Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, June 28, 2017

Facebook ကို ဒေါ်လာ သန်း ၁၀၀ နဲ့ မလဲခဲ့တဲ့ မက်ဇူကာဘတ်


မက်ဇူကာဘတ် ဟာ Facebook တည်ထောင်သူ ဆိုတာ လူတော်တော်များများ သိကြတယ်..။

ဒါပေမဲ့ အောင်မြင်အောင် ဘယ်လိုရုန်းကန်ခဲ့ရလည်း ဘယ်လို အခက်အခဲတွေ ကျော်ဖြတ်ခဲ့ရလည်း ဆိုတာ သိတဲ့သူ နည်းပါတယ်..။

၂၀၀၄ ခုနှစ်မှာ Facebook ကို စတည်ထောင်တယ် ၂၀၀၅ မှာ သူ့ဘဝရဲ့  အရေးကြီးဆုံး ဖြစ်တဲ့ ဆုံးဖြတ်ချက် တစ်ခုချဖို့ ဖြစ်လာတယ်.။

အဲဒါက ကမ္ဘာကျော် ဟားဘတ်ကျောင်း တက်နေရာက ကျောင်းထွက်မလား ဆက်တက်မလား ဆိုတဲ့ ဆုံးဖြတ်ချက်ပါပဲ..။

ဒါပေမဲ့ သူဟာ ၅ မိနစ်သာ စဉ်းစားပြီး ကျောင်းထွက်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒါဟာ တစ်ခုထဲသော အခက်အခဲမဟုတ် သေးပါဘူး။

Facebook အောင်မြင်စ ပြုလာတဲ့ အခါ အဲဒီအချိန်က အကြီးဆုံး အင်တာနက် ကုမ္ပဏီလို့ ပြောလို့ရတဲ့ Yahoo က Facebook ကို ဒေါ်လာ သန်း ၁၀၀ နဲ့ ဝယ်ဖို့လုပ်ခဲ့တယ်..။

Facebook ပူပေါင်းတည်ထောင်သူ သူ့သူငယ်ချင်းအများစုက ရောင်းလိုက်တာ အကောင်းဆုံး ဖြစ်မယ် ထင်ခဲ့တယ်။

သူတို့ အပျော် စလုပ်ခဲ့တာကနေ ဒေါ်လာ သန်းချီ တန်နေပြီလေ..။ အားလုံး သန်းကြွယ် သူဌေးဖြစ်မဲ့ အခွင့်အရေးလေ..။

ဒါပေမဲ့ မက်ဇူကာဘတ်က တစ်နေ့မှာ Facebook ဟာ ဒီထက် တန်ဖိုးများစွာ ရှိလာမယ်ဆိုတဲ့ သူ့ရဲ့  အိမ်မက်တွေကို ယုံကြည်ပြီး မရောင်းဖို့ ဆုံးဖြတ်ခဲ့တယ်။

အဲလို သဘောထားကွဲရာက တစ်နှစ် အတွင်းမှာ Facebook Management Team က လူအားလုံးနီးပါး အလုပ်က ထွက်သွားကြတယ်။

မက်ဇူကာဘတ်ဟာ အားကိုးရတဲ့ လူတွေထွက်သွားတဲ့ အတွက် သူ့အိမ်မက်တွေကို လက်လျော့ရတော့ မတတ် အခြေအနေဆိုက်ခဲ့တယ်။ ဒါပေမဲ့ သူဟာ အရှုံးမပေးမဲ့ နောက်ထပ်လူသစ်တွေ ထပ်ငှားပြီး ခရီးဆက်ခဲ့တယ်..။

ဒီနေ့မှာတော့ Facebook ဟာ ကမ္ဘာပေါ်မှာ လူအများဆုံး အသုံးပြုတဲ့ ဆိုရှယ်မီဒီယာ တစ်ခု ဖြစ်လာခဲ့ပြီ။

မက်ဇူကာဘတ်ဟာလည်း ၅ ယောက်မြောက် ကမ္ဘာ အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်လာခဲ့တယ်..။

သူ့ရဲ့  ဘဝ ဇာတ်ကြောင်းလေးကနေ ကျနော်တို့ ဘာတွေ သင်ယူနိုင်မလဲဆိုတော့

ဘယ်သူတွေက ဘယ်လိုပဲ ဝေဖန်နေကြပါစေ ..ဘယ်လိုပဲ အပြစ်တွေတင်နေပါစေ..ကိုယ့်အိမ်မက်တွေကို မစွန့်လွှတ်လိုက်ပါနဲ့..ကိုယ့်ယုံကြည်မှုတွေကို မစွန့်လွှတ်လိုက်ပါနဲ့......

ရဲမင်း ( 28/6/2017)

Reference: Born Realist
https://www.facebook.com/photo.php?fbid=10213545460776950&set=a.1926221321298.112868.1415125236&type=3&theater

No comments:

Post a Comment