Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, June 2, 2017

အရွယ်မရောက်သေးသူ မိန်းကလေးတစ်ဦးအား ပြည့်တန်ဆာလုပ်ငန်း၌ စေခိုင်းခဲ့သူများအား လူကုန်ကူးမှုဖြင့် အမှုဖွင့်



နေပြည်တော်၊ ဇွန် ၂

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်နေ ဒေါ်------- က ၂၈-၅-၂၀၁၇ ရက် ၁၁၀၀ အချိန်တွင် အမှတ်(၆)လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စုသို့ ရောက်ရှိလာပြီး ၎င်း၏ သမီးဖြစ်သူ မ-----၊ ၁၅ နှစ်အား တစ်ရွာတည်းနေ မသန္တာမှ မြိတ်မြို့၊ တိုးချဲ့ဈေးလမ်းရှိ အနှိပ်ခန်းသို့ခေါ်ဆောင်၍ အတင်းအကျပ် ပြည့်တန်ဆာလုပ်ငန်း ခိုင်းစေနေကြောင်း တိုင်တန်း သဖြင့် မသန္တာပါ (၃)ဦးအား လူကုန်ကူးမှုဖြင့် အရေးယူခဲ့သည်။

ဖြစ်စဉ်မှာ ဒေါ်-------သည် အမှတ်(၆)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု (ရန်ကုန်) သို့ရောက်ရှိလာပြီး ၎င်း၏သမီး မ-----အား တစ်ရွာတည်းနေ မသန္တာ မှ မြိတ်မြို့၊ တိုးချဲ့ဈေးလမ်းရှိ မေတ္တာရှင် အနှိပ်ခန်းသို့ ခေါ်ဆောင်၍ ပြည့်တန်ဆာ လုပ်ငန်း ခိုင်းစေနေကြောင်း တိုင်တန်းသဖြင့် လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့စိတ်(မြိတ်)နှင့် နယ်မြေခံ ရဲတပ်ဖွဲ့တို့ပူး ပေါင်းဖော်ထုတ်ခဲ့သည်။

မေးမြန်းချက်များအရ မ-------အား မသန္တာမှ ၁၁-၅-၂၀၁၇ ရက်နေ့တွင် မြိတ်မြို့ အဝေးပြေးကားကွင်းအတွင်းရှိ ကာရာအိုကေဆိုင်သို့ သီချင်းဆိုသည့် အလုပ်လုပ်ရန်စည်းရုံး ခေါ်ဆောင်သွားကြောင်း၊ ၁၄-၅-၂၀၁၇ ရက်နေ့တွင် မသန္တာ က မေတ္တာရှင် အနှိပ်ခန်းသို့ ဆက်လက် ပို့ဆောင်ခဲ့ကြောင်း၊ ထို့နောက် အနှိပ်ခန်းပိုင်ရှင် သန့်ဇင်နှင့်မန်နေဂျာ အောင်နိုင်ဝင်း တို့က မ------အား အမျိုးသားများနှင့် လိင်ဆက်ဆံရန် စေခိုင်းသဖြင့်ငြင်းဆန်ခဲ့ရာ ခြိမ်းခြောက်ရိုက်နှက်ခြင်းများ ပြုလုပ်ပြီး အခန်းအားသော့ခတ်၍ အမျိုးသားများနှင့် လိင်ဆက်ဆံစေခဲ့ကြောင်း၊ ယင်းအနှိပ်ခန်း တွင် မ--------နှင့်ရွယ်တူ မိန်းကလေး(၃)ဦး၊အသက်(၃၀)ခန့်ရှိ အမျိုးသမီး(၆)ဦးတို့လည်း ပြည့်တန်ဆာအဖြစ် ခိုင်းစေခံနေရကြောင်းသိရှိခဲ့သည်။

စစ်ဆေးပေါ်ပေါက်ချက်များအရ လှိုင်သာယာမြို့နယ်နေသူ မ-------အား ပြည့်တန်ဆာ အဖြစ်စေခိုင်းခဲ့သူ မသန္တာ၊ သန့်ဇင်၊ အောင်နိုင်ဝင်း တို့(၃)ဦးအား မြိတ်မြို့မရဲစခန်း (ပ)၁၁၄၇/၂၀၁၇၊လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ-၂၄ဖြင့် အရေးယူ အမှုဖွင့်ခဲ့ကြောင်း သိရှိရသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia

No comments:

Post a Comment