Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, June 7, 2017

ကွယ်လွန်သူ မတင်မာမိုး ၏ ရုပ်အလောင်းအား မြန်မာပြည်သို့ပြန်လည်ပို့ဆောင်


ကွယ်လွန်သူ မတင်မာမိုး ၏ ရုပ်အလောင်းအား မြန်မာပြည်သို့ပြန်လည်ပို့ဆောင်
ကွယ်လွန်သူ- မတင်မာမိုး အသက် (၂၈) နှစ် သေဆုံးသည့်ရက် – ၂၆-၅-၂၀၁၇ မြန်မာပြည်သို့ပြန်ပို့သည့်ရက် – ၅-၆-၂၀၁၇ သေဆုံးသည့်ရောဂါ -ခိုက်ရန်ဖြစ်ပွားပြီးသေဆုံး သေဆုံးသည့်နေရာ – Seberang Jayaဆေးရုံကြီး မြန်မာပြည်လိပ်စာ-မန္တလေးတိုင်း ရမည်းသင်းမြို့နယ် ပျဉ်းမတောကျေးရွှာမှာနေပါသည်။

မန္တလေးတိုင်း ရမည်းသင်းမြို့နယ် ပျဉ်းမတောကျေးရွာနေ အဖ ဦးသောင်းမြင့် အမိ ဒေါ်ခင်တုတ် တို့၏သမီး
ကွယ်လွန်သူ=မတင်မာမိုးသည် ၂၆-၅-၂၀၁၇ သောကြာနေ့တွင် ခိုက်ရန်ဖြစ်ပွား ပြီးကွယ်လွန်သွားပါသဖြင့် ဒါနကုသလနာရေးကူညီမှု့အသင်း (ပီနန်း-မလေးရှား) မှ အမှု့ဆောင်များသည် ။
ယနေ့ ၅.၆.၂၀၁၇ တနင်္လာနေ့တွင် Seberang Jayaဆေးရုံအအေးတိုက်မှ နေ့လည်၁နာရီ၁၈ မီးနစ်တွင် ထုတ်ယူ သယ်ဆောင်ကာ ပီနန်းလေဆိပ်သို့ပို့ဆောင်ခဲ့ပါသည် ။

ကွယ်လွန်သူ မတင်မာမိုး ၏ ရုပ်အလောင်းကို မနက်ဖန် ၆.၆.၂၀၁ရ အင်္ဂါနေ့တွင် ပီနန်းလေဆိပ် မှ မြန်မာပြည်သို့ပြန်လည်ပို့ဆောင်ပါမည် ။ ရန်ကုန်လေဆိပ်တွင် ရန်ကုန်နာရေးကူညီမှု့အသင်း မှ မတင်မာမိုး ၏ ရုပ်အလောင်းကိုသယ်ဆောင်၍ မန္တလေးတိုင်း ရမည်းသင်းမြို့နယ် ပျဉ်းမတောကျေးရွှာသို့ ပို့ဆောင်ပေးမည်ဖြင့်ပါသည် ။



မတင်မာမိုး ၏ မိသားစုနှင့်တကွ ထပ်တူထပ်မျှ ၀မ်းနည်းရပါကြောင်းနှင့် ကွယ်လွန်သူ မတင်မာမိုး ၏ ရုပ်အလောင်းကို Seberang Jayaဆေးရုံမှ ထုတ်ယူသယ်ဆောင်ရာတွင် လိုက်ပါကူညီပေးကြပါသော ဆွေမျိုး ညီအစ်ကို မောင်နမများ လုပ်ဖော်ကိုင်ဖတ် မိတ်ဆွေသူငယ်ချင်းများ နှင့် ဒါနကုသလ နာရေးကူညီမှု အသင်း (ပီနန်း၊မလေးရှား) အသင်းသူ အသင်းသားများအားလုံး ရန်ကုန်နာရေးကူညီမှု့အသင်း မြန်မာသံရုံး မလေးရှား ပရဟိတအသင်းများအားလုံးတို့ကို အထူးပင်ကျေးဇူးတင်ရှိပါသည်။

နိုးဆော်တိုက်တွန်းချက်



ခန္ခငါးပါး ရုပ်နာမ်တရားများကိုရရှိထားသောလူသားတိုင်း အိုခြင်း၊နာခြင်း၊သေခြင်း တရားများကိုဧကန်မုချကြုံရမည်ဖြစ်၏ ထို့ကြောင့် မလေးရောက်မြန်မာပြည်သူ/သားများ အတွက် နာရေး ကျန်းမာရေးအတွက် အမှန်တကယ်လိုအပ်နေသော အများပြည်သူများကို ကူညီထောက်ပံ့နိုင်ရန်အတွက်ဖွဲ့စည်းတည်ထောင်ထားပါသည်။

အသင်းသို့ လူမျိုးဘာသာမရွေး မည်သူမဆို ဆက်သွယ်အကူအညီတောင်းခံနိုင်ပါသည် ။ အများအကျိုးပြု လုပ်ငန်းရေရှည်တည်တံ့နိုင်စေရန်အတွက် ငွေအားဖြင့်ဖြစ်စေ၊လူအားဖြင့်ဖြစ်စေ တတ်စွမ်းသမျှပါဝင်ကူညီနိုင်ပါကြောင်း လေးမြတ်သော စိတ်ထားဖြင့် နှိုးဆော်တိုက်တွန်းအပ်ပါသည် ။

လိပ်စာ- ဘီအမ် ပလာဇာကုန်တိုက်အနီး
No.48, Jalan Ciku
Taman Ciku
14000 Bukit Mertajam
Penang Malaysia
Email : danakutala2011@gmail.com
နာယကဆရာတော်= ဖုန်းနံပါတ် 0166748409
ကိုဇော်မျိုး= ဖုန်းနံပါတ် 0184650620
ကိုသိန်းစိုး= ဖုန်းနံပါတ် 0167670009
ကိုကျော်ဇင်ထက်= ဖုန်းနံပါတ် 0124345655
ကိုကျော်သူ= ဖုန်းနံပါတ် 0175227455
သို့ …ဆက်သွယ်အကြောင်းကြားနိုင်ပါသည်။
ဒါနကုသလနာရေးကူညီမှုအသင်း ပီနန်း မလေးရှား
Admin မျိုးသိန်း
၅-၆-၂၀၁၇




No comments:

Post a Comment