Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, June 7, 2017

လူ ၁၀၀ ကျော်လိုက်ပါသွားသည့် တပ်မတော်လေယာဉ် အပျက်အစီးများတွေ့ရှိ


လူ ၁၀၀ ကျော်လိုက်ပါသွားသည့် တပ်မတော်လေယာဉ် အပျက်အစီးများတွေ့ရှိ

By ဒီဗွီဘီ 7 June 2017
ဒီနေ့ မွန်းလွဲပိုင်းမှာ မြိတ်ကနေ ရန်ကုန်ကိုထွက်ခွာလာပြီး ပျောက်ဆုံးနေတဲ့  Y-8-200F အမျိုးအစား တပ်မတော် ပို့ဆောင်ရေးလေယာဉ်ရဲ့ အပျက်အစီးအပိုင်းအစတွေကို တွေ့ရှိထားပြီလို့ တပ်မတော် အရာရှိတဦးက ပြောပါတယ်။

“ထားဝယ်ကမ်းရိုးတန်း ကျောက်နီမော်အနီးမှာ ပျက်ကျသွားတာဖြစ်ပြီး လေယာဉ်ရဲ့ အပျက်အစီးအချို့ကို တွေ့ရှိထားတယ်။”

ပျက်စီးသွားတဲ့ လေယာဉ်ဟာ ကုန်တင်လေယာဉ် အမျိုးအစားဖြစ်ပြီး ကပ္ပတိန် ငြိမ်းချမ်းနဲ့ ကပ္ပတိန် စည်သူဝင်းတို့ မောင်းနှင်လာတာလို့ သိရပါတယ်။

အဲဒီ တပ်မတော်လေ Y-8 လေယာဉ်ဟာ နေ့လယ် ၁ နာရီအချိန်မှာ မြိတ်က ထွက်ခွာလာပြီး နေ့လယ် ၁ နာရီခွဲလောက်မှာ  ထားဝယ်လေကြောင်းထိန်းသို့ သတင်းပို့ထားကာ ရန်ကုန်သို့ ၂ နာရီ ၂၀ မှာ ဆိုက်ရောက်ရမှာ ဖြစ်ပါတယ်။

ပင်လယ်ကို ဖြတ်သန်းနေတုန်း ထားဝယ်လေကြောင်းထိန်းက ရန်ကုန်လေကြောင်းထိန်းနဲ့ ဆက်သွယ်ဖို့ ပြောပြီးနောက်မှာ အဆက်အသွယ်ပြတ်တောက်သွားတာဖြစ်ပါတယ်။

တပ်မတော်ပို့ဆောင်ရေးလေယာဉ်ဟာ မြိတ်မှ ရန်ကုန်သို့  ပြန်လည်ထွက်ခွာ ပျံသန်းလာစဉ် မွန်းလွဲ ၁ နာရီ ၃၅ မိနစ်ချိန် ထားဝယ်မြို့ အနောက်ဘက် မိုင် ၂၀ ခန့်အရောက် ရုတ်တရက် ဆက်သွယ်မှု ပြတ်တောက်ပျောက်ဆုံးနေတာလို့ ကာကွယ်ရေးဦးစီးချုပ်ရုံးက အတည်ပြုသတင်း ထုတ်ပြန်ထားပါတယ်။

လေယာဉ်ပေါ်မှာ မြိတ်လေတပ်စခန်းဌာနချုပ်က စစ်သည်/မိသားစု ၉၀ ဦးနဲ့ လေယာဉ်အမှုထမ်း ၁၄ ဦးအပါအ၀င် ကုန်တန်ချိန် ၂.၄ တန်ခန့် သယ်ဆောင်လာတယ်လို့ လည်းဆိုပါတယ်။

နောက်ဆုံးအဆက်အသွယ်ရရှိတဲ့ နေရာတစ်ဝိုက်ကို တပ်မတော်(ရေ) က စစ်သင်္ဘော ၄ စီး၊ တပ်မတော် (လေ) က လေယာဉ် ၂ စီးတို့နဲ့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

No comments:

Post a Comment