Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, July 15, 2017

ရန်ကုန်-မန္တလေး ကားလမ်းတစ်လျောက် ကုန်တင်ယာဉ်များ လုယက်ခံရမှု မကြာခဏဖြစ်ပွားနေ၍ ကုန်တင်ယာဉ်မောင်းများ စိုးရိမ်မှုများရှိနေ



ရေတာရှည် ဇူလိုင် ၁၅

ရန်ကုန်-မန္တလေး ကားလမ်းတစ်လျောက် ညပိုင်းမောင်းနှင် သွားလာလျက်ရှိကြသည့် ကုန်တင် ယာဉ်များအား လုယက်မှုဖြစ်စဉ်များ မကြာခဏဆိုသလို ဖြစ်ပွားလျက်ရှိသည့်အတွက် ယာဉ်မောင်းများ အနေဖြင့် ညအိပ်ရပ်နားသည့်အခါ အထူးသတိပြုနေကြရကြောင်း သိရသည်။
 ''လတ်တလောဖြစ်ပွားတာ ကတော့ ဆွာတိုးဂိတ်ပဲ ဟိုတစ်နေ့ က ဓါးကိုင်ထားတဲ့သူတွေ တိုးဂိတ်ကိုဖြတ်ဖို့စောင့်နေချိန် အတင်း လုတာ ရှေ့ကကားတစ်စီးက နှစ်သိန်းရှစ်သောင်းလောက်ပါသွားတယ် နောက်ကကာကတော့ ဘယ် လောက်ပါသွားတယ်မသိဘူးလက်ကိုဓါးထိသွားတယ်လို့တော့ပြောတယ်''ဟု ဆွာမင်းလမ်းကျေးရွာနေ ကိုမြင့်သိန်းထွန်း ကပြောကြားသည်။

 ဆွာနယ်မြေရဲစခန်းမှ ညဦးပိုင်း၊ ညဥ့်နက်လှည့်ကင်းများဆောင်ရွက် လျက်ရှိနေပြီး ဆွာမြို့တွင်းနှင့် မှန်စီကျေးရွာအနီးရှိ တိုးဂိတ်၌ နံနက်လင်းအာရုံတက်သည်အထိစောင့် ကြည့်ပေးလျက်ရှိသော်လည်း လုယက်သူများမှာ ရဲတပ်ဖွဲ့၏လုပ်ရှားမှုအပေါ်စောင့်ကြည့်ကာ ပြစ်မှုကျူး လွန်ကြခြင်းဖြစ်နိုင်ကြောင်းသုံးသပ်ပြောကြားမှုများလည်းရှိနေသည်။

လက်ရှိအနေအထားအရ နယ်မြေ ရဲစခန်းများတွင် ရဲတပ်ဖွဲ့ဝင်အင်အား နဲပါးသည့်အတွက် ရှိသည့်အင်အားဖြင့် ဖြန့်ခွဲဆောင်ရွက်ရသည့် အခါ အခက်အခဲများကြုံတွေ့နေကြရသည်ကိုတွေ့ရသည်။မြို့ပြအတော်များများတွင် ခိုးမှုများမကြာခဏ ဖြစ်ပေါ်လျက်ရှိရာ ရပ်ကွက်နေပြည်သူများ အနေဖြင့်လည်း မသင်္ကာဖွယ်ရာတွေ့ရှိရပါက နီးစပ်ရာ ရဲစခန်းကို အမြန်ဆုံးဆက်သွယ်၍ ပူးပေါင်းပါဝင်ကြရန်လိုအပ်သည်။

ကိုလွင်(ဆွာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/

No comments:

Post a Comment