Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, May 20, 2017

စနေသားသမီးတွေအကြောင်း တစေ့တစောင်း

သင်ဟာ စနေသားသမီးတစ်ဦးဖြစ်နေတယ်ဆိုရင်တော့ အောက်မှာ ဖော်ပြထားတဲ့ အချို့ စိတ်နေသဘောထားလေးတွေနဲ့ သင့်နဲ့ တိုက်ဆိုင်မှု ရှိ၊မရှိ ဖတ်ကြည့်ပေးသွားပါနော်။

- စနေသားသမီး တော်တော်များများဟာ ကိုယ်အရမ်းယုံကြည်ရတဲ့သူအပေါ် အလွန်ကောင်းမွန်စွာ ဆက်ဆံတတ်ပြီး သူတို့နဲ့ပတ်သတ်တဲ့ စိတ်ခံစားချက်က အလွန်အမင်း လေးနက်လွန်းပါတယ် ။

- စိုးရိမ်တတ်ပြီး တစ်ခါတစ်ရံမှာ အတိတ်က ဝမ်းနည်းစရာ ကိစ္စတွေကို ပြန်ပြန်တွေးပြီးတော့လည်း စိတ်မကောင်းဖြစ်နေတတ်ကြတဲ့ သူတွေပါ။

- ဘယ်လုပ်ငန်းမှာမဆို လုပ်တဲ့အလုပ်ပေါ်မှာ အကောင်းဆုံးလုပ်တတ်ကြပါတယ် ။

- သူတို့တွင် ကိုယ်ပိုင်စတိုင်လ်ရှိပြီး အဆင့်တန်းမြင့်မြင့် နေရတာကို နှစ်သက်တတ်ကြပါတယ် ။ အဝတ်အစားဝတ်တဲ့အခါ ဘယ်သွားရင် ဘယ်လို၊ ဘယ်ပွဲအတွက် ဘယ်လိုဝတ်မယ်ဆိုတာ ကြိုတင်ပြီး အစီအစဉ်ချလေ့ ရှိကြပါတယ် ။

- ဒေါသထွက်လွယ်သော်လည်း ခဏလေးနဲ့ ပြေသွားလေ့ရှိပါတယ် ။

- တစ်ခါတစ်လေမှာ အခြားလူတွေ ဘာပြောပြော ကိုယ်လုပ်တာဟာ အမှန်ပဲလို့ ထင်တတ်တဲ့ စိတ်ကိုတော့ ထိန်းချုပ်ရ ခက်ပါတယ် ။ ခေါင်းမာတယ်လို့ ပြောရမလားပါပဲ။

- ခေါင်းမာရုံမက လူတွေအားလုံးကိုလည်း ယုံကြည်လေ့သိပ်မရှိပါဘူး ။ ဘယ်လောက်ပင် အခင်ဆုံး သူငယ်ချင်း ၊ လုပ်ဖော်ကိုင်ဖက် ဖြစ်ပါစေ ၊ အယုံအကြည်မလွယ်တတ်ပါဘူး ။ ဒ့ါကြောင့် သူတို့ဟာ သူငယ်ချင်းပေါင်းတဲ့အခါမှာလည်း အများကြီးကို လေ့လာအကဲခတ်ပြီးမှသာ အပေါင်းအသင်း လုပ်ကြတာပါ။ ဒ့ါကြောင့် သူတို့က သင့်ကို ယုံတယ်ဟုပြောလျှင် ဝမ်းသာလိုက်ပါ ။ သူတို့ ယုံကြည်နိုင်တဲ့သူက ရှားလို့ပါ ။

Credit - (ရွှေအင်းလေး)

No comments:

Post a Comment