Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, August 29, 2017

ည အချိန် သင်္ချုင်္ိင်း တွင် လူသတ်မှုဖြစ်


အောင်လံ ၊ သြဂုတ် ၂၉။

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်အောင်လံမြို့နယ်၊ ဂွေးချိုကျေးရွာအနောက်ဘက်တစ်မိုင်ခန့်အကွာ သင်္ချုင်္ိင်းကုန်းဇရပ်ပေါ်တွင် ဩဂုတ်၂၈ရက်ည၇နာရီခွဲအချိန်က လူသတ်မှုဖြစ်ပွားကြောင်းနယ်မြေရဲစခန်းမှ တာဝန်ကျရဲဝန်ထမ်းတစ်ဦးက AHN သို့ပြောသည်။

ဖြစ်စဉ်မှာဩဂုတ်၂၈ရက်ည၇နာရီခွဲအချိန်ကမောင်……. ၂၃ နှစ်၊ ဂွေးချိုကျေးရွာနေသူနှင့်ဦး…….(၅၄)နှစ်လက်မြောင်ကျေးရွာနေသူတို့သည် ဂွေးချိုကျေးရွာအနောက်ဘက်တစ်မိုင်ခန့်အကွာ သင်္ချုင်္ိင်းကုန်းဇရပ်ပေါ်တွင် တွေ့ဆုံစကားများရန်ဖြစ်ရာမောင်…..၂၃ နှစ်က ၄င်းကိုင်ဆောင်လာသောအရိုးအသွား (၂၃) လက်မခန့်ရှိ ဝါးရိုးတပ်ဓားဦးပြတ်ဖြင့် ခုတ်သဖြင့်ဦး……၅၄ နှစ်တွင်
လည်ဂုတ်ဝဲဘက်အောက်ခြောက်လက်မပြတ်ရှ ဒဏ်ရာ၊ ယာဘက်လက်ပြင်အောက်ကျောခုံးပေါ်တွင်ငါးလက်မခန့် ပြတ်ရှဒဏ်ရာနှင့် လေးလက်မခန့်ပြတ်ရှဒဏ်ရာ၊ ကျောခုံးဝဲဘက်ပေါ်တွင်
လက်မဝက်ခန့် ပြတ်ရှဒဏ်ရာများဖြင့် ဇရပ်ပေါ်တွင် မှောက်လျက်သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိရကြောင်း၊ အခင်းဖြစ်ရာနေရာသို့ ဒုရင်္ဂဗိုလ် နယ်မြေစခန်းမှူးရဲအုပ်သန်းစိုးဝင်းဦးဆောင်သည့် တပ်ဖွဲ့ဝင်လေးဦးနှင့် စကားတောင်ရဲကင်းစခန်းမှူးရဲအုပ်ကျော်စွာလတ်ဦးစီးသော တပ်ဖွဲ့ဝင်လေးဦးတို့က ဒါးစမ်းကျေးရွာအုပ်ချုပ်ရေးမှူးနှင့် သွားရောက်စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း ရဲမှတ်တမ်းများအရသိရသည်။

ပြစ်မှုကျူးလွန်ခဲ့သည်ဆိုသော မောင်…… ၂၃ နှစ်အား ဖမ်းဆီးရမိခဲ့ပြီး၊ ဒုရင်္ဂဗိုလ်နယ်မြေရဲစခန်းကအမှုအမှတ် (ပ) ၅၂ /၂၀၁၇ ရာဇသတ်ကြီးပုဒ်မ၃၀၂ဖြင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း
သိရှိရသည်။

ကိုထွန်း (အောင်လံ)
The Asia Heart News

No comments:

Post a Comment