Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, August 16, 2017

နေအိမ်နှင့်စာသင်ကျောင်း ပျက်စီးသွားသည့် ကောင်းဝိုင်းရွာခံများအတွက် ကူညီငွေ သိန်း ၃ဝ ပေးအပ်



သြဂုတ် ၁၆ရက်၊ မားနဂါး၊ နမ့်ခမ်း။

သြဂုတ် ၁၃ ရက်တွင် ကောင်းဝိုင်းရွာ၌ တိုက်ပွဲဖြစ်ပွားခဲ့ရာ နေအိမ်ပျက်စီးသွားသည့် ရွာခံများအတွက် တပ်မ ၈၈ က ကူညီငွေ ပေးအပ်ခြင်းနှင့် ကျေးရွာအတွင်း တိုက်ပွဲဖြစ်ပွားမှုနှင့်ပတ်သက်ကာ ရှင်းလင်းခြင်းအခမ်းအနားကို သြဂုတ် ၁၄ ရက်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ အခမ်းအနားတွင် နေအိမ်ပျက်စီးသွားသူများနှင့်စာသင်ကျောင်းအတွက် ကူညီငွေ သိန်း ၃၀ ကျပ် ပေးအပ်ခဲ့သည်ဟု အခမ်းအနားသို့ တက်ရောက်ခဲ့သူ နမ့်ခမ်းမြို့ ပ္လါင်ဆာင်ငည်းလူငယ်တာဝန်ခံ မိုင်းသန်းညွန့်က ပြောသည်။


"အခမ်းအနားမှာက ရွာထဲမှာ တိုက်ပွဲမဖြစ်ချင်ပဲနဲ့ ဖြစ်သွားရတဲ့အကြောင်းကို ရှင်းပြတာပါ။ ခုလိုဖြစ်သွားတော့ သူတို့(တပ်မ ၈၈)လဲ စိတ်မကောင်းဘူးပေါ့။ သိန်း ၃ဝ ဆိုတာက အိမ်တွေနဲ့စာသင်ကျောင်း ပျက်စီးသွားတာတွေ ပြင်ဖို့အတွက်ပါ" ဟု မိုင်းသန်းညွန့်က သြဂုတ် ၁၆ ရက်တွင် ပြောသည်။


သြဂုတ် ၁၃ ရက်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် ကောင်းဝိုင်းရွာရှိ နေအိမ် ၄ အိမ်မှာ လက်နက်ကြီးများ ထိမှန်ခဲ့ကြောင်း၊ နေအိမ် ၁ဝ အိမ်သည် လက်နက်ငယ်များ ထိမှန်ခဲ့ကြောင်း ၎င်းကဆိုသည်။

ဒဏ်ရာရရှိသူ ၄ ဦးသည်လည်း နမ့်ခမ်းမြို့နယ် ပြည်သူ့ဆေးရုံတွင် သြဂုတ် ၁၆ရက်ထိ ဆေးကုသမှု ခံယူနေရဆဲဖြစ်ကြောင်း သိရသည်။

Photo- Mai Than Nyut
Marnagar News Journal
https://www.facebook.com/marnagarnewsjournal

No comments:

Post a Comment