်းငယ်အကြာ တိုက်ခန်းတစ်ခန်းသို့ရောက်ရှိ၍ အဆိုပါအခန်းတွင်း၌ ဇွဲထက်က လုံချည်အတင်းလှန်၍ သားမယားအဖြစ်ပြုကျင့်ခဲ့ကြောင်း သိရသည်။
နောက်တနေ့တွင် ဇွဲထက်နှင့် ကိုလှဝေတို့မှ အဆိုပါ အမျိုးသမီးအား ခေါ်ဆောင်၍ ဆက်လက်ထွက်ခွာခဲ့ကြရာ နေအိမ်တစ်အိမ်သို့ ရောက်ရှိပြီး ၄င်းအား ထာခဲ့၍ ဇွဲထက်နှင့် ကိုလှဝေတို့ နှစ်ဦးအပြင်သွားခိုက် ၄င်းရောက်ရှိနေသည့်အိမ်၏ အိမ်ရှင်ဖြစ်သူ မစုအား ကျမ ဘယ်အရပ်ရောက်နေသလဲဟု မေးမြန်းရာ ကယားပြည်နယ် လွိုင်ကော်မြို့သို့ ရောက်နေကြောင်း မစုက ပြောပြသဖြင့် လွိုင်ကော် မန္တလေးခရီးသည်တင် မှန်လုံယာဉ်ဖြင့် ထွက်ပြေးခဲ့ကြောင်း သိရသည်။

"တရားခံ ဖမ်းစီးရမိရေးဆောင်ရွက်နေပါတယ်ခင်ဗျ။ အဓိက တရားခံ ဖမ်းမိမှ ကျန်တဲ့တရားခံတွေလဲ မိမှာမို့ ကျွန်တော်တို့အဖွဲ့ အပူုတပြင်းလိုက်နေပါတယ် အခုနေအခါတော့ ဘယ်သူဘယ်ဝါတွေ ပါတယ်ဆိုတာ ပြောလို့မရသေးပါဘူး" ဟု ဝက်လက်မြို့မရဲစခန်းမှူး ဒုရဲမှူးသိန်းလွင်က ပြောသည်။

အဆိုပါ ဖြစ်စဉ်အား ၄င်းနေအိမ်အရောက်တွင် မိဘများအားပြောပြတိုင်ပင်ကာ ၄င်း ကားတင်ပြေးခံရ၍ သားမယားပြုကျင့်ခံရသူ မ---က တရားလိုပြုလုပ်၍ တိုင်တန်းခဲ့သဖြင့် သြဂုတ်လ ၇ ရက်က ဝက်လက်မြို့မရဲစခန်းတွင် (ပ)၁၆၆/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၆၆/၁၁၄ အရ အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မောင်လေး ငယ်ငယ်
Credit

No comments:

Post a Comment