CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Wednesday, June 14, 2017
အမှုကတော့ စိတ်ဝင်စားစရာကောင်းလာပြီ အိုင်ပီ
အမှုကတော့ စိတ်ဝင်စားစရာကောင်းလာပြီ အိုင်ပီ...
ဇွန်လ ၇ ရက်နေ့က ဘုတ်ပြင်းမှ ရန်ကုန်သို့ ပျံသန်းစဉ် ပျက်ကျခဲ့တဲ့
တပ်မတော်စစ်လေယာဉ် Y-8 - ၅၈၂၀ ပေါ်မှာ ပါဝင်သွားတဲ့ စာရင်းဝင် ၁၂၂ ဦး (စာရင်းမဝင်ဘဲ လိုက်သွားတာ ဘယ်လောက်လဲမသိ) ထဲက
ကြည်း ၅၄၃၂၇၊ ဗိုလ်ကြီးသန်းစိုး (ဗသက-၁၁၂) [ဌာနချုပ်တပ်ခွဲ၊ စကခ (၁၃)] အတွက် သူ အသက်အာမခံထားရှိတဲ့ အောင်မြင့်မိုရ်မင်းအာမခံ
ကုမ္မဏီက ဒီနေ့ မနက် လျော်ကြေးငွေ သုံးသိန်းရှစ်သောင်းခုနှစ်ထောင်
ခြောက်ရာနှစ်ဆယ့်ခုနစ်ကျပ် ( ၃၈၇၆၂၇ ကျပ်) လာပေးတယ်လို့
ဆိုပါတယ်။ တကယ်ထားတဲ့ အသက် အာမခံကြေးငွေ (၁၅) သိန်း
လျော်ကြေး အပြည့်မပေးဘဲ လက်ရှိ အာမခံငွေ သွင်းထားပြီးသလောက်
ကိုသာ လာရောက်ထုတ်ပေးခဲ့တယ်လို့ဆိုပါတယ်။
အာမခံထားရှိတဲ့ အရာရှိတွေရဲ့  လစာထဲကနေ လစဉ် အာမခံကြေးငွေ
ပုံမှန် ဖြတ်ယူပေမဲ့ သက်ဆိုင်ရာ အရာရှိ ကျဆုံး၊ သေဆုံးတဲ့ အခါ
အာမခံကြေး အပြည့်အ၀မပေးဘဲ ခုလိုမျိုး ဗိုလ်ကြီးသန်းစိုး ဖြစ်စဉ်မှာလို
ဖြတ်ယူထားပြီးသမျှ ငွေကြေးကိုသာ ထုတ်ပေးလေ့ရှိတဲ့ အတွက်
အောင်မြင့်မိုရ်မင်းကုမ္မဏီဟာ တပ်မတော်သားအရာရှိတွေကြားမှာ
နာမည်အကြီးအကျယ် ပျက်နေတာကြာပါပြီလို့ စကခ (၁၃) ဌာနချုပ်
အရာရှိတချို့ ကပြောပါတယ်။ ဒါပေမဲ့ အထက်က ညွှန်ကြားချက်
ရှိထားတဲ့အတွက်ရယ်၊ အထက်အာဏာပိုင် တပ်မတော် ထိပ်ပိုင်း
အရာရှိကြီးတွေနဲ့ ရင်းနှီးနားလည်မှုရှိထားတာကြောင့်ရယ် အခုလိုမျိုး
မတရားမှုတွေကို မပြောရဲ၊ အထက်ကို မတင်ပြရဲဘဲ ရှိနေကြတယ်လို့
ဆိုပါတယ်။
အခုလဲ အသက်အာမခံကြေး (၁၅) သိန်းထားထားတဲ့ သွားလေသူ
ဗိုလ်ကြီးသန်းစိုးအတွက် ဒီလောက်ပဲ လျော်ပေးလိုက်ပါလို့ အထက်က
ညွှန်ကြားထားတယ်၊ ကျန်တာ မသိဘူး၊ သိချင်ရင် အထက်ကိုမေး၊
သက်ဆိုင်ရာ အရာရှိအနေနဲ့ အာမခံလျော်ကြေးငွေ (၃၈၇၆၂၇ ကျပ်)
ရရှိကြောင်း လက်မှတ်ထိုးပေးပါဆိုပြီး အာမခံကုမ္မဏီက လာရောက်
ပြောဆိုခဲ့တယ်လို့ ပြောပါတယ်။
ပိုပြီး ၀မ်းနည်းကြေကွဲဖို့ကောင်းတာက သွားလေသူ ဗိုလ်ကြီးသန်းစိုးရဲ့ 
ဇနီး ဒေါ်ရီမြင့်သန်းဟာ ဗိုလ်ကြီးသန်းစိုးကျဆုံးပြီး နောက်တနေ့ ဇွန်လ
(၈) ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့မှာ သားယောင်္ကျားလေးကို
ဖွားမြင်ခဲ့တယ်လို့ ပြောပါတယ်။ ဒေါ်ရီမြင့်သန်းဟာ မီးဖွားဖို့အတွက်
ဆွေမျိုးများရှိရာ ရန်ကုန်ကို ကြိုတင်ရောက်ရှိနေတာဖြစ်ပြီး
ခင်ပွန်းဖြစ်သူ ဗိုလ်ကြီးသန်းစိုးက တပ်မတော်သယ်ယူပို့ဆောင်ရေး
လေယာဉ်နဲ့ လိုက်ပါလာခဲ့ရာက ကြမ္မာဆိုးနဲ့ တိုးပြီး လေယာဉ်ပျက်
ကျရာမှာ ပါဝင်သွားခဲ့ခြင်းဖြစ်တယ်။
ဗိုလ်ကြီးသန်းစိုးဟာ သူ့ ဖေ့စ်ဘုတ်မှာ ချစ်စရာ ကလေးငယ် (၂)ဦးပုံနဲ့
လွန်ခဲ့တဲ့ မတ်လ (၂၀) ရက်နေ့က သူ့ ပရိုဖိုင်းပုံကို ချိန်းပြီး ကြိုတင်
စိတ်ကူးယဉ်ပျော်ရွှင်ခှဲ့ရှာပုံရပါတယ်။ ခုတော့ သူ့ ချစ်ဇနီးက ချစ်စရာ
သားလေးကို သူကျဆုံးပြီး နောက်တနေ့မှာ အောင်မြင်စွာမွေးဖွားနိုင်
ခဲ့တယ်ဆိုတာတောင် သိမသွားရှာပါဘူး ...။
ဒါ့အပြင် သူ အသက်ပေးချစ်ခဲ့တဲ့ တပ်မတော်ထဲက ထိပ်တန်း
အာဏာပိုင် လက်တဆုပ်စာဗိုလ်ချုပ်တစုနဲ့ အရာရှိဆိုးတချို့ က
သူ့ အသက်နဲ့ရင်းပြီး ထားရစ်ခဲ့တဲ့ အသက်အာမခံကြေးလေး
မဖြစ်စလောက် (၁၅)သိန်း ကိုတောင်မှ ကျန်ရစ်သူ မိသားစုနဲ့
မွေးကင်းစ လူမမယ်ခလေးငယ်ရဲ့  မျက်နှာကို မထောက်ထားဘဲ
ရက်ရက်စက်စက် အလွဲသုံးစားပြုရက်တယ် ဆိုတာများ သူသိခဲ့ရင်
ဗိုလ်ကြီးသန်းစိုး ခများ ဘယ်လောက်များ ကျေကျေကွဲကွဲ ခံစားရမလဲ။
ဒီကိစ္စကို ဖွတ်တွေဘက်က ဖာထားပုံက --
"သေဆုံးသွားခဲ့တဲ့ဗိုလ်ကြီးသန်းစိုးဟာ အောင်မြင့်မိုရ်မင်း
အာမခံကုမ္ပဏီမှာ အာမခံပေါ်လစီအမှတ် A 021719 နဲ့
အသက်အာမခံထားရှိငွေ ၅ သိန်းကျပ်တိတိ ထားရှိခဲ့တယ်၊
လူမှုကွန်ယက်မှာ ပြန့်နေသလို ၁၅ သိန်းဆိုတာ (လုံးဝ)
မဟုတ်ပါတဲ့။
-စုစုပေါင်း ၇ လစာပေးသွင်းငွေ ၅၈၃၈၀ ကျပ်ဘဲ ရှိခဲ့သတဲ့။
-မသွင်းခဲ့တဲ့ ၁၃ လ အတွက် ဒဏ်ရိုက်သတဲ့။ ဒါကြောင့် အာမခံထားရှိငွေ ၅ သိန်းမပြည့်လို့ ၃၈၇၆၂၇ ကျပ်ကိုဘဲ အကျိုးခံစားခွင့်ရသတဲ့။"
ဒါ့အပြင် စကခ(၁၃) ဌာနချုပ်တပ်ခွဲမှူးကိုလဲ နိုင်ငံတော်လျှို့ဝှက်ချက်ပေါက်ကြားမှု၊ လိမ်လည်မှုနဲ့ အရေးယူအုံးမတဲ့။
တကယ်တော့ အသက်အာမခံဆိုတာ ကိုယ့်အသက်နဲ့ လောင်းကြေးထပ်ပြီး တရားဝင်လောင်းကစားတာဖြစ်တယ်။ မသေရင် သွင်းထားတဲ့ငွေကို အာမခံ ကုမ္ပဏီက စားမယ်။ သေရင် သွင်းထားတဲ့ငွေရဲ့ ဘယ်နှစ်ဆ ပြန်ပေးမယ် ဆိုပြီး လောင်းကစားတဲ့စနစ်ဖြစ်တယ်။ ပေးသွင်းငွေ မပြည့်ခင် သေချင်လဲ သေမယ်၊ ပေးသွင်းငွေ ပြည့်ပြီးမှ သေချင်လဲသေမယ်။ ဘယ်တိုင်းပြည်မှာမှ ဒီလို အာမခံငွေ မပြည့်ခင် သေလို့ ခံစားခွင့်အပြည့်မရဘူးဆိုတာ မကြားဖူးပါဘူး။ ၅ သိန်းအပြည့်သွင်းရင် သေတော့ ၅ သိန်းဘဲပြန်ရတာလဲ မကြားဖူးပါဘူး။
ဒါ့အပြင် တပ်မှာ လစာထုတ်ကတည်းက အသက်အာမခံကြေး၊ ဦးပိုင်ကြေး၊ ဘာကြေး ညာကြေး ဖြတ်ပြီးသား ဖြစ်တယ်။
စစ်သား ၂ သိန်းဆီက တယောက် ၅ သိန်းစီယူပြီး သေတဲ့စစ်သားအတွက် ပြန်ပေးရရင်လဲ ၅ သိန်းဘဲ ပြန်ပေးရတယ်။ ၂ သိန်းမှာ သေတဲ့နှုန်းကလဲ ဘယ်လောက်ရှိမလဲ။
ဆိုတော့ အင်မတန်ကိုက်တဲ့ စီးပွားရေးလုပ်ငန်းပါဘဲ။
ဘတ်စကားစီးတဲ့လူတွေတောင် အသက်အာမခံကြေးပါတဲ့ ကားလက်မှတ်ကို ကိုယ်ပေါ်မှာတွေ့တွေ့ မတွေ့တွေ့ ကားတိုက်လို့သေတဲ့ထဲပါသွားရင် အသက်အာမခံရတာဖြစ်တယ်။ ဘတ်စ်ကားပိုင်ရှင်က အာမခံတဲ့ထဲလဲ ပါပြီးသားဖြစ်တယ်။ အမြန်လမ်းမှာ အဝေးပြေးလိုင်းကားမှောက်လို့သေတဲ့လူတွေက သိန်း ၃၀ ရသတဲ့။
အောင်မြင့်မိုရ်မင်း ကုမ္မဏီဟာ ၂၀၁၃ ခုနှစ်မှာ တပ်မတော်
အာဏာပိုင်အဆင့်ဆင့်နဲ့ ပူးပေါင်းပြီး တပ်မတော်သား အရာရှိတွေ
အသက်အာမခံထားမယ်ဆိုရင် အောင်မြင့်မိုရ်မင်း အာမခံကုမ္ပဏီမှာပဲ
ထားရမယ်ဆိုပြီး တပ်မတော်ထဲမှာ တရားဝင်ညွှန်ကြားချက်
ထုတ်ထားတယ်လို့ ပြောပါတယ်။
တကယ်တော့ အောင်မြင့်မိုရ်မင်းကုမ္ပဏီဟာ မင်းအောင်လှိုင်သား အောင်ပြည့်စုံရဲ့ ကုမ္ပဏီ ဖြစ်နေပါတယ်။ ဒါကြောင့်...
(ခရက်ဒစ်- မူလတင်သူများ)
အမှုကတော့ စိတ်ဝင်စားစရာကောင်းလာပြီ အိုင်ပီ
Reviewed by MP4 YoU
on
June 14, 2017
Rating: 5
Reviewed by MP4 YoU
on
June 14, 2017
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment