Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, June 26, 2017

ရန်ကုန်မြို့နဲ့ အနီးဆုံး ပင်လယ်ကမ်းခြေ


ရန်ကုန်မြို့နဲ့ အနီးဆုံး ပင်လယ်ကမ်းခြေ

ရန်ကုန်ကနေ သွားမယ်ဆို နေ့ချင်းပြန် သွားလို့ရတဲ့ အနီးဆုံးပင်လယ်ကမ်းခြေ တခုရှိပါတယ် ။

ကမ်းခြေရဲ့ နာမည်က ဆယ်အိမ်တန်း ပင်လယ်ကမ်းခြေပါ ။ အရင် နာမည်ရှိဖူးတဲ့ လက်ခုပ်ကုန်း ပင်လယ်ကမ်းခြေနဲ့ နီးပါတယ် ။ လက်ခုပ်ကုန်း ကမ်းခြေက ဟိုးအရင်တုန်းက နာမည်ရှိခဲ့ပြီး သောင်တွေထွန်းလို့ ခုနောက်ပိုင်းသွားတဲ့သူမရှိတော့ပါဘူး ။ အခု လက်ခုပ်ကုန်းကမ်းခြေနဲ့ မနီးမဝေးမှာ တည်ရှိတဲ့ ဆယ်အိမ်တန်းကမ်းခြေကိုတော့ ရန်ကုန်နဲ့ အခြားအရပ်ဒေသက ခရီးသွားတဲ့သူတွေ တော်တော်လာကြတာတွေ့ရပါတယ် ။

ဆယ်အိမ်တန်း ကမ်းခြေက ဘာတွေထူးခြားသလဲဆိုရင်

( ပုံတွေကို ထောက်ကြည့်လို့ရပါတယ် )

၁ ။ ရန်ကုန်နဲ့ အနီးဆုံးနေရာမှာရှိတယ် ။ နေ့ချင်းပြန် သွားလို့ရတယ် ။
၂ ။ ပင်လယ်စာ လတ်လတ်ဆတ်ဆတ်ရတယ် ။ ရောက်မှ ငါးပုဇွန် ဂဏန်း ကြိုက်ရာလက်ညှိးထိုး ချက်ခြင်းချက်ပေးပါတယ် ။ ဒေသအစာအဖြစ် ငါးသလောက်အိုးမှောက်က နာမည်ကြီးပါတယ် ။ ကြက်သား ကာလသားချက်တို့ ကြွက်ကြော်တို့ အသုတ်တွေ ငါးနီတူကြော်တော်တော်စုံစုံရပါတယ်။
၃ ။ ဈေးနှုန်းသက်သာတယ် ။
၎ ။ ချောင်းမဟုတ် မြစ်မဟုတ်ဘဲ ပင်လယ်ဖြစ်တဲ့အတွက် ရေလှိုင်းစစ်စစ်တွေရှိတယ် ။
၅ ။ လူသူအရောက်အပေါက်နည်းသေးလို့ သဘာဝအတိုင်းပဲ ရှိတယ် ။

ဆယ်အိမ်တန်း ကမ်းခြေနဲ့ ရန်ကုန်ကနေဆို 100 KM (62 မိုင် ) လောက်ပဲဝေးပါတယ် ။ ဘယ်ကနေသွားရသလဲဆိုရင် ဒလ တွံတေး ကော့မှူး ကွမ်းခြံကုန်း လမ်းကနေ သွားရပါမယ် ။ ၃ နာရီလောက်ပဲအများဆုံးမောင်းရပါမယ်။

ပန်းဆိုးတန်းဘက်နေ ဟိုဖက်ကမ်း ဒလကို သဘောင်္နဲ့ကူးပြီး သွားနိုင်သလို ။ လှိုင်သာယာဘက်ကနေလည်း ပန်းလှိုင်တံတား ၊ တွံ့တေးတံတားတွေဖက်ကနေ ဘုရားငုတ်တို လမ်းဆုံ အထိသွား လမ်းဆုံကနေမှ ကော့မှူး ကွမ်းခြံကုန်းလမ်းပေါ်တက်ပြီး သွားလို့ရပါတယ် ။

GPS မှာ Sal Eain Tan ဆို တည်နေရာတွေ့မှာပါ ။

ကော့မှူး ကွမ်းခြံကုန်းလမ်းပေါ် ရောက်ပြီဆို ကွမ်းခြံကုန်း မြို့ထဲထိဝင် မြို့လည် အဝိုင်းထိသွားပြီး အဝိုင်းကိုပတ် ဘယ်ဘက်ကို ချိုးပြီး လက်ခုပ်ကုန်းကမ်းခြေသွားတဲ့ လမ်းအတိုင်း တောက်လျောက်သွားရပါမယ် ။ လမ်းက တလမ်းတည်းရှိတာမို့ မှားစရာမရှိပါ ။ ကွမ်းခြံကုန်းမြို့လည် အဝိုင်းရောက်ရင်လည်း ဆယ်အိမ်တန်း ဘယ်လမ်းကသွားရလည်းမေးမြန်းသွားလို့လည်းရပါတယ် ။

သွားနေတဲ့ ကွန်ကရစ်လမ်းအတိုင်းတောက်လျောက်သွားပြီး လက်ခုပ်ကုန်း ကမ်းခြေကျော်တယ်ဆို
ဆယ်အိမ်တန်းကမ်းခြေမှ ကြိုဆိုပါ၏ ဆိုတဲ့ ဆိုင်းဘုတ် တွေ့ပါလိမ့်မယ် ။ အဲ့ဒီမှာ မြေနီလမ်းတခု ၊ ကွန်ကရစ်လမ်းတခုရှိပြီး ကွန်ကရစ်လမ်းအတိုင်းပဲ တောက်လျောက်ဆက်သွားလိုက်ပါ ။ ကညင်ကုန်း ကျေးရွာကိုရောက်မှာဖြစ်ပြီး ကညင်ကုန်းကျေးရွာ ရွာလည်လမ်းကနေ ဆက်သွားလိုက်ရင် ကညင်ကုန်း ရွာအထွက် မှာ
ကျောက်ဆူးညှိစေတီ တဆူရှိပြီး အဲ့စေတီမြင်တယ်ဆို ဘယ်ဘက်လမ်းကို ချိုးဝင်သွားလိုက်ရင် ဆယ်အိမ်တန်းကမ်းခြေကို တိုက်ရိုက်ရောက်ရှိသွားမှာဖြစ်ပါတယ် ။

အလွယ်ဆုံးနည်းကတော့ ကွမ်းခြံကုန်းထိသွား ကွမ်းခြံကုန်းမြို့လည်အဝိုင်းကနေ အဝိုင်းပတ် ဘယ်ချိုး ၊
ပုံမှာ ပြထားတဲ့ ကွန်ကရစ်လမ်းအတိုင်း တောက်လျောက်သာသွား ကညင်ကုန်းရွာအထက်ကျောက်ဆူးညှိစေတီမြင်မှ ဘယ်ဘက်ကို ချိုးသွားလိုက်ရင် အဲ့ကမ်းခြေရောက်ပါပြီ ။

ဒီကမ်းခြေမှာ လိုအပ်ချက်တွေကတော့ ငွေဆောင်တို့ ချောင်းသာတို့လို့ ရေက ကြည်စိမ်းနေတာမျိုးမဟုတ်ပါဘူး ။ ရေက နည်းနည်းညိုပါတယ် ။ ဒါပေမယ့် ရေသန့်ပြီး ကူးလို့ရပါတယ် ။

ရေတက် ရေကျရှိပြီး ကြားကာလတွေဖြစ်တဲ့ မြန်မာလဆုတ် ၁၁ ၁၂ ၁၃ ၁၄ ၁၅ နဲ့ လဆန်း ၁ ၂ ၃ ၄ ၅ ရက်တွေမှာ ရေတက်ပါသည်။ အဲ့ဒီ ရက်တွေမှာ သွားရင် ပိုအဆင်ပြေမှာပါ။

ရေကျရက်ဆို ဗွက်ထတယ်လို့သွားဖူးတဲ့သူတွေက ပြောပါတယ် ။ ထပ်ဖြည့်ပြောပေးတာပါ ။
ရေအိမ်တွေက တိုက်အိမ်သာတွေမရှိဘဲ သာမာန်ရေလောင်းအိမ်သာတွေပဲရှိပါမယ် ။

နေချင်းပြန်ခရီးသွားတဲ့သူတွေပဲများတာမို့ တည်းခိုစရာနေရာတွေက လက်ခုပ်ကုန်းကမ်းခြေမှာပဲရှိပါမယ် ။

(မူရင်းရေးသားသူအား MP4 YoUမှအထူးလေးစားကျေးဇူးတင်ရှိလျက်)























No comments:

Post a Comment