Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, June 4, 2017

ဗိုလ်ချုပ်အောင်ဆန်းကို တကယ်သတ်တာ ဘယ်သူလဲ




ဗိုလ်ချုပ်အောင်ဆန်းကို တကယ်သတ်တာ ဘယ်သူလဲ

တကယ်တော့ မြန်မာ့သမိုင်းမှာ ဗိုလ်ချုပ်အောင်ဆန်းလို ခေါင်းဆောင်မျိုး
တစ်ဦးတည်း သာ ပေါ်ထွက်ခဲ့တာပါ ။ ဒါပေမယ့် ဗိုလ်ချုပ်ဟာ ၁၉၄၇ ခုနှစ်
ဇူလိုင်လ ၁၉ ရက်နေ့မှာ လုပ်ကြံခံခဲ့ရပါတယ် ။ ဂဠုန်ဦးစောရဲ့ ဦးဆောင်
လုပ်ကြံမှုကြောင့်ပေါ့။ဒါပေမယ့် ဦးစောတစ်ယောက်ထဲရဲ့ အကြံအစည်လား။
သူ့နောက်ကွယ်မှာ ဘယ်သူတွေပါသေးလဲ ။ နောက်ပြီးတော့ ဒီနိုင်ငံတော်
လုပ်ကြံမှုကြီးရဲ့ အစီအစဉ်အသေးစိတ်ကို ပိပိရိရိ ရေးဆွဲသွားခဲ့တာ ဦးစော
တစ်ယောက်ထဲ မဟုတ်လောက်ဘူးဆိုတဲ့ အတွေးတွေ တော်တော်များများ
ရဲ့ ရင်ထဲမှာ ရှိခဲ့ကြပါတယ် ။ ပထမဆုံး သံသယအကြီးကြီးရှိခဲ့သူက ဗိုလ်ချုပ်
ရဲ့သူငယ်ချင်းလည်းဖြစ်၊ ပြည်ထဲရေးဝန်ကြီးလည်းဖြစ်တဲ့ ဦးကျော်ငြိမ်းပါဘဲ။
သူက ဒီလုပ်ကြံမှုရဲ့နောက်ကွယ်မှာ အင်္ဂလိပ်အစိုးရ( ဒါမှမဟုတ်) အင်္ဂလိပ်
စစ်တပ်ပါရမယ်လို့ ယုံကြည်ထားပုံ ရပါတယ်။ အထောက်အထားအရလည်း
ဒီလို လက္ခဏာမျိုးကို တွေ့နေရတာကိုး ။ တောင်ပိုင်းတိုင်း တိုင်းမှူး
ဗိုလ်မှူးချုပ် နက်ရှ်နဲ့ ထောက်လှမ်းရေးမှူးချုပ် ဗိုလ်ချုပ် နိုက်တ်တို့ဟာ
ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ကြီးတွေ လုပ်ကြံခံနေရချိန်မှာ ဗိုလ်ချုပ်
ရုံးခန်းအောက်ထပ်တည့်တည့် ဦးထွန်းလှအောင်ရဲ့ ရုံးခန်းထဲမှာ ရှိနေပါ
တယ် ။ ဒီလောက်သေနတ်တွေနဲ့ ပစ်ခတ်နေတာကို သူတို့ မကြားကြဘူးတဲ့
လား ။ တစ်ခါ အင်္ဂလိပ်စစ်တပ်ကနေ သေနတ်တွေ ခိုးထုတ်တဲ့ကိစ္စ ။

ဇူလိုင်(၇) ရက်နေ့ကတည်းက မြန်မာပြည်ကွပ်ကဲမှုဌာနချုပ်က စစ်ဦးစီးချုပ် ဒုတိယ
ဗိုလ်ချုပ်ကြီးဘရစ်ဆီကို လက်နက်တွေခိုးထုတ်သွားတယ်ဆိုတဲ့ အစီရင်ခံစာ
ရောက်ပြီးသားပါ ။ သူက သူ့လက်အောက်တာဝန်ရှိသူ ဗိုလ်မှူးချုပ်ဂျူခ်ကို
တာဝန်လွဲပေးခဲ့ပါတယ်။ဒါပေမယ့် ဗိုလ်ချုပ်တို့ လုပ်ကြံခံရပြီးလေးရက်အကြာ
မှ ဗိုလ်မှူးချုပ်ဂျုခ်က အဲဒီစာကို သတိရပြီး ပြန်ရှာတယ်တဲ့ ။ ဒီလောက်
အရေးကြီးတဲ့ကိစ္စကို ကမ္ဘာစနစ်အကျဆုံးဆိုတဲ့ အင်္ဂလိပ်စစ်ဗိုလ်ချုပ်တွေက
မေ့နေတယ်ဆိုတာ ဖြစ်နိုင်ပါရဲ့လား ။ တစ်ခါ လက်နက်ခိုးထုတ်ဖို့ ဦးစောကို
ကူညီခဲ့တဲ့ ဗိုလ်မှူးယန်းနဲ့ ဗိုလ်ကြီးဗီဗီယန်တို့အကြောင်း တိုင်စာတစ်စောင်
အင်္ဂလိပ်စစ်တပ်လုံခြုံရေးအရာရှိ ဗိုလ်မှူးဂေါ်ဒွန်ဟန့်ဆီ ရောက်ခဲ့ပါတယ် ။
သူကနေ ဘုရင်ခံရဲ့အတွင်းဝန် ဖလစ်နက်ရှ်ဆီကို အကြောင်းကြားစာ ပို့ခဲ့ပါ
သေးတယ် ။ ဒါပေမယ့် ဘုရင်ခံဟာ သူ့အကြောင်းကြားစာကို မဖတ်လိုက်ရ
ပါဘူး ။ ဘာကြောင့်လဲဆိုတာကို ဘယ်သူကမှ တိတိကျကျ မပြောနိုင်ခဲ့ကြပါ
ဘူး။ ဒါပေမယ့် ဆက်စပ်တွေးလိုက်ရင် ဘုရင်ခံရဲ့ အတွင်းဝန် ဖလစ်နက်ရ်နဲ့
တောင်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်မှူးချုပ် နက်ရှ်တို့ရာ ညီအကိုအရင်းတွေပါ ။
ဒါတွေကြောင့်လည်း ဦးကျော်ငြိမ်းဟာ အင်္ဂလိပ်ကျောထောက်နောက်ခံနဲ့
လုပ်ကြံတာ ဖြစ်ရမယ်ဆိုတဲ့ သံသယနဲ့ ဗိုလ်ချုပ်တို့လုပ်ကြံခံရမှုနောက်ကွယ်
ကို စစ်စစ်ပေါက်ပေါက်လိုက်ခဲ့ပါတယ် ။ ဘယ်လောက်ထိကြိုးပမ်းခဲ့သလဲ
ဆိုရင် ထောင်ထဲမှာ သူ့လူတွေကို ထောင်ကျအယောင်ဆောင်ပြီး မြုပ်နှံ
ထောက်လှမ်းစေခဲ့ပါတယ် ။ ဦးစောအနားမှာ ဗိုလ်လောင်းအောင်မြတ် ၊
ဗိုလ်လောင်းတင်မောင်၊ စာရေးဆရာ အောင်လံတို့ကို ထောင်ကျ နှစ်ကြီး
သမားတွေအဖြစ်နဲ့ ဦးစောရဲ့ ဝေယျာဝစ္စတွေ ကူလုပ်ပေးဖို့ပို့ထားခဲ့ပါတယ်။
ဒီလိုဘဲ ဗိုလ်မှူးယန်းနဲ့ ဗိုလ်ကြီး ဗီဗီယန်တို့နားမှာ ဗိုလ်လောင်း စိုးလှိုင် ၊
ဗိုလ်လောင်း ဥာဏ်မောင်၊ ဗိုလ်လောင်း ကျော်ဇောတို့ကို ပို့ထားခဲ့ပြီး တခြား
လူတွေအနားမှာ သခင်ပန်းမြိုင်နဲ့အဖွဲ့ကို ထားခဲ့ပြီး ထောက်လှမ်းစေခဲ့ပါ
တယ် ။
ဒီလို ထောက်လှမ်းခဲ့တာရဲ့ အဖြေကတော့ ဦးစောတို့ရဲ့ လုပ်ရပ်တွေကို
အစအဆုံးသိနေပြီး နောက်ကွယ်ကနေ ကြိုးကိုင်နေတဲ့ အင်္ဂလိပ်အရာရှိ
တစ်ဦး ရှိနေတယ်ဆိုတာ သိလိုက်ရတာပါဘဲ ။ အဲဒီအင်္ဂလိပ်အရာရှိက
British Council က မစ္စတာ ဘင်ဂလေပါ ။ ဦးစောက ထောင်ထဲကနေ
ဘင်ဂလေဆီကို တိတ်တဆိတ်ဆက်သွယ်ပြီး သူ့ကို ကယ်ဖို့တောင် စာရေး
ပေးခဲ့ပါတယ် ။ တကယ်တော့ မစ္စတာဘင်ဂလေဟာ အင်္ဂလိပ်ထောက်လှမ်း
ရေးပါ။ British Council ဆိုတာက အယောင်ပြပေါ့။ ဦးကျော်ငြိမ်းက အဲဒီလို
လက်ပူးလက်ကြပ်မိနေလို့ မစ္စတာဘင်ဂလေကိုဖမ်းပြီး စစ်ဆေးဖို့ ခွင့်တောင်း
ခဲ့ပေမယ့် ဘုရင်ခံက ခွင့်မပြုပါဘူး ။ ဘုရင်ခံရှေ့မှာတင် ပြည်ထဲရေးဝန်ကြီး
ဦးကျော်ငြိမ်းကိုယ်တိုင် မေးခွန်းမေးခိုင်းပြီး မစ္စတာဘင်ဂလေကို ပြည်နှင်
ဒဏ်ပေးလိုက်ပါတော့တယ်။ ဒီတော့လည်း ကွင်းစအားလုံးပျက်ခဲ့ပါတော့
တယ်။
ဒီအကြောင်းတွေအားလုံးကို BBC က ထုတ်လွင့်လိုက်တဲ့ Who really killed
Aungsan မှတ်တမ်းရုပ်ရှင်မှာ ဖော်ထုတ်ထားပါတယ် ။ ဗိုလ်ချုပ်တို့ လုပ်ကြံခံ
ရတာ ၁၉၄၇ ခုနှစ်ကပါ ။ ဒီလုပ်ကြံမှုကြီးဖြစ်ပွားခဲ့ပြီး နှစ် ၅၀ အကြာ ၁၉၉၇
ခုနှစ်မှာတော့ အင်္ဂလိပ်ထောက်လှမ်းရေးက သူတို့သိမ်းဆည်းခဲ့တဲ့ ချန်ဝှက်ခဲ့
တဲ့ မှတ်တမ်းအားကို ပြည်သူတွေလေ့လာနိုင်အောင် ပွင့်ပွင့်လင်းလင်း
ထုတ်ပြခဲ့တဲ့အထဲမှာ ဗိုလ်ချုပ်အောင်ဆန်းကိုလုပ်ကြံမှုလဲပါနေပါတယ် ။ အဲဒီ
ထဲမှာ စိတ်ဝင်စားစရာအချက်ကလေးပါနေပါတယ် ။ အဲဒါကတော့ ဦးစော
တို့ကို လက်နက်ခိုးထုတ်ခဲ့ပါတယ်ဆိုတဲ့ ဗိုလ်ကြီး ဗီဗီယန်နဲ့ ဗိုလ်မှူးယန်း
တို့ကို ပြည်တွင်း စစ်ဖြစ်နေချိန်မှာ အမျိုးသားသစ္စာဖောက်ကရင်တပ်မတော်
က အင်းစိန်ထောင်ထဲကနေ ကယ်ထုတ်သွားခဲ့ပါတယ် ။ နောက်တော့
တပ်မတော်စစ်ကြောင်းနဲ့ တိုက်ခိုက်မှုတွေဖြစ်ပြီး ၁၉၅၀ ခုနှစ်မှာ ဖာပွန်မြို့
တိုက်ပွဲဖြစ်တော့ အဲဒီတိုက်ပွဲမှာ ဗိုလ်ကြီးဗီဗီယန်ကျဆုံးခဲ့တယ်လို့ နေ့စဉ်
ထုတ်သတင်းစာတွေမှာ ပါရှိခဲ့ပါတယ်။
တကယ်တော့ ဗီဗီယန် တိုက်ပွဲကျတယ်ဆိုတာ မဟုတ်ပါဘူး။ ၁၉၅၄ ခုနှစ်မှာ
ဂျွန်မော်ဂန်ဆိုတဲ့ အမည်သစ်နဲ့ ထိုင်းနိုင်ငံမှာ နေထိုင်ခဲ့ပြီး ၁၉၅၅ ခုနစ်မှာ
အင်္ဂလိန်ကို ပြန်လာခဲ့ပါတယ် ။ ဒါပေမယ့် ဗီဗီယန်နဲ့ ပတ်သက်တဲ့ စာရွက်
စာတမ်းဘာတစ်ခုမှ မရှိတော့ပါဘူး ။ ဒါဟမ် တက္ကသိုလ်မှာ အလုပ်လုပ်ခဲ့ဖူး
တယ်ဆိုလို့သွားစုံစမ်းပြန်တော့လဲ သူနဲ့ပတ်သက်လို့ အဖြူရောင်ကတ်ပြား
လေးတစ်ခုဘဲ ရှိပါတော့တယ်။ အဲဒီကတ်ပြားလေးပေါ်မှာတော့ ၁၉၅၅ ခုနှစ်
သြဂုတ်လ ၁ ရက်နေ့ ပြန်ရောက်တာကလွဲလို့ ဘာမှမရေးထားပါဘူး ။
ဒါပေမယ့် ဗီဗီယန်ရဲ့ ၁၉၅၄ ခုနှစ်က ဒိုင်ယာရီကို ရှာတွေ့တဲ့အခါမှာတော့
စာတစ်ကြောင်းတွေ့ရပါတယ် ။ မြန်မာနဲ့ အင်္ဂလန်အကြားမှာ ဘာပြဿနာမှ
မပွားရအောင် ဗီဗီယန့်ကို ဘာစကားမှ မပြောနဲ့လို့ မှာကြားခဲ့ပါတယ်ဆိုတာ
ပါဘဲ။ ထူးခြားတာကတော့ ဘယ်သူက မှာကြားခဲ့တာမှန်းလည်း မသိ ။
ဘယ်အဖွဲ့ကို ခြိမ်းခြောက်ခဲ့တာမှန်းလည်း မသိပါဘူး ။ ပိုဆိုးတာက ဗီဗီယန်
ဘယ်မှာ ကွယ်လွန်သွားတယ်ဆိုတာ မသိရတာပါဘဲ။ အထက်မှာ တင်ပြခဲ့
တဲ့British Council က မစ္စတာဘင်ဂလေဆိုသူကြီးကတော့ ၁၉၇၉ ခုနှစ်မှာ
ဆော်ဒီအာရေဗျမှာ ကွယ်လွန်သွားခဲ့ပါတယ် ။ သူဟာ ၁၉၄၇ ခုနှစ်မှ
အင်္ဂလန်နိုင်ငံကို ပြန်လာပြီးနောက် တောက်လျောက်ဇာတ်မြုပ်နေခဲ့တာပါ။
အကိုးအကား - စုံနံ့သာ မဂ္ဂဇင်း
ဇာဂနာ
ပြန်လည် မျှဝေပေးပါသည် ။
ငွေစိုး

No comments:

Post a Comment