Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, July 10, 2017

သိပ္ပံပညာရှင်များက စွမ်းအင်သုံးစွဲမှု လုံးဝနီးပါးမရှိသော ကမ္ဘာ့ပထမဆုံး ဘက်ထရီမဲ့ ဆဲလ်ဖုန်းကို ဖန်တီးနိုင်ခဲ့



ဝါရှင်တန် ၁၀-၇-၂၀၁၇

အမေရိကန်နိုင်ငံ ဝါရှင်တန် တက္ကသိုလ်မှ သိပ္ပံပညာရှင်များက စွမ်းအင်သုံးစွဲမှု လုံးဝနီးပါးမရှိသော ကမ္ဘာ့ပထမဆုံး ဘက်ထရီမဲ့ ဆဲလ်ဖုန်းကို ဖန်တီးတည်ဆောက် နိုင်ခဲ့ကြောင်း The Mirror သတင်းစာက ဇူလိုင် ၇ရက်တွင်ရေးသားတင်ပြသည်။

အမေရိကန်နိုင်ငံ သိပ္ပံပညာရှင်များ ဖန်တီးတည်ဆောက် ထားသည့် ဘက်ထရီမဲ့ ဆဲလ်ဖုန်းသည် အလင်းရောင်နှင့် ပတ်ဝန်းကျင် ရေဒီယိုလှိုင်းများမှ ရရှိသော စွမ်းအင်ပမာဏ မိုက်ခရိုဝပ် အနည်းငယ်ဖြင့် ဖုန်းခေါ်ဆိုမှုနှင့် ဖုန်းအဝင်လက်ခံမှုများ ပြုလုပ်နိုင်ကြောင်း သိရသည်။

ထို့ပြင် အမေရိကန်သိပ္ပံပညာ ရှင်များသည် ဘက်ထရီမဲ့ဖုန်း အကြမ်းထည်ကို အသုံးပြု၍ စွမ်းအင် အများအပြားသုံးရန် လိုသည့် စကိုက် (Skype) အက်ပလီကေးရှင်းဖြင့် ဖုန်းခေါ်ဆိုမှုပြုလုပ် ရာတွင်လည်း အောင်မြင်မှုရရှိ ခဲ့သည်။

ဝါရှင်တန်တက္ကသိုလ်မှ ကွန်ပျူတာ ပညာရှင်များနှင့် အီလက်ထရွန်နစ် အင်ဂျင်နီယာများသည် ယနေ့ခေတ် ဆဲလ်ဖုန်းများ၏ အသံပေးပို့မှုစနစ်တွင် အသုံးပြုထားသော စွမ်းအင်ပမာဏအများအပြား သုံးစွဲရသည့် အဆင့်တစ်ရပ် ကို ဖယ်ရှား၍ ကမ္ဘာ့ပထမဆုံးဘက်ထရီမဲ့ ဆဲလ်ဖုန်းကို တည်ဆောက်နိုင်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

PyiChitThar
http://www.pyichitthar.com

No comments:

Post a Comment