Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, May 5, 2017

ရေကန်တောင် ကန်အမှတ်(၇)တွင် အမျိုးသားတစ်ဦး ရေနစ်သေဆုံး



5-5-2017

လားရှိုးမြို့ ရေကန်တောင် ရေပေးဝေရေးကန်အမှတ်(၇)တွင် အမျိုးသားတစ်ဦး ရေနစ်မြုပ်ကြောင်း လားရှိုးမြို့နယ် မီးသတ်တပ်ဖွဲ့သို့ မေလ ၅ ရက်နေ့  နေ့လည် ၂း၀၀ အချိန်တွင် ဆက်သွယ်အကြောင်းကြားလာသဖြင့် တပ်ဖွဲ့ဝင်များမှ သွားရောက်ကူညီရှာဖွေခဲ့ရာ ညနေ ၆း၁၅ အချိန်ခန့်တွင် သေဆုံးလျက်ရှာဖွေတွေ့ရှိပြီး ဆယ်ယူနိုင်ခဲ့ကြောင်းသိရသည်။


ရေနစ်သေဆုံးသူမှာ လားရှိုးမြို့ ရပ်ကွက်(၄) နယ်မြေ-၁၆ တွင်နေထိုင်သူ အသက်(၄၀)ခန့်ရှိ ဦးသိန်းနိုင်ဦး ဆိုသူဖြစ်ကြောင်းသိရသည်။

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့(လားရှိုးမြို့)
Nay Myo (Lashio News)

No comments:

Post a Comment