Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, July 16, 2017

သင့်ရဲ့ကား ဘေးကင်းလုံခြုံ ရန် ပုံမှန် စစ်ဆေးသင့်သောအချက်များ


သင့်ရဲ့ကား ဘေးကင်းလုံခြုံ ရန် ပုံမှန် စစ်ဆေးသင့်သောအချက်များ ...!

မော်တော်တစ်စီး အစဉ်အမြဲအသင့်ဖြစ်နေ ရန်နှင့် ဘေးကင်းလုံခြုံမှုရှိစေရန် ပြုပြင်ထိန်း သိမ်းမှုဆောင်ရွက်ခြင်းသည် မရှိမဖြစ်လိုအပ်ပါ သည်။ တစ်ခါတစ်ရံမှာ လူမှုရေး၊ စီးပွားရေးကိစ်္စ တွေကြောင့် ကားပြုပြင်ထိန်းသိမ်းရတဲ့အလုပ် တွေကို မေ့လျော့နေတတ်ပါတယ်။
ကားတစ်စီးဘေးကင်းလုံခြုံမှုအတွက် အဓိ ကကျတဲ့အစိတ်အပိုင်းတွေကို ဦးစားပေးပြီး စစ် ဆေးထိန်းသိမ်းသင့်ပါတယ်။ အဲ့ဒီအစိတ်အပိုင်း တွေကတော့...

(၁) ဘရိတ်စနစ်
(၂) ဘောလ်ဂျွိုင်း
(၃) ဘရိတ်ဆီ
(၄) ဘရိတ်ပိုက်လိုင်းများ
(၅) တာယာဘီးများ
(၆) တိုင်မင် Belt ကြိုး
(၇) ကားမီးများ
(၈) ရှေ့မြင်ကွင်း

ဘရိတ်စနစ်

ကားတစ်စီး အန်္တရာယ်ကင်းကင်းမောင်းနိုင် ဖို့ ဘရိတ်စနစ်တွေကောင်းဖို့လိုပါတယ်။ ဘရိတ် စနစ်ကို ပုံမှန်စစ်ဆေးတာ၊ ထိန်းသိမ်းပြုပြင်တာ အားနည်းရင် ဘရိတ်ပြဿ နာကြောင့် ယာဉ် တိုက်မှုဖြစ်တတ်ပါတယ်။ ဘရိတ်စနစ်ဟာ အ ကြိမ်ကြိမ်အလုပ်လုပ်ရတာကြောင့် အချိန်မရွေး ပျက်စီးချွတ်ယွင်းနိုင်ပါတယ်။ ဘရိတ်ပေါက်လို့ လမ်းပေါ်မှာဖြစ်ပွားရတဲ့ ယာဉ်မတော်တဆမှုတွေ များနေတာ သက်သေပါပဲ။
ဘရိတ်ရှူးခြမ်းလိုင်နာများ ပုံမှန်စစ်ဆေးပါ။ ဘရိတ်ဆုံ၊ ဘရိတ်ဝါရှာ၊ ဘရိတ်မာစတာဆုံ ကောင်း၊ မကောင်း ပုံမှန်စစ်ဆေးသင့်ပါတယ်။ ဘရိတ်စနစ်ဆိုတာ ဘရိတ်ပေါက်မှပြင်ရတဲ့ အ မျိုးမဟုတ်ပါဘူး။ ဆာဗိုယူနစ်သုံးတဲ့ ဘရိတ်တွေ မျာ ဆာဗိုမကောင်းရင်လည်း ဘရိတ်တွေမှာ ဆာဗိုမကောင်းရင်လည်း ဘရိတ်အမိနည်းတတ် ပါတယ်။ ABS ဘရိတ်စနစ်မှာလည်း ဆင်ဆာ တွေမကောင်းရင် ABS စနစ် အလုပ်မလုပ်တော့ ပါဘူး။ ဘရိတ်စနစ်မကောင်းရင် ကားတစ်စီးကို ထိန်းကျောင်းမောင်းနှင်ရတာ အရမ်းခက်ခဲပါ တယ်။ ဘရိတ်အမိနည်းနေမှန်းသိလျက်နဲ့ မပြင် သေးဘဲ မှေးမောင်းနေတဲ့အကျင့်ဟာ အန်္တရာယ် ကိုဖိတ်ခေါ်နေတာပဲ။ တောင်ပေါ်လမ်းတွေမှာ မောင်းရတဲ့ကားတွေအတွက် ဘရိတ်စနစ်က ပို အရေးကြီးပါတယ်။

ဘောလ်ဂျွိုင်း

လူစီးကားငယ်တွေမှာ စတီယာရင်စနစ်နဲ့ အောက်ပိုင်းစနစ်မှာ ဘောလ်ဂျွိုင်းတွေတပ်ဆင် အသုံးပြုပါတယ်။ ဘောလ်ဂျွိုင်းစားပြီးချောင်နေ လျှင် လမ်းပေါ်မှာ ကားမောင်းနေရင် ဘောလ် ဂျွိုင်းပြုတ်ထွက်တက်ပါတယ်။ ကားအောက်ပိုင်း စနစ်မှာပါဝင်တဲ့ တိုက်ရော့၊ ဘောလ်ဂျွိုင်း၊ ဂေါ် လီသီးများကို ပုံမှန်စစ်ဆေးသင့်ပါတယ်။ ကား ဘီးအလိုင်းမင့်ချိန်တဲ့အခါမျိုးမှာ အောက်ပိုင်းတွေ ကို စစ်ဆေးသင့်ပါတယ်။ အလိုင်းမင့်မမှန်တဲ့ ကားတစ်စီးမှာ ရှေ့တာယာဘီးတွေအစားမြန်ပါ တယ်။ စတီယာရင်ထိန်းကျောင်းရတာမကောင်း ပါဘူး။ အရှိန်ပြင်း High speed တင်ပြီးမောင်း နေတဲ့အခါမျိုးမှာ ဘောလ်ဂျွိုင်းပြုတ်ထွက်လို့က တော့ ကြီးမားတဲ့ယာဉ်တိုက်မှုကို ရင်ဆိုင်ရနိုင် တယ်။

ဘရိတ်ဆီ

ဘရိတ်စနစ်မှာ ဘရိတ်ဆီက အဓိကအ ရေးကြီးတဲ့အရာဖြစ်ပါတယ်။ ဘရိတ်ဆီလျော့ နည်းနေရင် ဘရိတ်ဖမ်းအားကောင်းဖို့ မသေချာ ပါဘူး။ ဘရိတ်မာစတာဆုံထဲမှာ ဘရိတ်ဆီူနလနူ လျော့နည်းခြင်းရှိ၊ မရှိ ပုံမှန်စစ်ဆေးနေဖို့လိုပါ တယ်။ ဆီလျော့တာ ဆီယိုစိမ့်တဲ့နေရာရှိလို့ဖြစ် ပါတယ်။ အားနည်းချက်ရှိတဲ့နေရာကို တွေ့ အောင်ရှာပြီး အချိန်မီပြင်ဆင်ဖို့လိုပါတယ်။ ဘ ရိတ်ဆီကို ရေရောသုံးတဲ့အလေ့အထဟာ ဘ ရိတ်စနစ်ကိုပျက်စီးစေတဲ့ အကြောင်းတရားဖြစ် ပါတယ်။ ဘရိတ်ဆီထုတ်လုပ်သူက ရေပါဝင်မှု မရှိတဲ့ အရည်အသွေးပြည့် ဘရိတ်ဆီကို ထုတ် လုပ်ထားတာပါ။

ဘရိတ်ပိုက်လိုင်းများ

ဘရိတ်စနစ်မှာ မာစတာဆုံကပို့တဲ့ ဘရိတ် ဆီဖိအားတွေကို ဘရိတ်ဆုအသီးသီးကိုရောက် ဖို့ ဘရိတ်ပိုက်လိုင်းတွေကောင်းဖို့လိုပါတယ်။ ဘရိတ်ပိုက်လိုင်းအဆက်နေရာတွေနဲ့ ဘရိတ် ပိုက်ပျော့အဆက်နေရာတွေမှာ ဆီယိုစိမ့်မှုအများ ဆုံးဖြစ်တတ်ပါတယ်။ ဆီယိုနေတဲ့နေရာကို ရှာ ဖွေစစ်ဆေးဖို့လိုပါတယ်။ ဘရိတ်ပိုက်လိုင်းအ ဆက်များ ဆီမလုံခြင်းဟာ ဟိုက်ဒြောလစ် ဘရိတ်စနစ်အားနည်းချွတ်ယွင်းချက်ဖြစ်ပါတယ်။ ဘရိတ်စနစ်တစ်ခုလုံးကို ပုံမှန်စစ်ဆေးပြီး လို အပ်သလို ပြုပြင်ပေးဖို့လိုပါတယ်။

တာယာဘီးများ

အရှိန်ပြင်းရွေ့လျားနေတဲ့ကားတစ်စီးမှာ တာယာဘီးပေါက်ထွက်လျှင် ယာဉ်မောင်းအနေ နဲ့ ဘယ်လိုမှမထိန်းနိုင်ဘဲ သေချာပေါက် Accident ဖြစ်နိုင်ပါတယ်။ တကယ်တော့ ကားတစ် စီးကိုစီးသွားတယ်ဆိုတာ တာယာဘီးတွေပေါ်မှာ ခွစီးသွားတဲ့သဘောသက်ရောက်ပါတယ်။ လေ မရှိတော့ တာယာတစ်လုံးဟာ ကားတစ်စီးလုံး ရဲ့ဝန်ကိုမထမ်းနိုင်တော့ပါဘူး။ တာယာဆိုတာ ကားတစ်စီးလုံးရဲ့ အလေးချိန်ကိုထမ်းထားပြီး လမ်းမျက်နှာပြင်နဲ့ထိတွေ့နေတဲ့ တစ်ခုတည်း သော အရာဖြစ်ပါတယ်။ လမ်းမျက်နှာပြင်နဲ့ တာ ယာမျက်နှာပြင်ကုတ်အားကောင်းနေဖို့ မှန်ကန် တဲ့ လေပေါင်းဖိအားရှိနေဖို့လိုသလို တာယာပန်း သားတွေလည်းထူးဖို့လိုပါတယ်။ ဒါမှသာ လမ်း မျက်နှာပြင်ပေါ်မှာ လိုရာလမ်းကြောင်းဦးတည် ရာအတိုင်း တာယာက ထိန်းသိမ်းပေးနိုင်ပါလိမ့် မယ်။ အမြန်နှုန်းတစ်ခုနဲ့ရွေ့လျားနေတဲ့ကားတစ် စီးမှာ တာယာဘေးကင်းလုံခြုံရေး (Tire Safety) ဟာ ခရီးသည်တွေရဲ့အသက်တမျှအ ရေးကြီးပါတယ်။ အမြန်လမ်းမကြီးပေါ်မှာ ယာဉ် မတော်တဆမှုတွေ အများဆုံးဖြစ်နေတာ တာယာကြောင့်ပါပဲ။

တာယာတစ်လုံးဘေးကင်းလုံခြုံဖို့ တာယာ လေပေါင်ဖိအားမှန်နေဖို့လိုပါတယ်။ လေပေါင် နည်းနေတဲ့တာယာတစ်လုံးဟာ တဖြည်းဖြည်း ပူလာပြီး နောက်ဆုံးတာယာပွင့်ထွက်သွားနိုင်ပါ တယ်။ တာယာဘီးများအားလုံး လေပေါင်မှန် မှန်ချိန်ဖို့လိုပါတယ်။ လေပေါင်နည်းတာလည်းမ ကောင်းသလို၊ လေပေါင်များလွန်းတာလည်း တာ ယာပန်းသားတွေကို ပွန်းစားမှုမြန်စေပါတယ်။ လေပေါင်များလွန်တဲ့တာယာမျက်နှာပြင်ဟာ ဖောင်းကားနေတာကြောင့် လမ်းနဲ့ထိတွေ့မှုဧရိ ယာနည်းသွားပါတယ်။ အကျိုးဆက်ကတော့ တာယာဘီးကုတ်အားကျဆင်းသွားပြီး ဘရိတ် ဖမ်းအားကိုလျော့နည်းစေပါတယ်။ သက်တမ်း လွန်နေတဲ့ တာယာ၊ ပန်းသားမရှိပြောင်ချောနေ တဲ့တာယာအကွဲအပြဲ အနာအဆာပါနေတဲ့ တာ ယာများဟာ အချိန်မရွေးပွင့်ထွက်နိုင်ပါတယ်။ တာယာတစ်လုံးထမ်းဆောင်နိုင်တဲ့ အများဆုံးဝန် အားထက်ပိုပြီး ထမ်းခိုင်းတာမျိုးရှောင်သင့်ပါ တယ်။ တာယာများကို ရှေ့၊ နောက်၊ အတွင်း၊ အပြင်လှည့်ပြီးတော့သုံးပေးပါ။ တာယာဘီးအ လိုင်းမင့်မှန်မှန်ချိန်ပါ။ ဘီးနက်များတင်းကြပ်မှု သေချာပါစေ။ ခရီးဝေးမသွားမီ တာယာဘီးများ ကို စစ်ဆေးပါ။ လိမ်နေတဲ့တာယာ၊ ကြိုးစပေါ် နေတဲ့ တာယာ၊ နှုတ်ခမ်းကွဲနေတဲ့တာယာ၊ ပန်း ထိုးထားတဲ့တာယာ၊ သက်တမ်းလွန် (out dated) နေတဲ့ ကွန်တိန်နာကျ ဈေးချိုတဲ့တာယာ တွေကို လုံးဝမသုံးသင့်ပါဘူး။ တာယာတစ်လုံး ရဲ့သက်တမ်းဟာ ထုတ်လုပ်တဲ့နေ့ကစပြီး အများ ဆုံး ခြောက်နှစ်လို့သတ်မှတ်ထားပါတယ်။ သက် တမ်းလွန်နေတဲ့တာယာတစ်လုံးဟာ တိုက်ဆွေး တာယာဖြစ်တာကြောင့် ခိုင်ခံ့မှုအားနည်းပါတယ်။ အပေါ်ယံကြည့်ရင်တော့ ပန်းသားအထူးကြီးပဲ။ ဒါပေမဲ့ ခိုင်ခံ့မှုစိတ်မချရပါဘူး။ လုံခြုံမှုမရှိပါဘူး။ တာယာအသစ်ဝယ်ရင် Date ကိုသေချာကြည့် ပြီးဝယ်ပါ။ တာယာလဲရင် အစုံလိုက်အသစ်လဲ ပါ။

တိုင်မင် Belt ကြိုး

အင်ဂျင်တစ်လုံးမှာ တိုင်မင် Belt ကအရေး ကြီးပါတယ်။ Cam shaft ဗားတိုင်မင်မှန်အောင် Timing Belt ကြိုးကလှည့်ပေးရပါတယ်။ တိုင်မင် Belt ကြိုးပျက်သွားလျှင် အင်ဂျင်ထိုးရပ်သွားပါတယ်။ ကားမောင်းနေစဉ်မှာ တိုင်မင် Belt ကြိုးပြတ်ရင် တော့ အင်ဂျင်ထိုးရပ်သွားပါတယ်။ ကားမောင်း နေစဉ်မှာ တိုင်မင် Belt ကြိုးပြတ်ရင်တော့ အင် ဂျင်ကို များစွာထိခိုက်ပျက်စီးစေပါတယ်။ ဗားတွေ ထောက်ပြီးကျိုးသွားနိုင်တယ်။ ကောက်သွားနိုင် တယ်။ Cam shaft ကျိုးနိုင်တယ်။ အင်ဂျင် Head ပါ ကွဲသွားနိုင်တယ်။ ဒါကြောင့် တိုင်မင် Belt ကြိုးကိုမပြတ်ခင် ကြိုတင်လဲဖို့လိုပါတယ်။ တိုင် မင် Belt ကြိုးတစ်ချောင်းသက်တမ်းဟာ ကီလို မီတာ ၈၀၀၀၀ နဲ့ ၁၀၀၀၀၀ ကြားမှာပဲရှိပါတယ်။ ကြိုတင်စစ်ဆေးပြီးလဲပေးပါ။ လမ်းခရီးမှာ တိုင် မင် Belt ကြိုးပြတ်ရင်တော့ ဒုက်္ခကောင်းကောင်း ရောက်မှာသေချာတယ်။ တိုင်မင် Belt ကြိုးကြို တင်လဲနိုင်တာ အကောင်းဆုံးပါ။

စတီယာရင်

စတီယာရင်စနစ်ဆိုတာ ကားတစ်စီးလုံးရဲ့ ပဲ့ကိုင်ဖြစ်ပါတယ်။ စတီယာရင်စနစ်မှာ ပါဝင်တဲ့ အစိတ်အပိုင်းတွေ ပုံမှန်အလုပ်လုပ်နိုင်ဖို့စတီယာ ရင်စနစ်ကို ပြုပြင်ထိန်းထား၊ စစ်ဆေးတာလုပ် ဖို့လိုပါတယ်။ စတီယာရင်အဆက် link များ၊ တိုက်ရော့အဆက်များစားပြီးချောင်းနေပါက စတီ ယာရင်တုန်ခါတတ်ပါတယ်။ ကားထိန်းကျောင်း ရတားလည်းမကောင်းပါဘူး။ ကားအောက်ပိုင်း စနစ် ဘီးအလိုင်းမင့်နှင့် စတီယာရင်စနစ်များဟာ တစ်ခုနှင့်တစ်ခု ဆက်စပ်နေတဲ့အရာတွေဖြစ်ပါ တယ်။ ပါဝါစတီယာရင်စနစ်မှာလည်း ပါဝါပန့်၊ ပါဝါဂန်း၊ ပါဝါဆီလိုင်းများကို ပုံမှန်စစ်ဆေးထိန်း သိမ်းဖို့လိုပါတယ်။

ကားမီးများ

ကားမီးစနစ် (Lighing System) ဟာ ကားတစ်စီး နေ့နေ့၊ ညညလမ်းပေါ်မှာ အန်္တရာယ် ကင်းအောင်မောင်းနှင်ဖို့ အထောက်အကူပြုပါ တယ်။ အချက်ပြမီး၊ ဘရိတ်မီး၊ ရှေ့မီးကြီးစတဲ့ မီးတွေမကောင်းရင် ယာဉ်တိုက်မှုကို ဖိတ်ခေါ် နေတာနဲ့ အတူတူပါပဲ။ နေ့အချိန်ထက် ညအချိန် ကားမီးတွေကောင်းဖို့ ပိုပြီးအရေးကြီးပါတယ်။ ကားမီးစနစ်နဲ့ဆက်စပ်နေတဲ့အရာကတော့ ဒိုင်န မိုနဲ့ ဘက်ထရီပဲဖြစ်ပါတယ်။ ကားမီးတွေကောင်း ဖို့ ဘက်ထရီနဲ့ ချာဂျင်အားသွင်းစနစ်ပါ ကောင်း ဖို့လိုပါတယ်။ ကားမီးများ ပုံမှန်စစ်ဆေးထိန်းသိမ်း ခြင်းဟာ ယာဉ်မောင်းသူတိုင်း ဂရုစိုက်သင့်တဲ့ အရာဖြစ်ပါတယ်။ ကားတစ်စီးမှာ မီးစနစ်တွေ ပြည့်ပြည့်စုံစုံရှိဖို့တာဝန်ဟာ ကားပိုင်ရှင်ရဲ့တာဝန် ဖြစ်ကြောင်း မော်တော်ယာဉ်ဥပဒေမှာ သတ် မှတ်ထားပါတယ်။ ခရီးဝေးမသွားမီ ကားမီးများ၊ ဘက်ထရီနဲ့ ဒိုင်နမိုစသည်တို့ကို စစ်ဆေးပါ။

ရှေ့မြင်ကွင်း

ကားတစ်စီးကို အန်္တရာယ်ကင်းအောင် မောင်းနှင်နိုင်ဖို့ မြင်ကွင်းတွေကြည်လင်ပြတ်သား ရှင်းလင်းဖို့လိုပါတယ်။ ရှေ့လေကာမှန်နဲ့ ကား နောက်ပိုင်းမှန်ပေါ်မှာ အမြင်ကြည်လင်အောင် လုပ်ပေးတဲ့ဝိုင်ဘာတွေကောင်းဖို့လိုပါတယ်။ မှန် ကြည်ဆေးရည်ဖျန်းပေးတဲ့ဝိုင်ဘာတွေကောင်းဖို့ လိုပါတယ်။ မှန်ကြည်ဆေးရည်ဖျန်းပေးတဲ့ washer စနစ်ကောင်းဖို့လိုပါတယ်။ နောက်ကြည့် မှန်တွေလည်းကောင်းဖို့လိုပါတယ်။ ရာသီဥတု ဆိုးဝါးပြင်းထန်နေတဲ့ အခြေအနေမျိုးမှာ ၀ိုင်ဘာ တွေ၊ နှင်းခွဲမီးတွေကောင်းဖို့လိုပါတယ်။ နည်းပ ညာတိုးတက်လာတာကြောင့် တချို့ကားတွေမှာ Back Camera တပ်ဆင်ထားတာကြောင့် နောက်ပိုင်းကွယ်နေတဲ့မြင်ကွင်းတွေကို ရှင်းလင်း ပြတ်သားစွာကြည့်နိုင်ပါတယ်။ ကားနောက်ဆုတ် တဲ့အခါမျိုးမှာ အန်္တရာယ်ကင်းစေပါတယ်။
အထက်မှာဖော်ပြခဲ့တဲ့ အဓိကအစိတ်အပိုင်း ကိုးမျိုးဟာ ကားတစ်စီးအန်္တရာယ်ကင်းရှင်းစေရေး အတွက် ပုံမှန်စစ်ဆေးထိန်းသိမ်းပေးရတဲ့ အရာ တွေပဲဖြစ်ပါတယ်။

Credit: ဆရာ KMA (သိပ်္ပံနှင့်နည်းပညာ)

No comments:

Post a Comment