Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, June 2, 2017

မိဘမ်ားကို ေထာက္ပံ့ရျခင္းအေပၚ ဘယ္ေတာ့မွ ကိုယ္ရည္မေသြးပါနဲ႔


မိဘမ်ားကို ေထာက္ပံ့ရျခင္းအေပၚ ဘယ္ေတာ့မွ ကိုယ္ရည္မေသြးပါနဲ႔

ယေန႔ ျမင္ေတြ႕ရတဲ့လူတစ္ခ်ိဳ႕ေၾကာင့္ ဒီစာေလးကိုေရးျဖစ္တာျဖစ္ပါတယ္။ အသက္(၂၀)ေက်ာ္ (၃၀) နီးပါး၊ အလုပ္အကိုင္ေကာင္းၿပီး မိဘကိုျပန္ေထာက္ပံ့ေနတဲ့သူ၊ မိသားစုထဲက ေမြးခ်င္းေမာင္ႏွမေတြကို
ေထာက္ပံ့ေနတဲ့သူ တစ္ေယာက္ကို ေဘးလူေတြဘယ္လိုျမင္ပါသလဲ ?
 အဲ့လိုလူတစ္ေယာက္ကိုေတြ႕ရင္ လူတိုင္းခ်ီးက်ဴးပါတယ္၊ ေလးစားပါတယ္၊ အားလည္း အားက်က်ပါတယ္။ သူက မိဘကိုလုပ္ေကြ်းေနတာ၊ မိသားစုကိုေကာင္းေကာင္းမြန္မြန္ထားၿပီး လုပ္ေကြ်းေနတာ သားလိမၼာေလး၊ သမီးလိမၼာေလး ေတာ္လိုက္တာ အစရွိသျဖင့္ဆိုၾကပါတယ္။ ဒါေတြက ကိုယ့္ဂုဏ္ကိုေဖာ္ၿပီး ကိုယ္ကလုပ္ေကြ်းေနပါတယ္လို႔မေျပာရင္ေတာင္လူတိုင္းကခ်ီးက်ဴးၿပီးသားျဖစ္ပါတယ္။

လူတစ္ေယာက္က ကိုယ့္ဘဝကို သုညကေန တိုးတက္လာေအာင္ဘယ္လိုႀကိဳးစားခဲ့တယ္ ႐ုန္းကန္ခဲ့တယ္ဆိုတာကို အျခားသူေတြလည္းႀကိဳးစားခ်င္စိတ္ရွိေအာင္ ေျပာျပလို႔ရပါတယ္။ သို႔ေသာ္ မိဘကို လုပ္ေကြ်းေနတာ၊ ဘယ္လိုေထာက္ပံ့ေနတာ၊ ဘယ္ေလာက္ေထာက္ပံ့ေနတာ၊ ေမာင္ႏွမေတြကိုဘယ္လိုေထာက္ပံ့ေနတာ ဆိုတာမ်ိဳးကိုေတာ့ ခဏခဏေျပာေနတာမ်ိဳးက်ေတာ့ ကိုယ္ရည္ေသြးၿပီးေျပာေနရာေရာက္ပါတယ္။ မိဘတိုင္းက သားသမီးမ်ားကို ေမြးဖြားလာတဲ့အခ်ိန္ကစလို႔ အေဖကတစ္မ်ိဳး အေမကတစ္မ်ိဳးလုပ္ေကြ်းျပဳစုလာၾကတာျဖစ္တယ္။ ပညာသင္ဖို႔ေက်ာင္းထားေပးထားတာလည္း မိဘပါ။ လူျဖစ္လာေအာင္ ေမြးဖြားေပးထားတာလည္း မိဘပါပဲ။

မိဘေက်းဇူးဆပ္ဖို႔၊ မိဘကိုျပန္သိတတ္ဖို႔၊ မိဘကိုျပန္လုပ္ေကြ်းဖို႔ သားသမီးတိုင္းမွာတာဝန္ရွိပါတယ္။ ျမတ္စြာဘုရားရွင္ေတာင္ မယ္ေတာ္မိခင္ကိုေက်းဇူးဆပ္တာ ႏို႔ဖိုးေက်ေအာင္မဆပ္ႏိုင္ခဲ့ပါဘူး။ ဒါေၾကာင့္ မိဘေက်းဇူးကိုသိတတ္ပါ။ နားလည္ပါ။ သို႔ေသာ္ ကိုယ္က လုပ္ေကြ်းေနတာပါ၊ ေထာက္ပံ့ေနတာပါ ဆိုၿပီး ပတ္ဝန္းက်င္က လူေတြအျမင္နဲ႔ မိဘအေပၚမွာ ဘယ္ေတာ့မွ ကိုယ္ရည္မေသြးပါနဲ႔။ မိဘကို ေက်းဇူးဆပ္ခြင့္၊ လုပ္ေကြ်းခြင့္ရေနတာ မိဘကိုေက်းဇူးေတာင္တင္ရဦးမွာပါ။

အတၱကင္းၿပီး ကိုယ္ရည္ေသြးျခင္းကင္းတဲ့ သားသမီးေကာင္းေတြျဖစ္ၾကပါေစ။

www.pyittinehtaung.com
https://web.facebook.com/PTHdotcom
Credit: သက္ျမတ္ႏိုးေဝ(ပစ္တိုင္းေထာင္)

#Unicode Version
ယနေ့ မြင်တွေ့ရတဲ့လူတစ်ချို့ကြောင့် ဒီစာလေးကိုရေးဖြစ်တာဖြစ်ပါတယ်။ အသက်(၂၀)ကျော် (၃၀) နီးပါး၊ အလုပ်အကိုင်ကောင်းပြီး မိဘကိုပြန်ထောက်ပံ့နေတဲ့သူ၊ မိသားစုထဲက မွေးချင်းမောင်နှမတွေကို

ထောက်ပံ့နေတဲ့သူ တစ်ယောက်ကို ဘေးလူတွေဘယ်လိုမြင်ပါသလဲ ?

 အဲ့လိုလူတစ်ယောက်ကိုတွေ့ရင် လူတိုင်းချီးကျူးပါတယ်၊ လေးစားပါတယ်၊ အားလည်း အားကျကျပါတယ်။ သူက မိဘကိုလုပ်ကျွေးနေတာ၊ မိသားစုကိုကောင်းကောင်းမွန်မွန်ထားပြီး လုပ်ကျွေးနေတာ သားလိမ္မာလေး၊ သမီးလိမ္မာလေး တော်လိုက်တာ အစရှိသဖြင့်ဆိုကြပါတယ်။ ဒါတွေက ကိုယ့်ဂုဏ်ကိုဖော်ပြီး ကိုယ်ကလုပ်ကျွေးနေပါတယ်လို့မပြောရင်တောင်လူတိုင်းကချီးကျူးပြီးသားဖြစ်ပါတယ်။

လူတစ်ယောက်က ကိုယ့်ဘဝကို သုညကနေ တိုးတက်လာအောင်ဘယ်လိုကြိုးစားခဲ့တယ် ရုန်းကန်ခဲ့တယ်ဆိုတာကို အခြားသူတွေလည်းကြိုးစားချင်စိတ်ရှိအောင် ပြောပြလို့ရပါတယ်။ သို့သော် မိဘကို လုပ်ကျွေးနေတာ၊ ဘယ်လိုထောက်ပံ့နေတာ၊ ဘယ်လောက်ထောက်ပံ့နေတာ၊ မောင်နှမတွေကိုဘယ်လိုထောက်ပံ့နေတာ ဆိုတာမျိုးကိုတော့ ခဏခဏပြောနေတာမျိုးကျတော့ ကိုယ်ရည်သွေးပြီးပြောနေရာရောက်ပါတယ်။ မိဘတိုင်းက သားသမီးများကို မွေးဖွားလာတဲ့အချိန်ကစလို့ အဖေကတစ်မျိုး အမေကတစ်မျိုးလုပ်ကျွေးပြုစုလာကြတာဖြစ်တယ်။ ပညာသင်ဖို့ကျောင်းထားပေးထားတာလည်း မိဘပါ။ လူဖြစ်လာအောင် မွေးဖွားပေးထားတာလည်း မိဘပါပဲ။

မိဘကျေးဇူးဆပ်ဖို့၊ မိဘကိုပြန်သိတတ်ဖို့၊ မိဘကိုပြန်လုပ်ကျွေးဖို့ သားသမီးတိုင်းမှာတာဝန်ရှိပါတယ်။ မြတ်စွာဘုရားရှင်တောင် မယ်တော်မိခင်ကိုကျေးဇူးဆပ်တာ နို့ဖိုးကျေအောင်မဆပ်နိုင်ခဲ့ပါဘူး။ ဒါကြောင့် မိဘကျေးဇူးကိုသိတတ်ပါ။ နားလည်ပါ။ သို့သော် ကိုယ်က လုပ်ကျွေးနေတာပါ၊ ထောက်ပံ့နေတာပါ ဆိုပြီး ပတ်ဝန်းကျင်က လူတွေအမြင်နဲ့ မိဘအပေါ်မှာ ဘယ်တော့မှ ကိုယ်ရည်မသွေးပါနဲ့။ မိဘကို ကျေးဇူးဆပ်ခွင့်၊ လုပ်ကျွေးခွင့်ရနေတာ မိဘကိုကျေးဇူးတောင်တင်ရဦးမှာပါ။

အတ္တကင်းပြီး ကိုယ်ရည်သွေးခြင်းကင်းတဲ့ သားသမီးကောင်းတွေဖြစ်ကြပါစေ။

www.pyittinehtaung.com
https://web.facebook.com/PTHdotcom
Credit: သက်မြတ်နိုးဝေ(ပစ်တိုင်းထောင်)

No comments:

Post a Comment