Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, June 12, 2017

Rich Dad’s RETIRE YOUNG, RETIRE RICH by Robert T.Kiyosaki


Starting Life Over Again

ရေခဲတောင်တန်းပေါ်မှာရှိတဲ့ အခန်းလေးထဲမှာ ထိုင်ရင်း ကျွန်တော့်ဘဝကို ပြန်သုံးသပ်ကြည့်ဖို့ အခွင့်အရေးရခဲ့တယ်…
ငယ်ငယ်တုန်းက မိုက်မိုက်မဲမဲလုပ်တာတွေ အရည်မရ အဖတ်မရ လုပ်ခဲ့တာတွေကို စဉ်းစားမိတယ်…
ဘဝမှာ ရွေးချယ်မှုတွေ လုပ်ခဲ့တယ်….

အရမ်းကောင်းတဲ့ရွေးချယ်မှု မဟုတ်ပေမယ့်လည်း ရွေးချယ်မှုတစ်ခုစီဟာ ကျွန်တော့်ဘဝကို တဖြည်းဖြည်း ပုံဖေါ်ထုဆစ်ရာမှာ ဘယ်လိုအရေးပါခဲ့သလဲ …စဉ်းစားပါတယ်…
ထိုင်ပြီး တဖြည်းဖြည်း စဉ်းစားကြည့်ရင်း အထက်တန်းကျောင်းသားဘဝကို ပြန်သတိရတယ်..
အတူတကွကြီးပြင်းခဲ့ကြတဲ့သူငယ်ချင်းတွေကို သတိရတယ်….အခုတော့ အဲ့ဒီသူငယ်ချင်းတွေနဲ့ မတွေ့ဖြစ်တော့ပါဘူး…
ကောလိပ်မှာ ခင်မင်ခဲ့တဲ့ သူငယ်ချင်းတွေကို သတိရသွားပြီး၊ အခုအချိန် သူတို့ဘာတွေ လုပ်နေမလဲ တွေးကြည့်မိတယ်…

ကျွန်တော် အခုလိုဘဝရောက်လာအောင် ငယ်သူငယ်ချင်းတွေရဲ့ရိုက်ခတ်မှုတွေ ဘယ်လောက်အထိအရးပါသလဲ…
ဒါဟာ အခုလိုတယောက်ထဲ ထိုင်စဉ်းစားခွင့် မှ ရတဲ့အခွင့်အရေးပါပဲ....
ဖြစ်နိုင်ခဲ့ရင် ကာလယန္တားရားကို စီးပြီး ပြန်ငယ်သွားချင်တယ်….
ငယ်သူငယ်ချင်းတွေနဲ့အတူ ပြန်ဆုံချင်ပါတယ်….

ငယ်ငယ်တုန်းကလို သူတို့နဲ့ ဟက်ဟက်ပက်ပက် ရယ်မောချင်တယ်…
ပြန်ပြီး ငယ်ရွယ်ချင်ပေမယ့် အခုအချိန်မှာတော့ မှတ်ဥာဏ်ထဲမှာပဲ ပျော်ရွယ်ဖွယ်ရာအချိန်တွေကို သိမ်းဆည်းလိုက်ရပါတော့တယ်…
ဓါတ်ပုံရိုက်ပို့ကြ…စာတွေ အပြန်အလှန်ရေးပို့ကြပါလို့ သူငယ်ချင်းတွေကို ပြောချင်ပေမယ့် မတူညီတဲ့လမ်းခရီးတွေမှာ သူတို့ဘဝ သူတို့အလုပ်နဲ့ ရှုပ်နေကြမှာပါပဲ….
……
တလျှပ်လျှပ်တောက်လောင်နေတဲ့ မီးပုံဘေးမှာ ငယ်ဘဝအတိတ်တွေကို ပြန်စဉ်းစားရတာဟာ ပွဲတခုသွားကြည့်ရတာထက် ပိုကောင်းပါတယ်…
အခုလို အားလပ်နေချိန် တယောက်တည်း အထီးကျန်ချိန်ဟာ အတိတ်ကာလရဲ့အဖြစ်အပျက်တွေကို ရှင်းလင်းစွာ ပြန်မြင်ယောင်လာဖို့ တွေးချိန်ရပါတယ်….
ဆိုးရွားတယ်လို့ ထင်ခဲ့တဲ့အချိန်တွေဟာ ထင်ထားသလို မဆိုးခဲ့ပါဘူး…
ကျွန်တော့်ဘဝကို ကျေးဇူးတင်တယ်….

တွေ့ကြုံခဲ့ရတဲ့လူတွေကိုလည်း ကျေးဇူးတင်တယ်…
အကောင်းအဆိုး အဖြစ်အပျက်တွေကို ကျေးဇူးတင်ပါတယ်….
အကြိမ်ပေါင်းများစွာ ရှုပ်ရှုပ်ထွေးထွေးဖြစ်ခဲ့ပေမယ့် ဒါဟာ ကျွန်တော့်ဘဝ၊ ဒီလို သီးသန့်ဘဝလေးကို ကျေးဇူးတင်မိတယ်….

ကျွန်တော်တို့ အားလုံး အကောင်း၊ အဆိုး ဘာမဆိုဖြစ်နိုင်တဲ့ အလားအလာတွေရှိပါတယ်…
ကျွန်တော်တို့အားလုံး ကြီးကျယ်မြင့်မြတ်ဖို့ အခွင့်အရေးတွေ ရခဲ့ကြပါတယ်…
ဒါပေမယ့် ကျွန်တော်တော့ အဲဒီအခွင့်အရေး မရခဲ့ပါဘူး…
ကလေးတုန်းက ထူးချွန်ခဲ့သူတစ်ယောက် မဟုတ်ပါဘူး…
ဂီတပါရမီရှင်လည်း မဟုတ်ပါဘူး…
အားကစားထူးချွန်သူလည်း မဟုတ်ပါဘူး…

လူအုပ်ထဲမှာ ချွန်ထွက်နေတဲ့လူ၊ ပါတီတွေ တက်ဖို့ အဖိတ်ခံရသူလည်း မဟုတ်ခဲ့ပါဘူး….
ပြန်စဉ်းစားကြည့်တော့ ဘဝဟာ အလယ်အလတ်တန်းပါပဲ…
အဲ့ဒီဘဝလေးဟာ ကျွန်တော့်အတွက် အရမ်းကောင်းတယ်လို့ ခံစားရပါတယ်…
……
ကျွန်တော့မိသားစု၊ အားကစားအတူလုပ်ဖက်မိတ်ဆွေဟောင်းတွေ၊ ရည်းစားဟောင်းတွေ၊ စီးပွါးရေးလုပ်ဖေါ်ကိုင်ဖက်ဟောင်းတွေကို စဉ်းစားကြည့်မိပြန်တယ်….
ကျွန်တော့်ရွေးချယ်မှုတွေကို တခုချင်း စဉ်းစားကြည့်ပါတယ်…
အခြားရွေးချယ်မှုကို အဲဒီအချိန်မှာ လုပ်ခဲ့ရင် ဘာဖြစ်မလဲ စဉ်းစားကြည့်ပါတယ်…
ကောလိပ်တုန်းက ရည်းစားဟောင်းကို လက်ထပ်ပြီး၊ သူမဖြစ်စေချင်သလို ကလေးတွေမွေးပြီး ဘဝကို အခြေချခဲ့ရင် ဘာဖြစ်မလဲ….

ပိုက်လော့ဖြစ်ဖို့ မရွေးချယ်ခဲ့ရင်၊ ဗီယက်နာမ်မှာ လေယာဉ်ပျံ မမောင်းခဲ့ရင် ဘာဖြစ်နေမလဲ…
သူငယ်ချင်းအများစုလို စစ်ထဲဝင်ဖို့ ငြင်းဆန်ခဲ့ရင်ရော ဘာဖြစ်မလဲ…
ပိုက်ဆံအိတ်ထုတ်လုပ်တဲ့လုပ်ငန်းကို စတင်လုပ်ကိုင်မယ့်အစား မာစတာတန်းကို ကျောင်းသွားတက်ရင် အခုဆို ဘယ်လိုဖြစ်နေမလဲ….
နောက်ဆုံးပိတ်ထူထောင်တဲ့စီးပွါးရေးလုပ်ငန်း မအောင်မြင်ခင် ကျဆုံးခဲ့တဲ့လုပ်ငန်း ၂ ခုဟာ မကျဆုံးရင် ဘာတွေဖြစ်နိုင်မလဲ…

အခု ကျွန်တော့်မိန်းမ ကင်မ် နဲ့ မတွေ့ဖြစ်ခဲ့ရင် လက်မထပ်ဖြစ်ခဲ့ရင်ရော….
အရမ်းခက်ခဲကြမ်းတမ်းတဲ့ကာလတွေမှာ သူမ ကျွန်တော့်ကို ပစ်ထားခဲ့ရင်ရော ဘယ်လိုဖြစ်မလဲ…
ကျွန်တော့်ဘဝမှာ ကြုံဆုံခဲ့တဲ့ အောင်မြင်ခြင်း၊ ကျဆုံးခြင်းတွေဆီက ဘာတွေ လေ့လာသင်ယူမိခဲ့သလဲ..
အဲဒါတွေက ကျွန်တော် ဘယ်လိုလူစားဖြစ်လာအောင် ပုံသွင်းပေးခဲ့သလဲ….
…….
အတိတ်ကာလကို ပြောင်းလဲလို့ မရပါဘူး…
ဒါပေမယ့် အတိတ်ကာလကို ရှုမြင်ပုံကို ပြောင်းလဲလို့ ရပါတယ်…
ဒါဟာ အမှန်တရားပါ…
အခုအချိန် တောင်ပေါ်မှာ ပိတ်မိနေတဲ့အချိန်အထိ ကျွန်တော့ဘဝဟာ မှုန်ဝါးဝါးပါ..
ဘာမှ ထူးခြားမှု မရှိပါဘူး…

နေ့စဉ်ဘဝဟာ ဖြတ်သန်းသွားချိန်မှာ ကြုံဆုံရတဲ့ လူတွေ…အဖြစ်အပျက်တွေနဲ့ စီစဉ်ထားတာပါ…
ထူးခြားမှု မရှိပါဘူး…
တယောက်တည်း အထီးကျန်စွာရှိနေချိန်လေးမှာ ဘဝလှုပ်ရှားရုန်းကန်ချိန်တွေကို ခဏရပ်ပြီး ပြန်လည် စဉ်းစားခွင့်ကို ပေးပါတယ်…
ဂုဏ်ယူစရာ မရှိတဲ့အဖြစ်အပျက်တွေ အများကြီး ကျွန်တော် လုပ်ခဲ့တယ်…
ဒါတွေကို နောက်တခါ ဘယ်တော့မှ မဖြစ်စေရတော့ဘူး…
အမှားတွေ နောက်တခါ မလုပ်ဖို့ ဆုတောင်းမိပါရဲ့…
မုသားစကားတွေ နောက်တခါ မပြောဖို့လည်း ဆုတောင်းမိပါရဲ့….

ကျွန်တော့်ကို ချစ်ခင်တဲ့မိတ်ဆွေတွေ သူငယ်ချင်းတွေ ရှိခဲ့ပါတယ်…
သူတို့ကို ထိခိုက်အောင် ကျွန်တော် လုပ်ခဲ့ဖူးတယ်…
ကျွန်တော် ချစ်ခင်ရတဲ့မိတ်ဆွေတွေလည်း ရှိပါတယ်…
အသေးအဖွဲ့ကိစ္စလေးတွေကို သဘောထားချင်း မတိုက်ဆိုင်ခဲ့လို့ သူတို့နဲ့ စကားမပြောဖြစ်ကြတော့ဘူး…

ဒီနှစ်တွေအတွင်း အဖြစ်အပျက်တွေဟာ ကျွန်တော့ဘဝမှာ ဘယ်လောက်အထိ အရေးပါသလဲ…
တယောက်တည်း တိတ်ဆိတ်စွာ ထိုင်စဉ်းစားရင်း မိတ်ဆွေဟောင်းတွေ၊ မိသားစုတွေနဲ့ ပြန် ဆက်စပ်မိသွားပါတယ်…
ကျွန်တော့်အတ္တကို ပြန်တွေ့လိုက်ပြီး ဆက်စပ်မိသွားပါတယ်…
ကျွန်တော့ဘဝရဲ့အစိတ်အပိုင်းအဖြစ် အားလုံးကို ကျေးဇူးတင်ပါတယ်….
……
အတိတ်ဖြတ်သန်းမှုအားလုံးကို ကျေးဇူးတင်ပါတယ်လို့ ပြောပြီး၊ အနာဂါတ်အတွက် ပြင်ဆင်သွားနိုင်ပါပြီ…
ဒီအခွင့်အရေးဟာ တစ်ယောက်တည်း ထိုင်စဉ်းစားခွင့်ရလို့ ဖြစ်ပေါ်ခဲ့တာပါ…

#TWH#Translation
( Rich Dad’s RETIRE YOUNG, RETIRE RICH by Robert T.Kiyosaki စာအုပ်မှ ကောက်နုတ် ဘာသာပြန်ပါတယ်… )
https://www.facebook.com/tinwinhtun/posts/10203433983926579

No comments:

Post a Comment