Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, August 18, 2017

မြစ်ကြီးနား နမ္မတီးသွားကားလမ်းဘေးရှိ အကျဲရွာ ကုန်းဆင်းတွင် ကတ္တရာလမ်း ကျွံကျရာမှ အကျယ်၇ပေခန့်ရှိသော ကျင်းဖြစ်ပေါ်






မြစ်ကြီးနား နမ္မတီးသွားကားလမ်းဘေးရှိ အကျဲရွာ ကုန်းဆင်းတွင် ကတ္တရာလမ်း ကျွံကျရာမှ အကျယ်၇ပေခန့်ရှိသော ကျင်းဖြစ်ပေါ်

EPN
မြစ်ကြီးနား သြဂုတ် ၁၈

မြစ်ကြီးနား နမ္မတီးသွားကားလမ်းဘေးရှိ အကျဲရွာ ကုန်းဆင်းတွင် ကတ္တရာလမ်း ကျွံကျရာမှ အကျယ်၇ပေခန့်ရှိသော ကျင်းဖြစ်ပေါ်ခဲ့ကြောင်း သြဂုတ် ၁၈ ကအဆိုပါရွာ၏ အုပ်ချုပ်ရေးမှုး ဦးဘောက်နော်ကပြောသည်။

``မနေ့ညကတည်းက ဖြစ်တာပါ အဲ့ဒီအောက်မှာ ရေပိုက်လုံးရှိတယ် အထဲမှာရေအရမ်းစီးတော့ပြိုကျတဲ့ သဘောမှာရှိတယ် တံတားလုပ်ပေးရင်တော့ ပိုကောင်းမယ်ထင်တယ်´´ဟု၎င်းကပြောသည်။

၂၀၁၇တွင် ဒုတိယအကြိမ် မြေကျွံခြင်းဖြစ်ပြီး ယခင်က အကျယ်၃ပေ အနက်၅ပေခန့်သာရှိပြီး ယခုတွင် အကျယ်၇ပေခန့် အနက်၈ပေခန့် ရှိကာ ​ဆောက်​လုပ်​​ရေး(လမ်းဦးစီးဌာန) မှ သဲကျောက်ဖို့၍လာရောက်ပြုပြင်ပေးနေကြောင်း ဦးဘောက်နော်ကပြောသည်။

မီးမီး

မြစ်ကြီးနား

No comments:

Post a Comment