Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, June 12, 2017

သားဖြစ်သူကို ရိုက်သတ်ခဲ့သော ခင်ပွန်းကို ဇနီးကတိုင်ကြားအမှုဖွင့်


မကွေး ဇွန် ၁၂

မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ် ပင်ဦးရွာတွင် ဇွန် လ ၉ရက်ညက အပြန်အလှန်ရိုက် နှက်မှုဖြစ်ခဲ့၍ သားဖြစ်သူသေဆုံး ခဲ့ခြင်းနှင့်ပတ်သက်၍ သေဆုံးသူ ၏မိခင်က ခင်ပွန်းဖြစ်သူကို ဇွန်လ ၁ဝ ရက်တွင် တိုင်ကြား အမှုဖွင့်ခဲ့ကြောင်း ငဖဲမြို့မရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ ဒေါ်ချင်းမ (ခ) ဒေါ်ပတင် ပင်ဦးရွာနေသူသည် ဇွန်လ ၉ ရက် ည ၁ဝ နာရီက ယာတဲတွင် ခင်ပွန်းဖြစ်သူ ချစ်စိန် (ခ)ဦးချင်း (၅၆နှစ်)နှင့် အတူရှိ နေစဉ် သားဖြစ်သူဗိုလ်အောင်ဒင် (၂၉နှစ်)သည် အရက်မူးယစ်ကာ ပေါက်ပြားကိုင်ပြီး တဲအပြင်မှနေ၍ ပထွေးဖြစ်သူ ချစ်စိန်(ခ)ဦးချင်း အား ဆဲဆိုကြိမ်းဝါးစိန်ခေါ်နေ သဖြင့် ဒေါ်ချင်းမ(ခ) ဒေါ်ပတင် က တဲအပြင်သို့ထွက်ပြီး တားမြစ် စဉ် ချစ်စိန်(ခ)ဦးချင်းသည် တဲ အပြင်သို့ ထွက်လာရာ သားဖြစ်သူ မှ ပေါက်ပြားရိုးဖြင့် ရိုက်နှက်၍ ခင်ပွန်းဖြစ်သူကလည်း အရှည် သုံးပေခန့်ရှိ ဝါးရင်းတုတ်ဖြင့်အပြန် အလှန်ရိုက်နှက်နေသဖြင့် ခင်ပွန်း ဖြစ်သူအားဆွဲခေါ်ကာ ကျေးရွာ အုပ်ချုပ်ရေးမှူးထံသို့ သွားရောက် တိုင်ကြားခဲ့သည်။

 ထို့နောက် ယာတဲသို့မပြန်ဘဲ ဆွေမျိုးတော်စပ် သူ ဒေါ်ချောနေအိမ်၌ ညအိပ်ခဲ့ပြီး နောက် ဇွန်လ ၁ဝ ရက် နံနက် ၇နာရီခွဲတွင် ယာတဲသို့သွားရောက် ပြီး သားဖြစ်သူ၏ အခြေအနေ အားကြည့်ရှုရာ သားဖြစ်သူအား ဦးခေါင်းဝဲဘက် နောက်စေ့တစ် လက်မခန့် ပေါက်ပြဲဒဏ်ရာ တစ် ချက်၊ ဝဲမေးစေ့ပွန်းပဲ့ဒဏ်ရာတို့ဖြင့် အပြန်အလှန်ရိုက်နှက်ခဲ့သည့်နေရာ တွင် လဲကျသေဆုံးနေသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း တရားလို ၏တိုင်ကြားချက်အရ သိရသည်။

ဖြစ်စဉ်နှင့်ပက်သက်၍ ငဖဲမြို့ နယ် မြို့မရဲစခန်းက (ပ)၁၁၃/ ၂ဝ၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃ဝ၂ ဖြင့် အမှုဖွင့်အရေးယူထားသည်။

နွယ်နွယ်(မကွေး)
The Union Daily
https://www.facebook.com/uniondaily.net

No comments:

Post a Comment