Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, July 8, 2017

အမျိုးသား(၁)ဦး နေအိမ်အတွင်းရှိ ရေကူးကန်တွင် ရေနစ်သေဆုံးမှုဖြစ်ပွား



၂၀၁၇၊ ဇူလိုင်လ၊ (၈)ရက်နေ့

မရမ်ကုန်းမြို့နယ်၊ (၇)ရပ်ကွက်၊ သလ္လာဝတီလမ်း၊ အမှတ် ၁၆/F (ADမီးပွိုင့်အနီး)တွင် နေထိုင်သူ ကျား………. အသက်(၂၀)နှစ်သည် ဇူလိုင်လ ၈ ရက်နေ့ ယနေ့နံနက်(၈:၃၀)နာရီအချိန်ခန့်တွင်၎င်းနေထိုင်ရာ နေအိမ်အတွင်းရှိ ရေကူးကန်တွင် ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့ပါသည်။

 မရမ်းကုန်းမြို့မရဲစခန်းမှ ဒုရဲအုပ်တစ်ဦးသည် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ဆက်သွယ်အကူအညီတောင်းခံလာသဖြင့် အသင်းမှ နိဗ္ဗာန်ယာဉ်ဖြင့် အသင်းသားများသွားရောက်၍ ကျန်ရှိသော ရုပ်အလောင်းအား မြောက်ဥက္ကလာပဆေးရုံသို့ (အခမဲ့)ပို့ဆောင်ကူညီပေးခဲ့ကြသည်။

သတင်း - မြတ်မိုးအောင်(FFSS)
ဓါတ်ပုံ - ဆန်းထူးအောင်(FFSS)
နာရေးကူညီမှုအသင်း-ရန်ကုန်
https://www.facebook.com/FFSS.YGN/

No comments:

Post a Comment