Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, August 25, 2017

ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လပ် စင်္ကာပူနိုင်ငံသို့ ထွက်ပြေး


Breaking news on 25-8-2017
==========================================
တရားရုံးဆုံးဖြတ်ချက်ကို လာရောက် နားထောင်ဘို့  ပျက်ကွက်ခဲ့တဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လပ် ချူနာဝပ်တရာ yingluck shinawatraဟာ
ထိုင်းကမ္ဘောဒီယား နယ်စပ်ကတဆင့် စင်္ကာပူ နိုင်ငံကိုထွက်ပြေးသွားခဲ့ကြောင်းသိရပါတယ်။

စင်္ကာပူ နိုင်ငံမှာ အကိုဖြစ်သူ တက်စင် ချူနာဝပ်တရာ ( ၀န်ကြှီးချုပ်ဟောင်း) ကလာရောက်ကြိုခဲ့ပြီး နောက် အာရပ်အင်မရိတ် နိုင်ငံကို ဆက်လက်ထွက်ခွာသွားပြီဖြစ်ကြောင်း ထိုင်းသတင်းတွေမှာဖေါ်ပြနေပါတယ်။

ဘန်ကောက်မြို့  ရချဒါဖိစက် တရားရုံးကတော့ သူမကိုဖမ်းဝရမ်း ထုတ်ခဲ့ပါတယ်။

ယင်လပ်ဟာ သူမ၀န်ကြီးချုပ်ဖြစ်စဉ်ကာလအတွင်း အကိုဖြစ်သူရဲ့  ကြီးကြပ်မှုနဲ့  လယ်သမားတွေဆီက ဆန်အပေါင်ခံပြီး GtoG (govermment to Govermment ) အစိုးရချင်း ဆန်တိုက်ရိုက်ရောင်း တဲ့ စီမံကိန်း(မြန်မာနိုင်ငံ မဆလ ခေတ်က စပါးဒိုင်တွေဆီကိုသာ ရောင်းရမည် အပြင်မှာရောင်းခွင့်မရှိ ပုံစံမျိုး)
မှာ ဘတ်ငွေသန်းပေါင်း သောင်းချီဆုံးရူံးခဲ့ရတဲ့အမှု ဟာ တရားရုံးက ဆုံး
ဖြတ်ချလို့  ယင်လပ်မှာ အပြစ်ရှိတယ်ဆိုရင် ဘတ်သန်း ၃၀၀၀၀ ကျော်လျော်ရမှာဖြစ်ပြီး ထောင်ဒဏ်ပါကျခံရမှာဖြစ်ပါတယ်။

ယင်လပ်ဟာ အမှုရူံးမယ်ဆိုကြိုသိနေပုံရပါတယ် ၊ထိုင်းနိုင်ငံကနေ ထွက်ပြေးတိမ်းရှောင် သွားရာမှာ သူမနဲ့ အတူ သားဖြစ်သူအသက် (၁၅)နှစ် ပါ တပါတည်းခေါ်ဆောင်သွားခဲ့ပါတယ်။
SAW
Credit Khaosod
Social Action for Children and Women - SAW

No comments:

Post a Comment