Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, May 28, 2017

(Piles)လို့ခေါ်တဲ့ လိပ်ခေါင်းရောဂါ အကြောင်း

 အားလုံးပဲ မင်္ဂလာပါ ခင်ဗျ..

ကျွန်တော် ယခုအခါ ဖော်ပြပေးမည့် အကြောင်းအရာလေးကတော့ (Piles)လို့ခေါ်တဲ့ လိပ်ခေါင်းရောဂါ အကြောင်းဖြစ်ပါတယ်။လိပ်ခေါင်း ရောဂါကို နောက်ထပ်(Hemorrhoids)လို့ ခေါ်ဆိုပါတယ်။

ကျွန်တော် သိသလောက်တော့ လိပ်ခေါင်း ရောဂါဟာ အတွင်းလိပ်(Internal Hemorrhoids)အပြင်လိပ်(External Hemorrhoids)ဟူ၍ နှစ်မျိုးရှိပါတယ်။

လိပ်ခေါင်းရောဂါ ဖြစ်ရတဲ့အကြောင်းအရင်းကတော့ ခန္ဓာကိုယ်သွေးလည်ပတ်မှုစနစ်မကောင်းလို့ဖြစ်ရတာပါ။

စအိုအစာပြွန်(anal canal)မှာရှိတဲ့ အထောက်အကူပြု တစ်ရှုး( support tissue)သွေးကြောတွေဟာ သွေးတွေ (coagulated blood)ခဲသွားပြီး စုပြုံ၍ ကျန်ရှိနေခြင်းကြောင့် ဖြစ်ပါတယ်။

ဝမ်းချုပ်တာနဲ့ ၀မ်းသွားတဲ့အခါသွေးပါတယ်ဆိုတာက အခုနကပြောတဲ့သွေးတွေနဲ့ပြည့်နေတဲ့စအိုကအကြောတွေပေါက်ပြဲပြီး ပါလာတဲ့သွေးတွေပါ။

လိပ်ခေါင်းရောဂါဟာ အချို့ကတော့ မျိုးရိုးနဲ့သက်ဆိုင်တယ် မျိုးရိုးလိုက်တယ်လို့ ပြောကြပေမဲ့ ကျွန်တော့်အထင်က မျိုးရိုးလိုက်တယ်လို့ မယူဆချင်ပါဘူး..ဒါဟာ လူတော်တော်များများမှာ ဖြစ်တတ်ပါတယ်။ဒီရောဂါက သေလောက်ကြောက်စရာမကောင်းပေမဲ့ လူကိုတော့ ဒုက္ခပေးတာ အမှန်ပါ။

ဒါပေမဲ့ မစိုးရိမ်​ပါနဲ့... ကျွန်တော် မောင်ခါး ဆေးနည်း ပေးပါ့မယ်။

လိပ်ခေါင်းရောဂါကို ပျောက်ကင်းသက်သာစေသည့် သဘာဝဆေးနည်းတွေ အများအပြားရှိသည့်အနက် အကောင်းဆုံးနဲ့ ဆေးအစွမ်းထက်ပြီးထိ့ရောက်မှုရှိတဲ့ ဆေးနည်းကိုသာ ဖော်ပြပေးချင်ပါတယ်။

(1)Take 2 dry figs (anjeer) and soak in water for whole night. Next morning eat these figs with empty stomach.

သဖန်းသီး ကတွတ်သီး အခြောက် (၂)လုံးကို တစ်ညလုံး ရေစိမ်ထားပေးပါ။နောက်နေ့ နံနက်စောစော နံနက်စာမစားမှီ ဝမ်းဗိုက်အတွင်း အစာမရှိချိန် ရေစိမ်ထားတဲ့ သဖန်းသီးအခြောက်ကို ဆယ်ယူပြီး စားသုံးပေးပါ။(Follow this process for 10 days)(၁၀)ရက်လောက် ဒီနည်းအတိုင်း ပုံမှန်စားသုံးပေးပါက လိပ်ခေါင်းရောဂါကို သက်သာပျောက်ကင်းစေပါတယ်။

(2)Take 1 CAMPHOR and 100 gm Castor oil. Now put Castor oil on high flame for few minutes. Now put Castor oil off the flame and put CAMPHOR in it.
ပရုတ်လုံးတစ်လုံးနှင့်ကြက်ဆူဆီ (၁၀၀)ဂရမ် လိုအပ်ပါမယ်။ကြက်ဆူဆီကို အရင်အဦးဆုံး အနည်းငယ်အပူပေးပါ။အပူပေးအအေးခံပြီးပါက ပရုတ်လုံးကို ကြက်ဆူဆီထဲသို့ရောထည့်ပေးလိုက်ပါ။
မိမိ၏ စအိုဝကို သန့်ရှင်းစင်ကြယ်အောင်ပြုလုပ်ပြီး ဖျော်စပ်ထားသော ကြက်ဆူဆီဖြင့် တစ်နေ့(၂)ကြိမ် စအိုဝအတွင်းသို့ပွတ်လိမ်းပေးပါက အပူလောင်ခြင်း နှင့် နာကျင်ကိုက်ခဲခြင်းများကို ပျောက်ကင်းသက်သာစေပါတယ်။

ဒါကလည်း ကျွန်တော် လေ့လာထားသလောက်သာ ဖော်ပြပေးခြင်းဖြစ်ပါတယ်။အခြားသော ပျောက်ကင်းနိုင်သည့် သဘာဝဆေးနည်းများလည်း ရှိပါတယ်။

ကျေးဇူးတင်ပါတယ်... ကျွန်တော် ဘဝခါးခါးပါ။

ဘဝခါးခါး





No comments:

Post a Comment