Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, August 8, 2017

ဆားပုလင်းနှင်းမောင် နှင့် အင်းစိန်ထောင်သရဲစီးခံရသောညတစ်ည (သို့မဟုတ်) မင်းသိင်္ခ နှင့် အတူထို ၆ လ


ဆားပုလင်းနှင်းမောင် နှင့် အင်းစိန်ထောင်သရဲစီးခံရသောညတစ်ည
(သို့မဟုတ်) မင်းသိင်္ခ နှင့် အတူထို ၆ လ 
( The Hot News )

တစ်နေ့၌ (ကျွန်ုပ်သည်ရှစ်လေး လုံးအရေးတော်ပုံကြီး အဖြိုခွဲခံရပြီးနောက် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏။ ခေါင်းဆောင်တစ်ဦးအနေဖြင့် အင်းစိန် အကျဉ်းထောင်သို့ရောက်ရှိခဲ့ရလေသည်။ ထိုစဉ်က မြန်မာပြည်တစ်လွှားလူသိအထူး ထင်ရှားလှသော ဗေဒင်ဆရာ၊ စာရေး ဆရာ၊ ဆရာမင်းသိင်္ခမှာလည်း ကျွန်ုပ်ထက် အရင် အင်းစိန်ထောင်ထဲသို့ရောက်ရှိနေ လေသည်။ အကြောင်းမှာ ဆရာမင်းသိင်္ခ သည်လည်း ရှစ်လေးလုံးအရေးတော်ပုံ ကြီးတွင် မြန်မာပြည်သားတစ်ဦးအနေဖြင့် သမိုင်းပေးတာဝန်ကို မခိုမကပ်ဘဲ တစ်ပြည်လုံးလှည်းနေလှေအောင်းမြင်စောင် မကျန်အောင်ရဟန်းရှင်လူပြည်သူကျောင်း သားများနှင့် အတူ မြန်မာပြည်သူတို့ လိုချင်တောင့်တနေသော ဒီမိုကရေစီနှင့် လူအခွင့်အရေးများကို တိုက်ပွဲဝင်ခဲ့၍ဖြစ် လေသည်။ ကျွန်ုပ်နှင့် ဆရာမင်းသိင်္ခတို့ တွေ့ဆုံရင်းနှီးခဲ့ရသဖြင့် ၎င်းသည်ပင်လျှင် ဘ၀အဆက်ဆက်မှ ပတ်သက်ခဲ့ဖူးသူတို့ ၏ ပြန်လည်တွေ့ဆုံခြင်းဟု ကျွန်ုပ်အနေ ဖြင့် မှတ်ယူပေသည်။ ဆရာမင်းသိင်္ခသည် လူငယ်စဉ်က လွတ်လပ်ရေးရပြီစကာလက ချောက်မြို့နယ်ဝန်းကျင်တွင် သခင်စိုး၏ အလံနီကွန်မြူနစ်ပါတီဝင်တစ်ဦးဖြစ်ခဲ့ဖူး ပေသည်။ သူ၏နိုင်ငံရေးအမည်မှာ ရဲနီ အောင်ထွန်းဖြစ်၏။

ဆရာမင်းသိင်္ခဖြစ်လာမည့် ရဲနီအောင် ထွန်းမှာ ၎င်းနိုင်ငံရေးလှုပ်ရှားမှုဖြင့် ထောင်ကျခဲ့ရလေသည်။ ၎င်းပထမအကြိမ် ထောင်ကျစဉ်က ထောင်ထဲတွင် ဦးဂွမ် တီသကဲ့သို့အလွန်တူသော လူထူးလူဆန်း တစ်ဦးဖြင့် ဆုံတွေ့ခဲ့သည်ဟုဆိုသည်။

ဆရာမင်းသိင်္ခထောင်မှ လွတ်ခါနီး တွင် ထိုပုဂ်္ဂိုလ်ကြီးက မင်းထောင်က လွတ်ရင်းငါပြောတဲ့နေရာကိုသွား အဲဒီ မှာ ရှေးကတည်းကစုထောင်းလာတဲ့ စာပေတွေ ရှိတယ်။ အဲဒါတွေ လေ့လာဆည်ပူးပြီး မင်းဘ၀ကို အသက်မွေးဝင်းကျောင်းပေ တော့ဟု မှာလိုက်သည်ဟူသည် ဆရာ မင်းသိင်္ခလည်း ထိုပုဂ်္ဂိုလ်မှာလိုက်သည့် အတိုင်းလိုက်နာကျင့်ကြံလေရာ ဆရာ မင်းသိင်္ခဟူ၍ တိုင်းပြည်တစ်လွှားနာမည် ကျော်ကြားသော စာရေးဆရာဗေဒင် ဆရာတစ်ဦးဖြစ်လာခဲ့လေသည်။

ဆရာမင်းသိင်္ခဖန်တီးခဲ့သော ဆားပု လင်းနှင်းမောင်မှာ ကျွန်တော်၏ ဘ၀ငယ် စဉ်တစ်လျှောက် သူရဲကောင်းတစ်ဦးဖြစ်ခဲ့ လေသည်။ ကျွန်တော်အကြိုက်ဆုံးထဲတွင် ဆားပုလင်းနှင်းမောင်၊ ရုပ်ရှင်မင်းသားရွှေ ဘနှင့် တွံတေးသိန်းတန်တို့ဖြစ်သည်။ ဆားပုလင်းနှင်းမောင်သည်ဗြိတိသျှဝန်ထမ်း တစ်ဦးဖြစ်သည့်ကြားက လူထုဘတ်ကရပ် တည်ခဲ့သည်။ ရွှေဘသည်လူထုဘက်မှ ရပ်တည်သည်။ တွံတေးသိန်းတန်၏ တေးသီချင်းများသည်။ မြန်မာ့ကျေးလက် ဘ၀ကို အလွန်ပင်ကိုယ်စားပြုထင်ဟပ် လှပေသည်။ ထို့ကြောင့် ယခုဆောင်းပါး ကို ကျွန်တော်ခင်မင်ခဲ့သော စာရေးဆရာ မင်းသိင်္ခကို ဂုဏ်ပြုသောအားဖြင့် ဆရာ ၏ ရေးသားဟန်ကိုတု၍ ရေးသားလိုက် ရပေသည်။

ကျွန်ုပ်နှင့် ဆားပုလင်းနှင်းမောင်တွေ့ဆုံ ကြခြင်း

တစ်နေ့သ၌ ကျွန်ုပ်သည်အင်းစိန် ထောင်၃တိုက်၏ အခန်းငယ်အတွင်း သံ တိုင်များကို ကိုင်ကာ၊ တောင်တောင် အီအီငေးမောနေခိုက် ကျွန်ုပ်၏အခန်းရှေ့ မှ နှုတ်ခမ်းမွှေးကားကားဖြင့် အသားအရေ နီညိုရောင်ဖြင့် လူပုဂ်္ဂိုလ်တစ်ယောက်ဖြတ် ကျော်သွားသည်ကိုမြင်တွေ့လိုက်လေသည်။ မြင်ဖူးသလိုလိုဟုတွေးနေပြီး ချက်ချင်းပင် ကျွန်ုပ်အလွန်တစ်ရာမှပင် ကြိုက်နှစ်သက် သော ဆားပုလင်းနှင်းမောင်ဆိုသော ဃှီု စုံထောက်ကြီးကို ဖန်တီးခဲ့သော စာရေးဆရာမင်းသိင်္ခမှန်းသိလိုက်လေ သည်။

ကျွန်ုပ်လည်းဝမ်းသာအားရဖြင့် “ကိုနှင်းမောင်ရေ ဘယ်သွားမလို့လဲဗျ”ဟု မင်းသိင်္ခစတိုင်အသုံးနှုန်းဖြင့် ဆရာမင်းသိင်္ခ အစစ်ကို ၀မ်းသာအားရနှုတ်ဆက်လိုက် သည်။ ဆရာမင်းသိင်္ခကလည်း ပြုံးပြုံးရွှင် ရွှင်ဖြင့်ပင် အောက်ပါအတိုင်းနောက်ပြောင် ၍ ပြန်နှုတ်ဆက်ပါသည်။

“အိုင်ပီ ကိုအောင်သင်းရေ ရေချိုး ဆင်းမလို့ဗျ”တဲ့ ထိုနေ့မှစ၍ ကျုပ်နှင့် ဆရာမင်းသိင်္ခတို့သည် ခင်မင်သွားပြီး၊ ကျွန်ုပ်ကလည်း ဆရာကို ကိုနှင်းမောင် ဟုခေါ်ကာ ဆရာကလည်း “အိုင်ပီကိုအောင် သင်းဟု” နောက်ပြောင်၍ ပြန်ခေါ်တတ် ပါသည်။ ရေချိုးချိန်တိုင်းကျွန်ုပ်ကလည်း မင်းသိင်္ခထံသွားလည်တတ်သလို မင်းသိင်္ခ ကလည်း ကျွန်ုပ်အခန်းရှေ့သို့လာ၍ စကားစမြည်လာရောက်ပြောဆိုတတ်ကြ သည်။

“သူရဲစီးခံရသော အင်းစိန်ထောင်၏ ညတစ်ည”

တစ်နေ့သ၌ အင်းစိန်ထောင်၏ အသားစားရသောညတစ်ညတွင်ဖြစ်ပါ သည်။ (ထောင်၌ ၇ ရက်တစ်ပတ်၊ တစ်နပ် သာလျှင်အသားစားရပါသည်) အင်းစိန် ထောင်တစ်ခုလုံးအကျဉ်းသား ၈၀၀၀ ၀န်း ကျင်ခန့်အိပ်မောကျနေသော ညတစ်ည တွင်ဖြစ်လေသည်။

ကျွန်ုပ်၏ ညာဘက်ကပ်လျက်အခန်း တွင် သခင်ကြည်ရှိန် (လယ်ဝေး) ရှိလေ သည်။ ကျွန်ုပ်အခန်းထဲတွင် ၈၈ မျိုးဆက် ကျောင်းသား အဖဦးဘိုးအောင်၏သား အောင်သူ၊ ယခုအမေရိကန်၌ ဒေါက်တာ ဘွဲ့သင်တန်းတက်နေသော အ.ခ.သ ကျောင်းသားခေါင်းဆောင်မင်းဇင်၏ ဖခင်ဆရာဦးမြသန်း၊ ဗ.က.ပ မြေအောက် ကေဒါစိုးနိုင်တို့ အိပ်မေကျနေကြသည်။ ညာဘက်ကပ်လျက်အခန်းတွင် ကိုမော် မင်းလွင်၊ ကိုအောင်မင်းလွင်၊ ဘန်နီအစ ရှိသော ဒေါ်အောင်ဆန်းစုကြည်၏ခြံထဲ မှ အနီကပ်လူငယ်များလည်းအိပ်မောကျ နေကြသည်။

ကျွန်ုပ်တို့ ၃ တိုက်၏ အဝေးဆုံး အစွန်ဆုံးအခန်းတစ်ခုတွင် ဆရာမင်းသိင်္ခ မှာ တစ်ယောက်တည်တစ်ခန်းတည်ခြင်း ခံလေရလေသည်။ သူနှင့် အနီးဆုံးအခန်း တွင် ဒေါက်တာဘမော်၏ သမက်၊ ဦးရဲထွန်းရှိနေပါသည်။ နောက်တော့ NLD မှ ဦးထွန်းတင်တို့ရှိနေသည်။

ညသန်းခေါင်အချိန်လောက်တွင် လွန်စွာမှပင် ထူးဆန်းလှသော အသံထု ကြီးတစ်ခုသည်။ အင်းစိန်ထောင် ၁ ဆောင်၊ ၂ ဆောင်များဘက်မှ ပေါက်ထွက်လာ လေတော့သည်။ ကျွန်ုပ်၏ ဘ၀သက်တမ်း တစ်လျှောက်တွင် ၎င်းအသံကဲ့သို့ရွေ့လျား လာနေသော အသံထုလှိုင်းကြီးမျိုးကို တခါမျှမကြားဖူးသဖြင့် ထူးဆန်းသဖြင့် ကျွန်ုပ်လည်း ချက်ချင်းအိပ်နေရာမှ မတ် တပ်ရပ်ကာ အခန်းအပြင်သို့နားစွင့်လိုက် တော့သည်။ ၎င်းအသံနက်လှိုင်းကြီးမှာ တိုးရာမှကျယ်လာကာ ဝေးရာမှ တဖြည်း ဖြည်းကျွန်ုပ်တို့နှင့် နီးနီးလာလေတော့ သည်။

မကြာမီ ၆ တိုက်ဘက်မှ နိုင်ငံရေး အကျဉ်းသားများလည်း ထိုသံလှိုင်းကြီးထဲ တွင် လိုက်အော်ကြကာ ကျွန်ုပ်တို့ ၃ တိုက်သို့ကူးတက်လာလေသည်။ ကျွန်ုပ် ဘက်ဘယ်အဆုံးမှ ဆရာဦးမြသန်းသည် လည်းကောင်း၊ ဗကပ ကေဒါစိုးနိုင်သည် လည်းကောင်း၊ ပလတ်စတစ်အရုပ်သေနတ် မိမူဖြင့် အဖမ်းခံရထားရသောတောပြဇာတ် မင်းသားတစ်ယောက်သည်လည်းကောင်း၊ ၎င်းအသံနက်ကြီးထဲတွင် အိပ်နေရာမှ ငေါက်ကနဲလိုက်၍ အော်ကြပါတော့သည်။

ကျွန်ုပ်နှင့် အောင်သူနှစ်ဦးသာ သတိရှိနေခဲ့ကြပြီး၊ ဘာလုပ်ရမည်ကို ချက်ချင်းအဖြေတွက်သွားပြီး၊ ဗ.က.ပ စိုးနိုင်နှင့် ပလတ်စတစ်သေနတ်မှုပြဇာတ် မင်းသားကို နားရင်းအုပ်ပါတော့သည်။ ဆရာဦးမြသန်းကိုမူ လေးစားသမူဖြင့် ကိုယ်ကိုခါရမ်းကာ သတိရအောင်လုပ်ရ လေသည်။ ကျွန်ုပ်နှင့် ၈၈ မျိုးဆက်အောင် သူတို့၏ နားရင်းအရိုက်ကောင်းမူကြောင့် ဗကပနှင့် ပြဇာတ်မင်းသားသတိရလာပြီး ပြန်ကောင်းသွားလေတော့သည်။

ဘေးခန်းမှ သခင်ကြည်ရှိန် (လယ် ဝေး)နှင့် ကိုမော်ကိုအောင်တို့လည်း ဘာဖြစ်လဲဆိုပြီး မေးကြမြန်းကြတစ်ထောင် လုံးဆူညံသွားလေတော့သည်။ အားလုံး အဖြစ်မှန်ကိုသိသွားပြီး ငြိမ်သက်သွားကြ သောအချိန်တွင် ၃ တိုက်၏အဝေးဆုံးအခန်း မှ သံတံခါးကို လက်နှစ်ဖက်ဖြင့် ကိုင်ကာ ခါယမ်းနေသော အသံကြီးတစ်ခုထွက် ပေါ်လာတော့သည်။ဆရာမင်းသိင်္ခ၏ အသံထွက်ပေါ်လာသည် “တံခါးဖွင့်ပေးပါ ဗျို့တံခါးဖွင့်ပေးပါဗျို့”ဟု အော်သံကြား ရပေတော့သည်။ ထောင်ဝါဒါတချို့ ဆရာမင်းသိင်္ခအခန်းဆီသို့ပြေးသွားသည် ကို တွေ့လိုက်ရသည်။ ဆရာမင်းသိင်္ခတစ် ယောက်သရဲအစီးခံရပြီး သရဲအခြောက် ခံရသည်ဟုဆိုလေသည်။ ထောင်ထုံးခံ အရညဘက်တံခါးဖွင့်ပေးလို့လည်းမရသဖြင့် ဆရာမင်းသိင်္ခသည် ထိုညက သရဲ အချောက်ခံရလျက်ပင် တစ်ယောက်တည်း ခြောက်ချားစွာဖြင့် တစ်ညလုံးကို ငုတ်တုတ် ထိုင်နေခဲ့ရလေတော့သည်။ ဆရာ မင်းသိင်္ခအတွက်ထိုညသည်အရှည်ဆုံး ညတစ်ညပင်ဖြစ်ခဲ့လေသည်။

ဆရာမင်းသိင်္ခ၏ ကပ်လျက်အခန်းသို့ ပြောင်းရွေ့ရခြင်း

ကျွန်ုပ်နှင့် အောင်သူလည်း ဆရာ မင်းသိင်္ခ၏ အခန်းဘေးတွင် လူမရှိဘဲ လွတ်နေခြင်းနှင့် အခြားအကြောင်းကြောင်း တို့ကြောင့် ထိုလွတ်နေသောအခန်းသို့ ပြောင်းရွေ့ခဲ့ရလေတော့သည်။ ၎င်းနေ့မှ စ၍ ဆရာမင်းသိင်္ခ၊ ကျွန်ုပ်နှင့် အောင်သူ တို့သည် တစ်ထောင်တည်း၊ တစ်တိုက် တည်း၊ အခန်းချင်းကပ်လျက်ထောင် နီးချင်းဘ၀သို့ ရောက်ရှိခဲ့လေတော့သည်။

ကျွန်ုပ်နှင့် အောင်သူသူ့ကပ်လျက် အခန်းတားသို့ရောက်ရှိလာသဖြင့် ဆရာ မင်းသိင်္ခလည်း အလွန်တရာမှပင် ပျော်ရွှင်နေကြောင်းတွေ့ရသည်။ အကြောင်းမှာ နောက်တစ်ခေါက်ထောင် သရဲစီးလျှင် သူ့ကပ်လျက်မှာ မှတ်ရသွား ခြင်း စကားစမြည်ပြောဖော်ရခြင်းနှင့် အထူးသဖြင့် ကျွန်ုပ်မှာ ညဖက်ညဖက် တွင် ဆရာမင်းသိင်္ခနားထောင်ချင်သော သဲထိတ်ရင်ဖိုကြောက်စရာကိုယ်တွေ့ဇာတ် လမ်းများနှင့် ဖတ်ထားသောစာတိုပေစ များထဲမှ ဇာတ်လမ်းများကို ဆရာမင်းသိင်္ခ မှ အလွန်မှပင်ကြိုက်နှစ်သက်သောကြောင့် ဖြစ်လေသည်။

ဆရာမင်းသိင်္ခအကြိုက်ဆုံး ကျွန်ုပ်ကိုယ် တွေ့ဇာတ်လမ်းတစ်ပုဒ်

အင်းစိန်ထောင်၏ ညတစ်ညတွင် ဆရာမင်းသိင်္ခအား ကျွန်ုပ်ပြောပြခဲ့သော သူ့အကြိုက်ဆုံးဇာတ်လမ်းမှာ ဤသို့ဖြစ် သည်။

တစ်နေ့သ၌ ကျွန်ုပ်သည်အချင်ဆုံး သူငယ်ချင်းကိုဝ (ရဲနိုင်အောင်) စက်မှု တက္ကသိုလ်၏ ဇာတိမြို့ဖြစ်သော တောင်ငူသို့အလယ်သွားတော်သည်။ တောင်ငူနှစ်ကျိပ်ရှင်ဆူဘုရားပွဲသို့သွား ချင်းလည်းဖြစ်သည်။ ကျွန်ုပ်နှင့်အတူ ခင်မောင်အေး (စက်မှုတက္ကသိုလ်ကျောင်း သားနောင်လူ့ကောင်သစ်ဒီမိုကရေစီပါတီ) လည်းပါလေသည်။ ကိုဝ၏ မိခင်ဆရာမ ဒေါ်ယဉ်ယဉ်ကလည်း ထိုညက ရန်ကုန် သို့ ညအမြန်ရထားဖြင့် ပြန်သွားလေ သည်။ ထိုကြောင့် ထိုညက ကျွန်ုပ်တို့ ၃ ယောက်ထဲလည်းကောင်း၊ ၂ ထပ်တိုက် အိမ်ကြီး၏။ အောက်ထပ်တွင် ၃ ယောက် တန်းစီကာ အိပ်ကြလေတော့သည်။ ကျွန်မှာ စာအုပ်ကိုဖတ်နေလေသည်။ ကျွန်ုပ်ဘေးမှ ၂ ယောက်မှာ အိပ်မော ကျနေကြပြီ ကောက်သံများပင်တွက်နေ လေသည်။ ကျွန်ုပ်လည်းခြင်ထောင်ထဲတွင် မီးချောင်းမီးရောင်ဖြင့် စာဖတ်ရင်းငိုက် မြည်းသွားသည်။ ထိုစဉ် အပေါ်ထပ် ကြမ်းပြင်ဆီမှ ကြမ်းမင်းကို ဖနောင့်ဖြင့် စောင့်ကာ စောင့်ကာလမ်းလျှောက်သံကြီး ပေါ်ထွက်လာပါသည်။

ထိုကြောင့် ကျွန်တော်လည့်နိုးသွား ပြီး၊ ဘေးမှ ၂ ယောက်ကိုနိုးလိုက်ရသည်။ ကျွန်တော်အိပ်မပျော်ခင်က မီးဖွင့်ပြီးစာ ဖတ်နေခဲ့ကာ ယခုနိုးလာသည့်အချိန်တွင် တစ်အိမ်လုံးမဲမှောင်နေသည်။ ထိုကြောင့် ၃ ယောက်သားအတူလျောက်၍ မီး အလုပ်ရှိရာသို့ စမ်းတ၀ါးဝါးဖြင့်သွားက မီးဖွင့်လိုက်ရသည်။ မီးပေါ်ထပ်မှ တဒုန်း ဒုန်းလမ်းလျှောက်သံမှာ ကျွန်တော်တို့ ၃ ယောက်ရွေ့လျားရာတော်သို့လိုက်တွေ့နေ ခြင်းဖြစ်သည်။ ကျွန်တော်တို့လည်းအိမ် အောက်ထပ်ရှိ မီးများအားလုံးကို ဖွင့် လိုက်ကြသည်။ အပေါ်ထပ်မှ အသံမှာ ကျွန်ုပ်တို့နောက်သို့ရွေ့နေသေဖြင့် ကျွန်ုပ် စိတ်ဆိုးလာသဖြင့် အောက်မှနေ၍အပေါ် လျှာထိုးကြမ်းခင်းအသံကြားရာသို့ခုတ်ဖြင့် စောင့်စောင့်ထိုးပါသည်။ ကျွန်ုပ်မှ ဒုတ် ဖြင့် ထိုးလျှင့်အပေါ်ထပ်မှ ပြန်၍ စောင့်နင်းသံပြန်ပေးပါသည်။ ကျွန်ုပ်တို့ လည်း ပါးစပ်မှ ဆဲဆိုပါတော့သည်။ ထိုကြောင့် အပေါ်ထပ်သို့တက်ကြည့်ရန် ပြောရာ ကိုဝမှ လက်နှိပ်ဓာတ်မီးဖြင့် အပေါ်ထပ်တက်ရာလှေကားထိပ်ကို ပြရာ သံကြိုးများအထပ်ထပ်ဖြင့်သော့များ ဖြင့် ခတ်ထားကြောင်းတွေ့လိုက်ရလေ သည်။ ထိုကြောင့်အပေါ်တပ်သို့တက်ကြည့် ၍ မရပေ။ ကျွန်ုပ်တို့ ၃ ယောက်၏ ဆူညံသံများကြောင့် ဘေးပတ်ဝန်းကျင် မှ နိုးလာကြပြီး သိပ်မထူးဆန်းသလိုဖြင့် ပြန်အိပ်သွားကြပါသည်။ ကျွန်ုပ်တို့ ၃ ယောက်လည်း မအိပ်ချင်ကြတော့သဖြင့် နှစ်ကျိပ်ရှစ်ဆူဘုရားပွဲတော်သို့လမ်းလျှောက် ထွက်ခဲ့ကြပြီး ဇာတ်လမ်း၏ကျောရိုးလို ကိုဝမှရှင်းပြလေတော့သည်။

 ဖြစ်ပုံမှာ ဤအိမ်ကြီးကို တောင်ငူမြို့မှ မိန်းမကြီး တစ်ဦးက သူဘ၀တသက်တစ်လုံးစုဆောင်း ထားခဲ့သော ရွှေငွေရတနာတို့ကိုရောင်း ချ၍ ကျွန်း၊ ပျဉ်းကတိုးနှင့် အောက်ထပ် ကို အုတ်စီကာဆောက်လုပ်ခဲ့သည်။ ဆောက်ရင်းဆောက်ရင်းဖြင့် ——— များလာသဖြင့် အပြီးသတ်တွင် ထိုမိန်းမ ကြီးကိုယ်တိုင်မကုန်သင့်တာမကုန်ရလေ အောင် လက်ပေါက်စေ့အောင် ညနေတိုင်း စီမံတတ်လေသည်။ အိမ်ကြီးပြီးဆုံးကာနီး တစ်ညနေတွင် အပေါ်ထပ်သို့တက်ရာ လှေကား၏ လက်ကိုင်တန်းဖို့လက်သမား တို့က အပြီးသံရိုက်မသွားဘဲ။ သံဖြင့် အလွယ်တေးကာ ရိုက်ခဲ့ကြသည်။ အကြောင်းမှ ညနေစောင်းနေ၍ အိပ်ပြန် ချင်ကြသဖြင့် လက်တန်းမပြီရင် ထိုနေ့ အတွက်နေ့စာစမိန်းမကြီးမှ မထုတ်ပေးမှာ စိုးသဖြင့်ပြီးချင်ယောင်ဆောင်ကာ နောကတစ်ရက်မှ အပြီးသတ်ရိုက်မည်ဟု ဆုံးဖြတ်ကာအိမ်ပြန်သွားကြသည်။ ထိုမိန်းမကြီးလည်း အပေါ်ထပ်မှတွင် လိုက်လံစစ်ဆေးအပြီး လှေကားလက်တန်း ကို အားပြုကာပြန်အဆင်းတွင် လက်တန်း ပြုတ်ကျသွားပြီး လှေကားထိပ်မှပြုတ်ကျ ကာ ပွဲချင်းပြီးသေသွားလေတော့သည်။

ထိုနေ့မှစတင်ကာ ထိုအိမ်ကြီးသည် သရဲခြောက်သည်ဟုကျော်ကြားလာပြီး နေမည့်သူငှားမည့်သူမရှိဖြစ်နေသည်။ ကိုဝ၏။ မိခင်ဆရာမဒေါ်ယဉ်ယဉ်မှ အယုံအကြည်မရှိ မကြောက်တတ်ဟုဆို ပြီး တစ်လလျှင် ၁၀၀ ကျပ်ဖြင့် ငှားရမ်း ကာဆိုအိမ်ကြီးတွင်နေထိုင်ခဲ့လေသည်။ ဒေါ်ယဉ်ယဉ်မှာ ဘုရားတရားရတနာ ၃ ပါးကိုလွန်စွာကိုးကွယ်ဆည်းကပ်သူဖြစ် သဖြင့် မကြောက်မရွံ့နေထိုင်လာခဲ့သည်။

တစ်ညတွင် ကိုဝလည်းကျောင်းပိတ် ၍ အိမ်ရာကာသဖြင့် ဘုရားစင်ရှေ့တွင် ခြင်တောင်တောင်ကာ အိပ်နေလေသည်။ အိပ်နေစဉ်သူ့ဘေးမှ ခြေသ့ကြားသည်ကို သတိထားမိသွားည်။ သူခြင်ထောင်ကို လည်းလာ၍ လှုပ်သွားသဖြင့် အိပ်ယာမှ ထထိုင်ကာ ခြေသံရှိရာသို့ လှမ်းကြည့် လိုက်သည့်အခါ မိန်းမတစ်ဦးကို ဘုရင်း စင်မှ ငါးတိုင်အားမီးရောင်ဖျဖျအောက် တွင် တွေ့ရသဖြင့် “မေမေလား”ဟု မေး လိုက်သည်။ ထိုအခါထိုမိန်းမမှ ကိုဝဖက် သို့လှည့်လိုက်ရာ မျက်နှာတစ်ခုလုံး မျက်စေ့နှာခေါင်းပါးစပ်လုံးဝမရှိသော ပြောင်ပြောင်ကြီးကိုတွေ့လိုက်ရလေသည်။ ထိုကြောင့် ကိုဝလည်း ငယ်သံပါအောင် အော်မိလေတော့သည်။ ထိုကျမှ သူ့မိခင် ဆရာမဒေါ်ယဉ်ယဉ်အိပ်ခန်းထဲမှ ပြေး ထွက်လာပြီး ဘုရားသောက်တော်ရေ တိုက်ခြင်း၊ ဂါထာတော်များရွတ်ဖတ်ခြင်း လုပ်ရလေတော့သည်။ တစ်ခါက ကိုဝ၏ ညီမှာ မြန်မာ့တပ်မတော်မှ စစ်သားတစ် ဦးဖြစ်ရာ ခွင့်ဖြင် အိမ်ပြန်လာသောည တစ်ညတွင် သူ၏ခြေထောက်အား အပ် ဖြင့်တိုးသဖြင့် ငယ်သံပါအောင်အိပ်ယာ ထဲမှ ထွက်ပြေးရဖူးလေသည်။

မိုးဟိန်း

No comments:

Post a Comment