Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, May 17, 2017

မုံရွာတက္ကသိုလ်ကျောင်း ပရ၀ုဏ်အတွင်း ခိုးယူခံရသော ဆိုင်ကယ်(၃၁) စီး ပြန်ပေးမည်

ခိုးရာပါ ဆိုင်ကလုန်း ဆိုင်ကယ်ပိုင်ရှင်များ သိရှိစေနိုင်ပါရန် အကြောင်းကြားလိုက်တယ်
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာတက္ကသိုလ်ကျောင်း ပရ၀ုဏ်အတွင်း ခိုးယူခြင်းခံလိုက်ရသော ဆိုင်ကလုန်း ဆိုင်ကယ်များနှင့် ပတ်သက်၍ မုံရွာနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက ဆိုင်ကယ်ခိုးယူသူနှင့်အတူ ခိုးရာပါ ဆိုင်ကလုန်း ဆိုင်ကယ်(၃၁) စီးအား အမှုဖြင့် လက်ရဖမ်းဆီးထားခဲ့ပါတယ်။

အဆိုပါ ဆိုင်ကယ်ခိုးယူခဲ့သူအား တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရန်အတွက် အမှုဖြင့်စစ်ဆေးဆောင်ရွက်ခဲ့ပြီးနောက် ခိုးရာပါဆိုင်ကယ်များ လက်လွဲရောင်းချထားသည့် အနယ်နယ် အရပ်ရပ်သို့ သွားရောက်၍ ပြန်လည်သိမ်းဆီးခဲ့ပါတယ်။ ထို့နောက် အမှုတွဲများတည်ဆောက်၍ တရားစွဲဆိုနိုင်ရန် အပူတပြင်းလုပ်ဆောင်ရပါတယ်။

ယခုအခါ အဆိုပါ ဆိုင်ကယ်ခိုးယူမှုအား မုံရွာမြို့နယ်တရားရုံးတွင် တရားစွဲဆိုလျက်ရှိရာ ခိုးရာပါ ဆိုင်ကလုန်း ဆိုင်ကယ်ပိုင်ရှင်များအနေဖြင့် မိမိတို့၏ ဆိုင်ကယ်များအား နည်းစနစ်တကျ ပြန်လည်ထုတ်ယူရရှိနိုင်ရန်အတွက် လာမည့် (၂၃ .၅. ၂၀၁၇) ရက်နေ့တွင် မုံရွာမြို့နယ်တရားရုံးသို့ ဆိုင်ကယ်နှင့်ပတ်သက်၍ ယာဉ်မှတ်ပုံတင် စာရွက်စာတမ်း အထောက်အထား အချက်အလက်များ မူရင်းနှင့် မိတ္တူယူဆောင်၍ ရုံးချိန်အတွင်း လာရောက်ကာ နည်းစနစ်တကျ တင်ပြလျှောက်ထား ထုတ်ယူနိုင်ကြောင်း အသိပေးအပ်ပါတယ်။

ဒီလိုထုတ်ယူရာမှာ အခေါက်ခေါက်အခါခါ မဖြစ်စေရဖို့ ဆိုင်ကယ်နဲ့ပတ်သက်တဲ့ စာရွက်စာတမ်းတွေ တပါတည်းယူဆောင်ခဲ့ကြဖို့ မမေ့ကြရန် ထပ်ဆင့်၍ နှိုးဆော်လိုက်ရပါတယ်..။

ရဲအုပ် ရဲအောင်
မုံရွာနယ်မြေ ရဲစခန်းမှူး

No comments:

Post a Comment