Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, July 23, 2017

အမ်းတွင် ဆိုင်ကယ်နဲ့ ၆ဘီးကုန်တင်ကားတိုက်၍ ဆယ်တန်းကျောင်းသားတစ်ဦး သေဆုံး



စစ်တွေ၊ ဇူလိုင် ၂၃

ရခိုင်ပြည်နယ် အမ်းမြို့တွင် Fuso ၆ ဘီးကားတစ်စီးနှင့် ဆိုင်ကယ်တစ်စီး တိုက်မိ၍ ဒသမတန်းကျောင်းသားတစ်ဦး သေဆုံးသွားသည် ဟု အမ်းမြို့ရဲစခန်းမှ ရဲတပ်ကြပ် ထက်ထက်ကျော်စိုးမိုး ကနိရဉ္စရာသို့  ပြောကြားသည်။

အဆိုပါ ယာဉ်တိုက်မှု ဖြစ်စဉ်မှာ ယနေ့ ၁၁ နာရီတွင်ဖြစ်ပွားခဲ့ပြီး အမ်းမြို့သစ်နှင့် မြို့ဟောင်းကိုဖြတ်သွားသည့်လမ်းတွင် ဖြစ်ပွားခဲ့သည် ဟု ဆက်လက်ပြောသည်။

သေဆုံးသူမှာ အမ်းမြို့ အထက ၃ ဒသမတန်း (A)မှ ကျောင်းသား မောင်ဆန်းထက်အောင် ဖြစ်သည်ဟုပြောသည်။

၆ဘီးကားမောင်းလာသူမှာ မောင်လွင်မိုးမောင် (၂၂) နှစ် (ဘ) ဦးခင်မောင်စိန် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ယာဉ်မောင်းအား ပုဒ်မ ၃၀၄ (က) နဲ့အရေးယူဆောင်ရွက်ထားသည် ဟု သိရသည်။

ဓာတ်ပုံ Oo Oo Zaw GaByar fb
မဘုကေ
Narinjara
https://www.facebook.com/Narinjara